မူဆယ်မြို့
မူဆယ်မြို့တွင်းတိုက်ပွဲ မဖြစ်ရေး ရမခ တိုင်းမှူး လက်နက်ချရန် ညီနောင်မဟာမိတ်တပ် ကမ်းလှမ်း
SHAN -
သျှမ်းမြောက်၊ တရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့ တိုက်ပွဲဖြစ်ပွားမှု ရှောင်ရှားနိုင်ရေး အတွက် လားရှိုး ရပခ တိုင်းမှူး လက်နက်ချ အလင်းဝင်ရန် ညီနောင်မဟာမိတ်တပ်က ပြီးခဲ့သည့် ရက်ပိုင်း အတွင်းက ကမ်းလှမ်းထားကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဩဂုတ်လ ၉ ရက်) တွင် ပြောသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ...
မူဆယ်မြို့ တရုတ်ယွမ် ၁၀၀၊ မြန်မာငွေ ကျပ် ခြောက်သောင်း ခုနစ်ထောင်ကျော် ထိမြင့်တက်
သျှမ်းပြည် မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တရုတ်ယွမ်ငွေ (၁၀၀) ကို မြန်မာငွေကျပ် ခြောက်သောင်းခုနစ်ထောင်ကျော်အထိ မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင် ၂၉ ရက်)တွင် တရုတ်ယွမ် (၁၀၀) လျှင် မြန်မာကျပ်ငွေ ခြောက်သောင်းခုနစ်ထောင်ကျော် (၆၇,၀၀၀)ကျော်အထိ မြင့်တက်နေပြီး၊ နှစ်ပတ်အတွင်း မြန်မာကျပ်ငွေ လေးထောင်ကျော်ထိ...
မူဆယ်မြို့ ကားတိုက်မှုကြောင့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်ရှိ နေအိမ်ရှေ့တွင် ထိုင်နေသည့် အမျိုးသားတစ်ဦးကို ကားတစ်စီးက ဝင်တိုက်ခဲ့ခြင်းကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) တွင် မူဆယ်မြို့ ကောင်းနောင်ရပ်ကွက်တွင် နေအိမ်ရှေ့၌ ထိုင်နေသော အမျိုးသားတစ်ဦးကို အရှိန်ဖြင့်မောင်းလာသည့် Mark II အဖြူရောင်...
မူဆယ်မြို့ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲခံရ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးကို လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂) ရက်၊ ညနေ ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ရွှေသမင်ဘုန်းကြီး ကျောင်းအနီး၌ အသက် ၆၀ ခန့်အရွယ် (မန်ပြိန်းပြည်သူ့စစ်အဖွဲ့ဝင်) ဦးဝူစီဖာ...
မူဆယ် အမျိုးသား တစ်ဦး မြေမြုပ်မိုင်းထပ်နင်းမိ
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့နယ် ဝိန်းနန်ကျေးရွာရှိ တောလမ်းတစ်နေရာတွင် အမျိုးသား ၁ ဦး မြေမြုပ်မိုင်းထပ်မံနင်းမိခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ အမျိုးသား ၁ ဦးသည် ယမန်နေ့ (မေလ ၂၈) ရက် နံနက်ပိုင်းအချိန်တွင် မူဆယ်မြို့နယ် ဝိန်းနန်းကျေးရွာအနီးရှိ တောလမ်းတစ်နေရာတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ခြေထောက်တစ်ဖက်ပြတ်သွားကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ...
မူဆယ် ရှေ့နေ အမျိုးသမီးနှစ်ဦး ဓားပြတိုက်ခံရ
သျှမ်းပြည် မူဆယ်မြို့တွင် ရှေ့နေ အမျိုးသမီး နှစ်ဦးကို အမျိုးသား ၄ဦးက သေနတ်ဖြင့်ချိန်ပြီး ဓားပြတိုက်သွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့ ယမနေ့ မေလ ၁၈ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဟိုမွန် ၄၅ ကုန်း လမ်းသွယ် ၅ တွင်...
မူဆယ်မြို့ စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီပေးရပြီး တိုကင်နံပါတ် သောင်းဂဏန်း စောင့်ဆိုင်းရ
သျှမ်းပြည် မူဆယ်မြို့နယ်တွင် UID ခေါ် စမတ်ကတ် ပြုလုပ်ရန် ကျပ်ငွေသိန်းချီ ပေးနေရပြီး နောက်နှစ်အထိ တိုကင်နံပါတ် သောင်းဂဏန်းကျော် စောင့်ဆိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၄ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လဝက မှ အိမ်နီးချင်းနိုင်ငံ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံသို့...
မူဆယ် SSPP/SSA က ဒုစရိုက်မှုလုပ်ကိုင်နေသူများကို သတိပေး၊ လူမျိုးဘာသာမရွေး တားဆီးနှိမ်နှင်းမည်ဟုဆို
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၈ ရက်) တွင် မူဆယ်မြို့နယ်ရှိ SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့်...
မူဆယ်မြို့ ပြန်ပေးဆွဲခံရသည့် ဆရာဝန်ကို တရုတ်ယွမ်ငွေ သိန်း ၃၀ ဖြင့် ပြန်ရွေးထုတ်ခိုင်း
သျှမ်းပြည် မူဆယ်မြို့တွင် လူနာကို ဆေးကုသပေးနေစဉ် ပြန်ပေးဆွဲခံရသည့် ဆရာဝန်ကို တရုတ်ယွမ်ငွေ သိန်း ၃၀ ဖြင့် ပြန်လည်ရွေးထုတ်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၉ ရက်) ညနေပိုင်းတွင် မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်ရှိ Best House ဟိုတယ်အနီး ဖွင့်လှစ်ထားသည့် ဆေးခန်းမှ ဆရာဝန်...
မူဆယ်မြို့နယ် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ ယနေ့ (ဧပြီလ ၁၀) ရက် နံနက် ၈ နာရီခွဲဝန်းကျင်တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ထိုနေရာတွင် ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။ “ ဒီမနက်မှာပဲဖြစ်သွားတာ။အဲ့...