Tuesday, January 27, 2026

မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ ရက်ဆက်တိုက် ကြားနေရတယ်၊ လုယက် ဓားပြတိုက်လုပ်တဲ့ အဖွဲ့ကလည်း လက်နက်တွေ ကိုယ်စီနဲ့၊ မနေ့ကလည်း အကြောင်းရင်းမသိတဲ့ လက်နက်ကြီး သံတွေလို ပေါက်ကွဲသံတွေက အချက် ၂၀ လောက် ဆက်တိုက်ကြားနေရတယ်၊ နေရတာမလုံခြုံသလို ခံစားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် ခိုးယူလုယက်မှုများနှင့် ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေ ၁၈) ရက်တွင် အကြောင်းရင်းမသိပေါက်ကွဲသံ အချက် ၂၀ ကျော်ကြားရပြီး၊ ယခု ရက်သတ္တပတ် အတွင်း မူဆယ်မြို့တွင် နေအိမ်ထဲအထိ လက်နက်ကိုင်လူတစ်စုမှ ဓားပြတိုက်လုယက်မှု၊ စစ်ဝတ်စုံနှင့် လူတစ်စုမှ ရပ်ကွက်ထဲအထိ ပစ်ခတ်ဖောက်ခွဲမှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ဝင် ဆိုင်းဘုတ်

“ အခုအနေအထားတော့ အိမ်ပြင်ထွက်မှ သတိထားရမှာမဟုတ်တော့ဘူး၊ အိမ်ထဲနေရင်လည်း ဓားပြသူခိုးရန်တွေကို အစစအရာရာ သတိထားရတယ်၊ အပြင်ထွက်တဲ့အခါကျတော့ ပစ်ခတ်မှုတွေကြား ဓားစာခံဖြစ်သွားမှာလည်း ကြောက်ရတယ်၊ ဒီဘက်မှာ အဖွဲ့အစည်းတွေလည်းများတော့ ဘယ်သူဘယ်ဝါမှန်းလည်း သိကြတာ မဟုတ်ဘူး” ဟု စိုင်းဆိုင် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားနေပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေသော်လည်း ဒေသတွင်းရှိ ပြည်သူ့စစ်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေ အများကြီး ရှိနေပေမယ့်  ဘယ်အဖွဲ့အစည်းကမှ ပြည်သူကိုကာကွယ်ပေးနေတာ မရှိဘူး၊ ရဲဝတ်စုံနဲ့ဓားပြတိုက်မှုဖြစ်သွားတဲ့ မင်္ဂလာမူဆယ်ဘက်မှာဆို ပြည်သူ့စစ်တပ်ဖွဲ့တွေ အဲ့လောက်များတာ တရားခံကိုမမိဘူး၊ ဒါကထူးဆန်းတယ်” ဟု စိုင်းဆိုင် ကဆိုသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ညတွင် အင်အားအယောက် ၂၀ ဖြင့် လာရောက်ပစ်ခတ်သွားသည့် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း လက်ရှိတွင် ရရှိသည့် ဒဏ်ရာများဖြင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသော်လည်း တရားခံများကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိကြောင်းသိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ရာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ အပြင် တရုတ်နိုင်ငံသားများနှင့် တခြားဒေသမှ လူမျိုးပေါင်းစုံတို့လည်း စီးပွားရေးလာရောက်လုပ်ကိုင်ရာ ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံရှိသည့် မြို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...