လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီ လာရောက်စခန်းချ

သျှမ်းပြည် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်ရောက်စခန်းချသဖြင့် ဒေသခံများ စိုးရိမ်ကြောက်လန့် နေကြကြောင်း သတင်းရရှိသည်။

ရွာသားများ စစ်ရှောင်လာစဥ်

မတ်လ ၁၄ ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ဖာပလန်ကျေးရွာ နှင့် လွယ်ငင်းကျေးရွာတို့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူပြီး ရွာအဝင်အထွက်လမ်းများကို ပိတ်ကာ ရွာသားများကို စစ်ရှောင်သွားခွင့် မပြုသည့်အကြောင်း ဒေသခံများက ပြောသည်။

“မနေ့က စစ်သားတွေ ဖာပလန်ရွာထဲကို ရောက်လာတယ်၊ တချို့က လွယ်ငင်းရွာဘက် နေရာသွားယူနေတယ်၊ တိုက်ပွဲက ငြိမ်သွားပေမဲ့ အခုလို စစ်သားတွေ ထပ်ရောက်လာတော့ ကြောက်ကြတာပေါ့၊ အဲ့ကြောင့် ရွာသားတွေ က စစ်ရှောင်သွားချင်တယ်၊ ဒါပေမဲ့ စစ်သားတွေက မသွားခိုင်းဘူး၊ လမ်းတွေလည်း ပိတ်ထားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ရွာသားများ စစ်ရှောင်လာစဥ်

ပြီးခဲ့သည့် (မတ် ၁၂) ရက် နံနက် ၆ နာရီခွဲ ဝန်းကျင်မှစတင်ကာ လားရှိုးခရိုင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာ အုပ်စု ခုံစုံ (ကုန်းဆုံ) ရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ များနှင့် စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ခုံစုံ (ကုန်းဆုံ) ရွာခံများက စစ်ရှောင်ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ရှောင်များသည် နမ့်ပေါင်ရှိ ဝေဠုဝန်ကျောင်း နှင့် နမ္မဘောဓိတို့ဘက် စစ်ရှောင်ရောက်ရှိနေကြပြီး မွေးကင်းစ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများလည်းရှိကြောင်း နမ့်ပေါင်သို့ ဝေဠုဝန်ကျောင်းသို့ ရောက်လာသည့် စစ်ရှောင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ စစ်ရှောင်လာရတာ တချို့က ဘာပစ္စည်းမှ မရခဲ့ကြဘူး၊ စစ်ရှောင်လာရတဲ့ မွေးကင်းစ ကလေးငယ် တစ်ဦးကလည်း အန်လာလို့ လားရှိုးဆေးရုံကို ပို့ရတယ်၊ တချို့ သက်ကြီး ရွယ်အိုတွေကလည်း မူးဝေ၊ အော့အန်၊ သွေးတိုးတာ ဖြစ်ကြတယ်၊ တချို့ကလည်း နမ္မ ဘောဓိဘက် စစ်ရှောင်သွားကြတယ်”ဟု အထက်ပါ စစ်ရှောင် အမျိုးသားကဆိုသည်။

ရွာသားများ စစ်ရှောင်လာစဥ်

လက်ရှိတွင် စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးမှုများ ရှိသော်လည်း ကျန်းမာရေး ဆိုင်ရာ ကူညီစောင့်ရှောက်မှု လိုအပ်ကြောင်း စစ်ရှောင်များက ပြောဆိုနေကြသည်။

ထို့အပြင် နေအိမ်စွန့်ခွာပြီး စစ်ရှောင်လာရသည့်အတွက် ကျန်ခဲ့သည့် လုပ်ငန်းခွင်များ ၊ အိမ်များ ၊ အိမ်မွေး တိရစ္ဆာန်များကိုလည်း စိုးရိမ်သည့်အတွက် နယ်မြေအမြန် ငြိမ်းချမ်းပြီး အိမ်ပြန်ချင်တဲ့အကြောင်းလည်း ၎င်းတို့က ပြောဆိုကြသည်။

မတ် ၁၂ ရက် နံနက် ၆ နာရီခွဲတွင်လည်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု ကုန်းဆုံရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့် တပ်ဖွဲ့ ( MNDAA ) နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲ ဖြစ်ပွားရာ နယ်မြေအတွင်းတွင် ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ရက္ခိုင့် တပ်မတော် (AA ) တပ်ဖွဲ့နှင့် သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့က သွားလာလှုပ်ရှားနေကြကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၁ ရက်တွင်လည်း လားရှိုးခရိုင်ရှိ မိုင်းရယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စပြီး ဒီဇင်ဘာ (၃၁) ရက်ထိ တစ်နှစ်ကြာ အပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီတပ်၏ တိုင်းရင်းသား ဒေသများထံ တိုက်လေယာဥ် ဖြင့် ထိုးစစ်ဆင်မှု နှင့် စစ်မြေပြင် ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...