ထိုင်း-မြန်မာနယ်စပ် ကန်ချနပူရီခရိုင် ဆန်ခလာဘူရီတွင် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သည့် မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ နယ်စပ်ဒေသတွင် တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုများရှိနေကြောင်း ထောက်လှမ်းရေး သတင်းများ ပေးပို့ချက်အရ မြန်မာနိုင်ငံသား ၂၂ ဦးကို ထိုင်းအာဏာပိုင်းများက ယမန်နေ့ (မေလ ၁၁) ရက်တွင် ဖမ်းဆီးခဲ့ရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်းနေထိုင်သူများသည် စစ်ဆေးဂိတ်များကို ရှောင်ရှားရန် ဆိုင်ကယ်နှင့် သဘာဝလမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘုရားသုံဆူမြို့မှ ထွက်ခွာလာခဲ့ကြောင်း ကနဦးစစ်ဆေးချက်များအရ သိရသည်။
၎င်းတို့သည် ထိုင်းနိုင်ငံ ကန်ချနပူရီနှင့် စမွန်စခွန်ခရိုင်အတွင်းသို့ ဝင်ရောက်ရန် စက်လှေစောင့်ဆိုင်းနေခြင်း ဖြစ်ပြီး ပွဲစားများကို တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ မှ ၂၀,၀၀၀ ကြားပေးဆောင်ရန် သဘောတူညီခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသော မြန်မာနိုင်ငံသား ၂၂ ဦးကို Sangkhla Buri ရဲစခန်းသို့ လွှဲပြောင်းထားပြီး ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။












Leave a Comments