ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးလုပ်သားများ ဓမ္မတာလာသည့်ရက်ကို ခွင့်ယူရာတွင် လုပ်အားခဖြတ်တောက်ခြင်းမရှိဘဲ အလုပ်နားခွင့်ပြုရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ကြေညာလိုက်သည်။
ထို့အပြင် အမျိုးသမီးများ ဓမ္မတာလာချိန် အသုံးပြုရသည့် ပစ္စည်းများ (Pads)ကို လုပ်ငန်းခွင့်အတွင်း အခမဲ့စီစဉ်ပေးထားရန်လည်း အလုပ်သမားဝန်ကြီးဌာနက အလုပ်ရှင်များကို ညွှန်ကြားထားသည်။
နှစ်စဉ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျရောက်သော နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများနေ့တွင် အစိုးရနှင့် သက်ဆိုင်ရာ အစိုးရဌာနများသို့ မြောက်ပိုင်းကွန်ရက်၏ အဆိုပြုချက် (၄) ခုကို ဆောင်ရွက်ရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ လက်ရှိကြုံတွေ့နေရသည့် ပြဿနာများအတွက် တိကျသေချာသော အဖြေတစ်ခု ဖန်တီးနိုင်ရန် အဆိုပြုချက် နံပါတ် ၈ တွင် အမျိုးသမီးအလုပ်သမားများ၏ ဘဝအရည်အသွေး မြှင့်တင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရန် အဆိုပြုထားသည်။

ထိုအဆိုပြုထားသည့်အတိုင်း ဓမ္မတာရက်များကို ခွင့်ရက်အဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်းကြီးဌာန၏ ကြေညာချက်၌ ဖော်ပြထားသည်။
ထို့ပြင် အမျိုးသမီးများ မျိုးဆက်ပွားကျန်းမာရေး မြှင်တင်ရန်အတွက် ပြည်နယ်လူမှု ဖူလုံရေးရုံးနှင့် အလုပ်သမားကာကွယ်ရေးရုံးတို့ကို အလုပ်ရှင်များအား ဖိတ်ကြားပြီး ထုတ်ပြန်ချက်ကို လိုက်နာရန် ပြောကြားထားကြောင်း သိရသည်။












Leave a Comments