မူဆယ်မြို့ နေ့စဥ်လက်နက်ကြီးသံကြား ပြည်သူများစိုးရိမ်ထိတ်လန့်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယခုရက်ပိုင်း လက်နက်ကြီး ပစ်ခတ်မှု ဆက်တိုက် ကြားနေရသဖြင့် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။

ယခု ရက်သတ္တပတ်အတွင်း မူဆယ်မြို့နယ်တွင် ပစ်ခတ်မှုများ၊ အုပ်စုလိုက်လက်နက်ကိုင် လုယက်မှုများ နှင့် လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရမှုတို့ကြောင့် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့မူဆယ်မှာတော့ လက်နက်ကြီးလက်နက်ငယ်သံတွေ ရက်ဆက်တိုက် ကြားနေရတယ်၊ လုယက် ဓားပြတိုက်လုပ်တဲ့ အဖွဲ့ကလည်း လက်နက်တွေ ကိုယ်စီနဲ့၊ မနေ့ကလည်း အကြောင်းရင်းမသိတဲ့ လက်နက်ကြီး သံတွေလို ပေါက်ကွဲသံတွေက အချက် ၂၀ လောက် ဆက်တိုက်ကြားနေရတယ်၊ နေရတာမလုံခြုံသလို ခံစားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း မူဆယ်မြို့နယ်အတွင်းတွင် ခိုးယူလုယက်မှုများနှင့် ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မေ ၁၈) ရက်တွင် အကြောင်းရင်းမသိပေါက်ကွဲသံ အချက် ၂၀ ကျော်ကြားရပြီး၊ ယခု ရက်သတ္တပတ် အတွင်း မူဆယ်မြို့တွင် နေအိမ်ထဲအထိ လက်နက်ကိုင်လူတစ်စုမှ ဓားပြတိုက်လုယက်မှု၊ စစ်ဝတ်စုံနှင့် လူတစ်စုမှ ရပ်ကွက်ထဲအထိ ပစ်ခတ်ဖောက်ခွဲမှု သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ဝင် ဆိုင်းဘုတ်

“ အခုအနေအထားတော့ အိမ်ပြင်ထွက်မှ သတိထားရမှာမဟုတ်တော့ဘူး၊ အိမ်ထဲနေရင်လည်း ဓားပြသူခိုးရန်တွေကို အစစအရာရာ သတိထားရတယ်၊ အပြင်ထွက်တဲ့အခါကျတော့ ပစ်ခတ်မှုတွေကြား ဓားစာခံဖြစ်သွားမှာလည်း ကြောက်ရတယ်၊ ဒီဘက်မှာ အဖွဲ့အစည်းတွေလည်းများတော့ ဘယ်သူဘယ်ဝါမှန်းလည်း သိကြတာ မဟုတ်ဘူး” ဟု စိုင်းဆိုင် (နာမည်လွဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလို အဖြစ်အပျက်များ မကြာခဏ ဖြစ်ပွားနေပြီး ပြည်သူများ စိုးရိမ်ထိတ်လန့်နေသော်လည်း ဒေသတွင်းရှိ ပြည်သူ့စစ်အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့မှ တာဝန်ယူ ဖြေရှင်းပေးနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။

“ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေ၊ စစ်ကောင်စီတပ်ဖွဲ့တွေ အများကြီး ရှိနေပေမယ့်  ဘယ်အဖွဲ့အစည်းကမှ ပြည်သူကိုကာကွယ်ပေးနေတာ မရှိဘူး၊ ရဲဝတ်စုံနဲ့ဓားပြတိုက်မှုဖြစ်သွားတဲ့ မင်္ဂလာမူဆယ်ဘက်မှာဆို ပြည်သူ့စစ်တပ်ဖွဲ့တွေ အဲ့လောက်များတာ တရားခံကိုမမိဘူး၊ ဒါကထူးဆန်းတယ်” ဟု စိုင်းဆိုင် ကဆိုသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ညတွင် အင်အားအယောက် ၂၀ ဖြင့် လာရောက်ပစ်ခတ်သွားသည့် မူဆယ်မြို့ စွမ်စော်ရပ်ကွက်မှ အမျိုးသားတစ်ဦးကလည်း လက်ရှိတွင် ရရှိသည့် ဒဏ်ရာများဖြင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရသော်လည်း တရားခံများကို စုံစမ်းဖော်ထုတ်နိုင်ခြင်း မရှိကြောင်းသိရသည်။

မူဆယ်မြို့သည် မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးမြို့ ဖြစ်ရာ မြန်မာနိုင်ငံမှ တိုင်းရင်းသားများ အပြင် တရုတ်နိုင်ငံသားများနှင့် တခြားဒေသမှ လူမျိုးပေါင်းစုံတို့လည်း စီးပွားရေးလာရောက်လုပ်ကိုင်ရာ ဖြစ်သည့်အတွက် လူမျိုးပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံရှိသည့် မြို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပန်ဆိုင်း(ကြူကုတ်)တွင် MNDAA တပ်သားသစ်ထပ်ကောက်၊ TNLA တပ်သားဟောင်းများကိုပါ စည်းရုံးနေ

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ပန်ဆိုင်း(ကြူကုတ်)မြို့ဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ တပ်သားသစ် ထပ်မံကောက်ခံနေပြီး TNLA တပ်သားဟောင်းများကိုပါ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မုံးကိုးမြို့ရှိ ကျေးရွာများဘက်တွင် ဧပြီလကုန်ပိုင်းမှ စတင်၍ မေလလယ်အထိ MNDAA လက်အောက်ခံ တာဝန်ရှိသူများမှ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...