ကွတ်ခိုင်မြို့နယ် ပြည်သူ့စစ်က ပြည်သူတစ်ဦးကို အကြောင်းမဲ့ သေနတ်ပစ်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ဂိမ်းဆိုင်တစ်ခုရှေ့၌ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်က အသက် (၅၀) အရွယ်ရှိ အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုသေနတ်ပစ်ခတ်ခံရသည့် အမျိုးသားကို ကွတ်ခိုင်မြို့  ပြည်သူ့စစ်မှ ငွေကျပ် (၁၀) သိန်း ပေးဆောင်ခဲ့သော်လည်း ဆေးကုသရန် ခက်ခဲနေသေးကြောင်း သိရသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် မေလ (၂၇) ရက် ည (၇) နာရီဝန်းကျင်က ညစာစားပြီး ဦးလိဖာရှင်သည် ၎င်း သူငယ်ချင်းနှင့် အပြင်သွားစဥ် ကွတ်ခိုင်မြို့တွင်းရှိ ဂိမ်းဆိုင်တစ်ခုရောက်သွားပြီး သေနတ်ပစ်ခံလိုက်ရကြောင်း နီးစပ်သူ တစ်ဦးက ပြောသည်။

“ သူအဲ့ညက ဆေးလိပ်သောက်ဖို့ ဆိုပြီးတော့ အပြင်ထွက်သွားတာ။ သူ့သူငယ်ချင်းနဲ့ ထွက်သွားလိုက်တာ ဂိမ်းဆိုင်ရောက်သွားတယ်တဲ့။ ဘယ်နားဂိမ်းဆိုင်လည်းတော့ ကျမလည်း မသိဘူး။ ဂိမ်းဆိုင်ရှေ့မှာ ရပ်နေရင်းနဲ့ ပြည်သူ့စစ်က သူ့ကို သေနတ်နဲ့ ပစ်လိုက်တာ။ ညာဘက်ခြေထောက်မှာ ထိသွားတာ။ ထိပြီး အိမ်တန်းမရောက်လာသေးဘူး။ ည (၁၂) နာရီလောက်မှ သူအိမ်ပြန်ရောက်လာတာ။ သွေးတွေလည်း အများကြီးထွက်တယ်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ပြည်သူ့စစ်မှ ပြည်သူတစ်ဦးကို ပစ်ခတ်

လက်ရှိတွင် ဦးလိဖာရှင်ကို လားရှိုးမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ခြေထောက်စတီးထည့်ရန်အတွက် ငွေကြေးခက်ခဲနေကြောင်း ပြည်သူ့စစ်ဘက်မှ ငွေကျပ် (၁၀) သိန်းပေးခဲ့သော်လည်း မလုံလောက်သဖြင့် ခွဲစိတ်ရန်ခက်ခဲ နေကြောင်းသိရသည်။

“ အခုက လားရှိုးဆေးရုံမှာဆေးကုနေတယ်။ သူ့ခြေထောက်ကို ခွဲစိတ်ရမယ်တဲ့။ ပြီးတော့ စတီးထည့်ရမယ်တဲ့။ ပိုက်ဆံက မရှိတော့ ဆရာဝန်ကလည်း မခွဲစိတ်ပေးသေးဘူး။ ပိုက်ဆံအရင်သွင်းမှ ခွဲစိတ်ပေးမယ်တဲ့။ ပြည်သူ့စစ်ကတော့ (၁၀) သိန်းပေးပါတယ်။ ဒါမယ့် မလောက်ဘူး။ ကျမတို့ ပိုက်ဆံလည်း ကုန်တယ်။ ဒီကိုရောက်တာ (၈) ရက်လောက်ရှိနေပြီ။ သူ( ဦးလိဖာရှင်) လည်း အရမ်းကို နာကျင်နေတယ်” ဟု ဦးလိဖာရှင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုငွေလာပေးချိန်တွင်လည်း ပြည်သူ့စစ်က ဆေးရုံပေါ် ခြိမ်းခြောက်ပြီး ရန်စသေးကြောင်း မိသားစုထံမှ သိရသည်။

“ သူတို့ကို ကျမက ခေါ်လာတယ်လေ။ ကွတ်ခိုင်ဆေးရုံမှာလာကြည့်တုန်းကဆိုရင် ရန်ဖြစ်ဖို့ခေါ်သေးတယ်။ “ ချမလားချမလား” လို ခေါ်ချနေသေးတယ်။ သူတို့ လျော်ကြေး အနေနဲ့ ပိုက်ဆံတော့လာပေးသွားပါတယ်” ဟု အထက်ပါ မိသားစုဝင်က ပြောသည်။

ပစ်ခတ်ခဲ့သည့် ပြည်သူ့စစ်ကို ဦးလိဖာရှင် ကျန်းမာ‌ရေးပြန်ကောင်းလာတဲ့ အချိန်ထိ တာဝန်ယူပေးရန်အတွက် တောင်းဆိုနေကြသည်။

အလားတူ လွန်ခဲ့သည့် မတ်လ ၁၈ ရက်တွင်လည်း ဂိမ်းဆိုင်တစ်ခုတွင် ဂိမ်းလာဆော့သည့် အမျိုးသား နှင့် ပြည်သူ့စစ်အဖွဲ့တို့ ရန်ဖြစ်ပွားခဲ့ပြီး အဆိုပါ ပြည်သူ့စစ်က ထိုအမျိုးသားကို သေနတ်ဖြင့် ခေါင်းကိုထုလိုက်ပြီး ခေါင်းကွဲသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းပျဉ်းမြို့နယ် စစ်တပ်၊ ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့နှင့် RCSS ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်းရှိ RCSS/SSA ထိန်းချုပ်နယ်မြေအနီးသို့ စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တောနင်းဝင်ရောက်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်း ၁၂ နာရီကျော်တွင် မိုင်းပျဉ်းမြို့နယ်ရှိ သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ထိန်းချုပ်နယ်မြေထဲ အာဏာသိမ်းစစ်တပ်နှင့်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...