ပအိုဝ်းပြည်သူ့စစ်
ဆီဆိုင် နောင်ထောင်ကျေးရွာ ဈေးဆိုင်ခန်းများကို PNO ဖျက်ခိုင်းနေ
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တောင်ရှေ့ကျေးရွာ အုပ်စု နောင်ထောင်ကျေးရွာတွင်းရှိ ဈေးဆိုင်ခန်းများကို စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ဖျက်ခိုင်းနေ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်တွင် ဆီဆိုင်မြို့နယ် နောင်ထောင်ကျေးရွာ၌ စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ PNO တို့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်တော် PNLA...
စစ်သုံ့ပန်းများကို ပစ်သတ်ခြင်းမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် PNO ကငြင်းဆို
အာဏာသိမ်းစစ်ကောင်စီနှင့် ပူးတွဲလှုပ်ရှားနေသည့် ပအိုဝ်းပြည်သူ့စစ် (PNO/PNA)မှ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄ ဦးအား လက်ပြန်ကြိုးတုပ် ပစ်ခတ်ခဲ့သော သက်သေမှတ်တမ်း ရုပ်သံဖိုင်တွင် ၎င်းတို့က ပစ်သတ်ခြင်း မရှိကြောင်း ပြောသည်။ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) မှ ဖမ်းမိထားသည့် PNLA တပ်ဖွဲ့ဝင် ၄ ဦးကို လက်ပြန်ကြိုးတုပ်...
ညောင်ရွှေမြို့နယ် ရေပူရွာ စစ်ဘေးရှောင်များ PNO တပ်ဖွဲ့အတွင်း စစ်မှုထမ်းမှ နေရပ်ပြန်ခွင့်ပြု
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာမှ စစ်ဘေးရှောင်များကို ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့ထဲ စစ်မှုထမ်းနိုင်မှသာ နေရပ်သို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ ဇန်နဝါရီလ အတွင်း စစ်ကောင်စီတပ်နှင့် PNO တပ်ဖွဲ့တို့သည် အင်းလေးဒေသရှိ ကျေးရွာများနှင့် ရေပူကျေးရွာ၊ ဘီလူးချောင်း အရှေ့ဘက်ရှိ နန်းတုပ်ကျေးရွာများကို တစ်လအတွင်း...
ညောင်ရွှေမြို့နယ်ဒေသခံ (၅)ဉီးကို PNO မှ ရိုက်နှက်ဖမ်းဆီးပြီး ပြန်လွှတ်
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ဘုရားတောင်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) တပ်ဖွဲ့မှ ဒေသခံ(၅)ဉီးကို ရိုက်နှက်ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးလာကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် အင်းလေးဒေသအရှေ့ဘက်ခြမ်းရှိ ဘုရားတောင်ကျေးရွာတွင် ဒေသခံ(၅)ဉီးကို PNO တပ်ဖွဲ့မှ ရိုက်နှက်ဖမ်းဆီး စစ်ဆေးမေးမြန်းပြီး ပြန်လွတ်လာပေးကြောင်း ဖမ်းဆီးခံရသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲရွာဘက်မှာက စစ်ရေးတွေ...
တောင်ကြီးမြို့နယ် ဒေသခံများကို PNA စစ်ဝတ်စုံ ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်အင်အားပြ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့နယ် ပေါမူကျေးရွာဒေသခံများကို ပအိုဝ်းပြည်သူ့စစ် (PNA/PNO)က စစ်ယူနီဖောင်း ဝယ်ယူဝတ်ဆင်ခိုင်းပြီး စစ်သင်တန်းဆင်းပွဲတွင် အင်အားပြခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃၀)ရက် PNA/PNOက တောင်ကြီးမြို့နယ် ပေါမူကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် တစ်အိမ်လျှင် ကျပ်ငွေ ငါးသောင်း ကောက်ယူပြီး အသက် (၁၈)နှစ်မှ အသက် ၅၀ကြားရှိ အမျိုးသားများကို...
အောင်ပန်းသို့ ကုန်စိမ်းသွားရောင်းသူများ တီကျစ်ဂိတ်ရှိ စစ်သားများက ငွေအဆမတန်တောင်းယူနေ
SHAN -
သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများထံ တီကျစ်မြို့ နဂါးဘိလပ်မြေ စက်ရုံရှေ့ဂိတ်ရှိ စစ်သားများ ငွေအဆမတန်တောင်းယူနေကြောင်းစုံစမ်းသိရသည်။ အောင်ပန်းမြို့သို့ ကုန်စိမ်းသွားရောင်းသူများသည် ပင်လောင်း၊ နောင်တရား တောင်သူများဖြစ်ကြသည်။ ထိုတောင်သူများသည် ကျေးရွာထဲရောင်းလျှင် ကြားခံပွဲစားများ စျေနိမ်မှုကို ကြုံနေရသဖြင့် အောင်ပန်းအထိ ကိုယ်တိုင်သွားရောင်းရကြောင်း၊ သွားရောင်းစဥ်တွင်လညး တီကျစ်ဂိတ်ရှိ စစ်ကောင်စီနှင့် ပအိုဝ်း PNO...
ပင်လောင်းမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံး
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ သေဆုံးခဲ့သည်ဟု PNDF-KK က ယမန်နေ့ (ဇူလိုင် ၁၇ )ရက်တွင် ဓာတ်ပုံနှင့်အတူထုတ်ပြန်ထားသည်။ ဇွန်လ ဒုတိယအပတ်မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တို့သည် ဖယ်ခုံမြို့ရှိ စစ်ကောင်စီတပ်များကို စစ်ကူပေးရန်...
ဆီဆိုင်မြို့နေရပ်ပြန်သူများ တပ်သားစုဆောင်ခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့ပေါ်တွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တပ်တို့၏ ဖိအားပေးမှုကြောင့် နေရပ်ပြန်လာသွားသည့် ပြည်သူများကို စစ်သားစုဆောင်းနေကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းတောင်၊ ဆီဆိုင်မြို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်တို့မှ ပြည်သူများကို နေရပ်ပြန်မလာပါက နေအိမ်များကို ချိတ်ပိတ် သိမ်းဆည်းမည်ဟု ဖိအားပေးခြိမ်းခြောက်သည်။ ထို့နောက် ပြည်သူများသည် နေရပ်သို့ပြန်သွားစဥ် အသက် (၁၈)နှစ်...
ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်
သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။ အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။ “ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။ ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။ “ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။ PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက်...
ကရင်နီ နဲ့ ပအိုဝ်းကြား ပဋိပက္ခ ကြီးထွားအောင် စစ်ကောင်စီလုပ်နေ
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က တောင်ကြီးမြို့နယ် ကံကြီးရပ်ကွက် တပေါင်းကွင်းမှာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO/PNA ရဲ့ ညွှန်ကြားမှု နဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အများစုကတော့ KNDF / PDF မလိုအပ်ကြောင်း ကန့်ကွက် ဆန္ဒပြနေကြပါတယ်။ ဒီဆန္ဒပြပွဲဟာ ပင်လောင်းမြို့နယ် နမ့်နိန်းကျေးရွာအတွင်းမှာ...





