ရွှေ့ပြောင်းအလုပ်သမား
မဟာချိုင်တွင် မြန်မာ ၁၃၀ ကျော် ဖမ်းဆီးခံရမှုကြောင့် ပန်းရောsင်ကဒ်ထုတ်ပေးသည့် လုပ်ငန်းစဉ် ရပ်တန့်ဆိုသည့် သတင်းအမှား
AAC မဟာမိတ်အဖွဲ့ ကိုရဲမင်းမှ ခေါ်ဆောင်လာသော တရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၃၀ ကျော် ဖမ်းဆီးခံရပြီးနောက် ပန်းရောင်ကတ် လျှောက်ထားခွင့်များလည်း ပိတ်သိမ်းလိုက်ရကြောင်း သတင်းအမှား ဖြန့်ချိနေသည်။ အဆိုပါအကြောင်းအရာကို အောက်တိုဘာလ ၁၇ ရက်နေ့က စစ်တပ်ဝါဒဖြန့်တယ်လီဂရမ် ချန်နယ်တစ်ခု ဖြစ်သည့် နေပြည်တော် ချန်နယ်မှ ဖြန့်ဝေခဲ့ပြီး...
တရားမဝင် ရွှေ့ပြောင်းလုပ်သားများ ဘတ်(မှတ်ပုံတင်)အသစ်လုပ်ရန် ခေတ္တရပ်ဆိုင်း
ထိုင်းနိုင်ငံတွင် တရားမဝင်သော ရွေ့ပြောင်းအလုပ်သမားများကို ဘတ်အသစ်ရိုက်ပေးမည့် လုပ်ငန်းစဉ်အား ခေတ္တရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာက ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ထိုင်းနယ်စပ်အခြေအနေ မတည်ငြိမ်မှုနှင့် ထိလွယ်ခိုက်လွယ်သော နယ်စပ်ပြဿနာများကြောင့် ဘတ်အသစ် လုပ်ငန်းစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အဆိုပါဘစ်အသစ်ရိုက်ပေးမည့် လုပ်ငန်းစဉ်ကို မည်သည့်ရက်တွင်...
ပိုးသတ်ဆေးနံ့အောက်မှာ အနာဂတ် လမ်းပျောက်သည့် — မြန်မာခြံလုပ်သားများ
စိမ်းလန်းစိုပြေနေသော ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ လိမ္မော်စိုက်ခင်းထဲတွင် ပိုးသတ်ဆေး အနံ့များမှာ ပြင်းရှရှ။ ထိုစူးရှပြင်းပြလှသည့် ပိုးသတ်ဆေးအနံ့ကို တစ်ကြိမ်တစ်ခါမျှ မရင်းနှီးသည့် လူတစ်ဦးအနေဖြင့် ရုတ်တရက် ရှူရှိုက်မိလျှင် မူးဝေသွားနိုင်သည်။ သို့သော် လိမ္မော်စိုက်ခင်းအတွင်း အလုပ်လုပ်နေကြသည့် သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည် ထိုပိုးသတ်ဆေးအနံ့ကို နေ့စဉ်ရှူသွင်းနေရသဖြင့် ယဉ်ပါးနေပြီ ဖြစ်သည်။ ထိုဒေသသည် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ချင်းမိုင်မြို့ မြောက်ဘက်...
ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ
SHAN -
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Mae Rim မြို့နယ်ရှိ ဈေးတစ်ခုတွင် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ ရက်နေ့တွင် Mae Rim မြို့နယ်ရှိ ဈေးတစ်ခု၌ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေကြောင်း...
အမျိုးသမီးလုပ်သားများ ဓမ္မတာလာရက်ကို လုပ်အားခမဖြတ်ဘဲ နားခွင့်ပြုရန် ထိုင်းအစိုးရအတည်ပြု
SHAN -
ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးလုပ်သားများ ဓမ္မတာလာသည့်ရက်ကို ခွင့်ယူရာတွင် လုပ်အားခဖြတ်တောက်ခြင်းမရှိဘဲ အလုပ်နားခွင့်ပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ကြေညာလိုက်သည်။ ထို့အပြင် အမျိုးသမီးများ ဓမ္မတာလာချိန် အသုံးပြုရသည့် ပစ္စည်းများ (Pads)ကို လုပ်ငန်းခွင့်အတွင်း အခမဲ့စီစဉ်ပေးထားရန်လည်း အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်များကို ညွှန်ကြားထားသည်။ နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့တွင်...
ထိုင်းနိုင်ငံအတွင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့် မြန်မာနိုင်ငံသား ၂၂ ဦး ဖမ်းဆီးခံရ
SHAN -
ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် ဆန်ခလာဘူရီတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွင် တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများရှိနေကြောင်း ထောက်လှမ်းရေး သတင်းများ ပေးပို့ချက်အရ မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းအာဏာပိုင်းများက ယမန်နေ့ (မေလ...
ဘန်ကောက် ဆောက်လက်စ မိုးမျှော်တိုက် ပြိုကျသည့်အပျက်အစီးထဲ လူ ၈၁ဉီး ပျောက်ဆုံးပြီး၊ ၃ဉီးသေဆုံး
SHAN -
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Chatuchak ခရိုင်ရှိ ဆောက်လက်စတိုက်သစ် သည် ယနေ့ (မတ် ၂၈)ရက် ထိုင်းစံတော်ချိန် ၁နာရီခွဲတွင် အင်အားပြင် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျခဲ့ပြီး၊ ၎င်းအဆောက်အဉီ၏ အပျက်အစီးများအောက်တွင် ပျောက်ဆုံးသူ ၈၁ဉီးရှိပြီး သေဆုံးသူ ၃ဦး ရှိကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများဖော်ပြချက်အရသိရသည်။ ပြိုကျသွားသည့် အဆောက်အဉီ၏...
ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များမှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များက ယခုရက်ပိုင်း ရှောင်တခင် စစ်ဆေးမှု ပြန်လည်ပြုလုပ်နေပြီး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုလိုက်သည်။ ယနေ့ (မတ် ၂၆ ရက်) နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင်...
ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမား လူငယ်၂ ဦး ရိုက်နှက်ခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့သို့ လာရောက်အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမား လူငယ် ၂ ဦး ကို အမည်မသိ ထိုင်းနိုင်ငံသားလူငယ်အုပ်စုက ဝိုင်းရိုက်သဖြင့် ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၁၀ ရက် ညသန်းခေါင်ချိန်တွင် အဆိုပါရွှေ့ပြောင်းအလုပ်သမား အသက် (၂၀) ဝန်းကျင် လူငယ် ၂ ဦးသည်...
ချင်းမိုင်တွင် တရားမဝင်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ကို ဖမ်းဆီးရမိကြောင်း Chiangmai Immigration က သတင်းထုတ်ပြန်သည်။ ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ပြီး ချင်းမိုင်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများအား စစ်ဆေးခဲ့ကြောင်း...






