ချင်းမိုင်တွင် တရားမဝင်အလုပ်လုပ်ကိုင်သူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တရားမဝင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ကို ဖမ်းဆီးရမိကြောင်း Chiangmai Immigration က သတင်းထုတ်ပြန်သည်။

ယနေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဦးဆောင်ပြီး ချင်းမိုင်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများအား စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

ထိုသို့ စစ်ဆေးခဲ့ရာတွင် ချင်းမိုင်ခရိုင် Chang Phueak တွင် နိုင်ငံခြားသားများတရားမဝင် ဝင်ရောက် အလုပ်လုပ်ကိုင်နေကြောင်း သတင်းရရှိသည့်အတွက် အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား ၂ ဦးနှင့် ထိုင်းအလုပ်ရှင်ကို ဖမ်းဆီးခဲ့ကြောင်းဆိုသည်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်ခွင့်ပြုထားသော်လည်း အကြောင်းကြားမှု မရှိသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုင်းအလုပ်ရှင်ကလည်း အမည်စာရင်း မှတ်ပုံတင်အရာရှိအား အသိပေးခြင်းမရှိဘဲ အလုပ်ခန့်မှုဖြင့် ထိုင်းအလုပ်ရှင်ပါ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ၂ ဦးသည် ထိုဆိုင်တွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁ လခန့်သာရှိသေးသည်ဟု သိရသည်။

ချင်းမိုင်ရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းရဲဖမ်းဆီးစစ်ဆေးနေစဉ်

လက်ရှိတွင် တရားခံအားလုံးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ချင်းမိုင်မြို့မရဲစခန်း၏ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် အွန်းလိုင်းပေါ်မှ ပစ္စည်းရောင်းချသည့် မြန်မာစုံတွဲအား ထိုင်းဘတ်ငွေ ၁၂ သိန်းကျော် တန်းဖိုရှိကုန်ပစ္စည်းများနှင့်အတူ ဖေဖော်ဝါရီ ၂၅ ရက်က ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။

အဆိုပါ မြန်မာစုံတွဲသည် နာမည်ကြီး အမှတ်တံဆိပ်ပါ အလှကုန်အမျိုးမျိုးကို အွန်လိုင်းပေါ်မှ ကြော်ကြာကာ Applications ဖြင့် ရောင်းချနေသည်ဟု သိရသည့်အတွက် ရနောင်းခရိုင်တရားရုံး၏ ဖမ်းဝရမ်းနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယင်းပစ္စည်းများမှာ ထိုင်နိုင်ငံတွင် တရားမဝင် မှတ်ပုံတင်ထားသော တံဆိပ်များမပါရှိဘဲ နိုင်ငံခြားမှ တင်သွင်းသည့် အထောက်အထားများလည်းမရှိသည့်အတွက် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

ထို့ပြင် နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးရာတွင် ဘတ်တသန်းကျော်ရှိသည့် ထိုင်းငွေစုဘဏ် စာအုပ် ၂ အုပ်၊ ဘတ် ၁၂ သိန်းကျော် တန်းဖိုးရှိ ကုန်ပစ္စည်းအရေအတွက်ပေါင်း ၅,၀၀၀ ကျော်ကိုပါ သိမ်းဆည်းခဲ့သည်။

ထို့အတူ မြန်မာစုံတွဲကို တရားမဝင် ဝင်ရောက်လုပ်ကိုင်မှု၊ ကန့်သတ်ထားသော လုပ်ငန်းမျိုးအမျိုးအစား လုပ်ကိုင်မှု၊ အကောက်ခွန် ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သတင်း၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၇ ခုတွင် ထိုင်းလူမျိုးမှ နာမည်ခံပေးပြီး နိုင်ငံခြားသားများ လုပ်ကိုင်နေသည့် တရားမဝင်လုပ်ငန်းများအပေါ် အကြီးစားနှိမ်မှုများ လုပ်ဆောင်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာကလည်း ဖော်ပြထားသည်။

ယင်းကဲ့သို့ တရားမဝင်လုပ်ငန်းများကြောင့် ထိခိုက်ဆုံးရှုံးမှုက ဖူးခက်မှာတင် ဘတ် ၁ ဘီလီယံကျော်ရှိသည်ဟု ထိုင်းရဲခရိုင် ၈ (PPR8) ကလည်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ လုပ်ပိုင်ခွင့်မရှိသည့် လုပ်ငန်း ၂၇ မျိုးရှိသည်။

ထိုထဲတွင် ဧည့်လမ်းညွှန်လုပ်ငန်း၊ ယာဉ်မောင်းလုပ်ငန်း၊ ပွဲစားနှင့် အေဂျင်စီ လုပ်ငန်းနှင့် ဈေး/ လှည့်လည်ရောင်းခြင်း လုပ်ငန်းတို့ ပါဝင်ထားသည်။

ထိုင်းအစိုးရမှ အလုပ်လုပ်ခွင့် တားမြစ်ထားသော လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅,၀၀၀ မှ ဘတ် ၅၀,၀၀၀ အထိ ချမှတ်ခံရမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ၂ နှစ်အလုပ်လုပ်ကိုင်ခွင့် ပိတ်သိမ်းပြီး မိခင်နိုင်ငံကို ပြန်လည်ပို့ဆောင်ခံရမည်ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်လဝကမှ ပျံကျဈေးများကို ပိတ်ဆို့စစ်ဆေး၊ မြန်မာဈေးသည် ၉ ဦးထပ်မံဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီဌာနနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များမှ ချင်းမိုင်မြို့တွင်းရှိ Tha Sala နယ်မြေ ပျံကျဈေးဆိုင်ခန်းများကို ဝင်ရောက်စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ဈေးသည် ၉ ဦးအပါအဝင်၊ တရုတ်နိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း Chiang Mai Immigration မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (စက်တင်ဘာ...

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

ချင်းမိုင်တွင် မှတ်ပုံတင်အတု ထုတ်ပေးသည့် ဂိုဏ်းကို စီးနင်း၊ မြန်မာ ၂၂ ဦးအပါအဝင် ၃၇ ဦး တရားစွဲခံရ

0
ချင်းမိုင်ခရိုင်၊ ချိုင်ပရာကန်မြို့နယ်အတွင်း တရားမဝင် နိုင်ငံခြားသားများအား "ခေါင်းစဉ် ၀ ကတ်" (ကတ်ပြား၏ရှေ့ဆုံးဂဏန်းသည် သုညဖြင့်စသောကြောင့်) သို့မဟုတ် ပန်းရောက်ကတ် အတုများကို ထုတ်ပေးခဲ့သည့် အဆင့်မြင့်အရာရှိများနှင့် ကျေးရွားလူကြီးအချို့တို့အား ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းများတွင်ဖော်ပြသည်။ စုံစမ်းစစ်ဆေးချက်များအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင်နည်းလမ်းများဖြင့် ပန်းရောင်ကတ်များကို...