Wednesday, January 28, 2026

ပင်းတယ

ပင်းတယ မဲရုံများမှာ ပြည့်သူ့စစ် လုံခြုံရေးယူပေး၊ ပြည်သူများ စိုးရိမ်မှုဖြင့် မဲထည့်နေရ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်ရှိ မဲရုံများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ပြည်သူ့စစ်တို့က လုံခြုံရေးယူပေးနေပြီး ပြည်သူများက မဲမထည့်လျှင် ဖမ်းခံရမည်ကို စိုးရိမ်သောကြောင့် မဲထည့်နေရကြောင်း သတင်းရရှိသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ပထမပိုင်းကို ပင်းတယမြို့နယ် အပါအဝင် သျှမ်းပြည်မှ မြို့နယ်...

ပင်းတယ တက္ကသိုလ်ကျောင်းတက်သူများ ကြိုတင်မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့တွင် စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးတို့က တက္ကသိုလ်ကျောင်းသားများ မဲမထည့်လျှင် စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြီး ကြိုတင်မဲ ထည့်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၆) ရက်တွင် တက္ကသိုလ်ကျောင်းတက်နေသူများ၊ မသန်စွမ်းများ၊ ကျန်းမာရေးမကောင်းသူများ နှင့် သက်ကြီးရွယ်အိုများကို စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက မဖြစ်မနေမဲထည့်ကြရန်...

ရွာငံနှင့် ပင်းတယ ဒေသခံများကို စစ်ကော်မရှင်တပ်က အလှည့်ကျ ကင်းစောင့်ခိုင်း

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်သားများ ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို အလှည့်ကျ ကင်းစောင့်ခိုင်းထားကြောင်း သတင်းရရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ရွာငံမြို့နယ် လင်းဝေးကျေးရွာအုပ်စု၊ တပင်ပျော်ကျေးရွာအုပ်စု၊ ကျောက်ငှက်ကျေးရွာအုပ်စုနှင့် ကျန်တောကျေးရွာအုပ်စုတို့တွင် စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသခံများကို ကင်းတဲ လိုက်လံဆောက်ခိုင်းသည့်အပြင် အလှည့်ကျ...

ပင်းတယ ရေကြီးမြေပြိုမှု ပြန်လည်ထူထောင်ရေးအတွက် ခက်ခဲနေဆဲ

သျှမ်းပြည်တောင်ပိုင်း ၊ပင်းတယမြို့နယ် ကုန်းစောင်းကျေးရွာတွင် ရေကြီး မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရပြီး ယနေ့အချိန်ထိ ပြန်လည်ထူထောင်ရန် ခက်ခဲနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက် နံနက် ၃ နာရီချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေကြောင့် နေအိမ်များ ကျောက်တုံး၊ မြေခဲများ ရေစီးနှင့်အတူမျောပါသွားပြီး...

တောင်ကျရေနဲ့အတူ လူ့အသက်တွေ မျောပါနေရ

“မိုးရွာလာပြီဆိုရင် ကြောက်စိတ် ဝမ်းနည်းစိတ်က အလိုလို ဖြစ်လာတယ်။ မိုးရွာတဲ့ညဆိုရင် အိပ်မပျော်ဘူး” လို့ ဉီးကျော်က သူ့ ခံစားချက်ကို ရင်ဖွင့်ပြောလာပါတယ်။ ယခုနှစ် ဇူလိုင်လ ၂၇ ရက် ညအချိန်မှာ မိုးရွာသွန်းမှုကြောင့် ဉီးကျော်တို့မိသားစု အိပ်ယာကို စောစောစီးစီး ဝင်ခဲ့ကြပါတယ်။ ဇူလိုင်လ ၂၈ ရက် မနက်...

ပင်းတယ တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါးပျက်စီး၊ နောက်နှစ် ဆန်ရှားပါးလာနိုင်

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာ အုပ်စုတွင် တောင်ကျရေကြောင့် စပါးခင်းအားလုံးနီးပါး ပျက်စီးသဖြင့် နောက်နှစ်အတွက် ဆန်ရှားပါးမှုကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းကျေးရွာနှင့် အုံအက်ကျေးရွာတွင် တောင်ကျရေကြောင့် နေအိမ်နှင့် စိုက်ပျိုးထားသည့် စပါးခင်းများပျက်စီးခဲ့ပြီး လူ(၈)ဦးသေဆုံးခဲ့သည်။ ထိုတောင်ကျရေ တိုက်စားပြီးနောက် ပင်းတယ...

ပင်းတယ ရေကြီးမှုတွင် အသေပျောက်များ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စု ကုန်းစောင်းရွာနှင့် အုံအက် ကျေးရွာတွင် တောင်ကျရေကြောင့် အသေအပျောက်ရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၃နာရီအချိန်တွင် ပင်းတယမြို့နယ် ကုန်းစောင်းရွာ၌ တောင်ကျရေ ရုတ်တရက်ဆင်းလာကာ ချောင်းနှင့် လမ်းသင့်သည့် နေအိမ်များ ကျောက်တုံး၊ မြေခဲ များ...

၅ နှစ်ကြာရပ်နားထားသည့် ပင်းတယတပေါင်းပွဲ ပြန်လည်ကျင်းပ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် ကိုဗစ်ကာလတည်းက ရပ်နားထားသည့် တပေါင်းပွဲအား ယခုနှစ်တွင်ပြန်လည်ပြုလုပ်ကျင်းပနေကြောင်း စုံစမ်းသိရှိရသည်။  ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ပြီး ၅ နှစ်ကြာရပ်နားထားခဲ့သော ပင်းတယမြို့နယ် တပေါင်းပွဲတော်အား ယခုနှစ်မတ် ၁၀ ရက်မှ မတ် ၁၅ ရက်အတွင်း စစ်ကောင်စီမှ ဦးဆောင်၍ ပြန်လည်ကျင်းပနေကြောင်း ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။  “စစ်ကောင်စီအလိုကျ ပွဲကျင်းပရတာဆိုပေမယ့်၊...

ပင်းတယမြို့နယ်ရှိ ဘုန်းကြီးကျောင်းထဲ စစ်ကောင်စီ တပ်စွဲနေ

သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် မိုင်းလီ ကျေးရွာ ရှိ ဘုန်းကြီးကျောင်းတွင် စစ်ကောင်စီတပ် လာရောက်တပ်စွဲထားကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ( ဒီဇင်ဘာလ ပထမ ပတ်) ကတည်းကစပြီး စစ်ကောင်စီ တပ် အင်အား (၁၀၀) ခန့် သည် ပင်းတယမြို့နယ် မိုင်းလီကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်...

ပင်းတယမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးမှု မလုပ်နိုင်

သျှမ်းပြည်တောင်ပိုင်း ၊ပင်းတမြို့နယ်တွင် လုယက်မှုများကို ဖမ်းဆီးအရေးယူမှုများ မလုပ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။ နိုင်ငံရေးမတည်ငြိမ်မှုနှင့် အလုပ်ကိုင်ရှားပါးလာမှုကြောင့် ပင်းတယမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်ခံရမှုများ မကြာခဏ ဖြစ်လာနေပြီး ထိုလုယက်မှုများကို မည်သည့် အဖွဲ့အစည်းမှ ဖြေရှင်းမှု မလုပ်ပေးကြောင်း မြို့ခံ များကပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၆) ရက်တွင် ပင်းတယ...

Latest news