ပြည်သူ့စစ်
နမ့်စန်မြို့ ညလောင်းကစားပွဲမှ သီချင်းကျယ်လောင်စွာဖွင့်လှစ် ပြည်သူများ ညအိပ်ရန်ခက်ခဲ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင်ဖွင့်လှစ်ထားသည့် ညလောင်းကစားဝိုင်းများမှ Song Box (အသံချဲ့စက်) သည် အသံကျယ်လောင်စွာ ဖွင့်လှစ်သဖြင့် သက်ကြီးရွယ်အို နှင့် ပြည်သူများ အိပ်စက်ရန်ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်အထိ အသံချဲ့စက်နဲ့ သီချင်းများကို ကျယ်လောင်စွာအော်ဆိုသောကြောင့် ဘေးပတ်ဝန်းကျင်က...
နမ့်ခမ်းမြို့ ရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီ လက်အောက်ခံများ လာရောက်စောင့်ဆိုင်းနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အတွင်းရှိ စာသင်ကျောင်းများ အားလုံးကို စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ နှင့် ပြည်သူ့စစ် တို့က လုံခြုံရေးအပြည့် ယူထားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဇွန် ၆ ရက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဈေးထဲဝင်ရောက်လာသည့် သတင်းထွက်ပေါ်လာပြီးနောက် ယနေ့ ဇွန် (၇) ရက်နေ့တွင်...
မူဆယ်မြို့ က ပြည်သူ့စစ်ပိုင် ကားတစ်စီး လုယက်ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ် တစ်ဦးပိုင်ဆိုင်သည့် ကားကို လူတစ်စုက လုယက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ယနေ့ ဇွန် (၆) ရက် မနက် (၆) နာရီခွဲ ဝန်းကျင်က ပြည်သူ့စစ်တစ်ဦးသည် နေအိမ်မှ ထွက်လာစဥ် လူတစ်စုက ကားဖြင့် ရောက်လာပြီး ထို...
ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်ပစ်
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်တစ်ခုရှေ့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က အသက် (၅၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားကို ကွတ်ခိုင်မြို့ ပြည်သူ့စစ်မှ ငွေကျပ် (၁၀) သိန်း ပေးဆောင်ခဲ့သော်လည်း ဆေးကုသရန် ခက်ခဲနေသေးကြောင်း သိရသည်။ဖြစ်စဉ်မှာ...
မူဆယ်မြို့ ပြည်သူ့စစ် လောင်းကစားဖွင့်လှစ်နေရာအနီး မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက်ရှိ ပြည်သူ့စစ်လောင်းကစားရုံ များဖွင့်လှစ်သည့် နေရာ အနီးရှိ ဆင်ဖြူအိမ်ယာ ဝန်ထမ်းတန်းလျားများ အားလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၉)ရက် ည ၈ နာရီဝန်းကျင်က မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ပေ (၂၀၀) ကျော်ရှိသည့် ဝန်ထမ်းအိမ်ယာ...
မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ...
မူဆယ်မြို့ ပစ်ခတ်မှုဖြစ် ထိခိုက်ဒဏ်ရာ ရသူရှိ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် ယမန်နေ့ (မေ ၁၇) ရက် ည ၁၁ နာရီ၀န်းကျင်၌ အမည်မသိ လက်ကိုင်တစ်စုက လက်နက်အပြည့်အစုံဖြင့် ရပ်ကွက်ထဲ၀င်လာပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ယမန်နေ့ (မေလ ၁၇) ရက် ည ၁၁ နာရီဝန်းကျင်တွင် စစ်ဝတ်စုံနှင့်...
မူဆယ်မြို့တွင်း လုယက်မှုမှ ပစ်ခတ်မှုဖြစ်ပွားပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ရ
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် လုယက်မှု မှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သက်ဆိုင်မှုမရှိသည့် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ယမန်နေ့ ဧပြီလ ၂၁ ရက် မနက် ၇ နာရီဝန်းကျင်တွင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်မှ ပင်လုံလမ်းသွယ် ၂ တွင် ဈေးမှ ဆိုင်ကယ်စီးပြီး...
မူဆယ်မြို့ ပြည်သူ့စစ် သင်တန်းနေရာ ဗုံးပေါက်ကွဲမှု (၂)ကြိမ် ဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ်သင်တန်းနေရာ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဧပြီ (၇)ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် သိန်းသန်းချီ ကားကြီးကွင်းအနီး ပြည်သူ့စစ် သင်တန်းရှိရာ နေရာတွင် ပေါက်ကွဲသွားကြောင်း သိန်းသန်းချီ ကားကြီးကွင်းအနီး နေထိုင်သည့်...
မူဆယ်မြို့နယ် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ စစ်ဆေးမှုပြုလုပ်နေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် တော်ရွက်ကျေးရွာအုပ်စု ဟိုဆောင်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက လမ်းသွားလမ်းလာများအား စစ်ဆေးမှု ပြုလုပ်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခု မတ်လအတွင်းမှစပြီး မူဆယ်မြို့ ဟိုဆောင်ကျေးရွာထိပ်နှင့် မင်္ဂလာမူဆယ်အဝင်ပေါက်တို့တွင် ပြည်သူ့စစ်များ စစ်ဆေးနေကြောင်း၊ ထိုနေရာတွင် စစ်ကောင်စီပိုင် Mytel တာဝါတိုင်ရှိထားကြောင်းလည်း မူဆယ်မြို့ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “သူတို့...





