ပင်လောင်းမြို့နယ်
နေအိမ်ပေါ် လက်နက်ကြီးကျ မိသားစုလေးဦး ပြင်းထန်စွာဒဏ်ရာရရှိ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်၊လင်းခေး(လင်ခံ)ရွာတွင် လက်နက်ကြီး လူနေအိမ်ပေါ် ကျရောက်ခြင်းကြောင့် နေအိမ်ထဲရှိ မိသားစုလေးဦးထိမှန်ပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ပင်လောင်းမြို့နယ် လင်းခေး( လင်ခံ)ကျေးရွာတွင် ယမန်နေ့ (ဇွန်လ၂၀)ရက် ည လူအိပ်နေချိန်၌ စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် မိသားစုဝင် (၄)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လင်းခေး (လင်ခံ)ကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက...
ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရ
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်တောင်ဖက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန် ၁၉ရက်တွင် ပင်လောင်းမြို့နယ် အတွင်း တိုက်ပွဲပြင်ထန်ပြီး ဒေသခံ တစ်ဦးနှင့် ကလေး နှစ်ဦးထိမှန်ခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင်လည်း စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးကြောင့်...
ပင်လောင်းမြို့နယ် တိုက်ပွဲပြင်းထန်၊ ဒေသခံနှင့် စစ်ဘေးရှောင်များ ထပ်မံထွက်ပြေးရ
သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲပြန်လည် ပြင်းထန်လာသည့်အတွက် ဒေသခံများနှင့် စစ်ဘေးရှောင်များ ထပ်မံ နေရာပြောင်းရွှေ့ရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) နံနက်ပိုင်းမှစ၍ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့ တိုက်ပွဲတဖန် ပြန်လည်ပြင်းထန်လာသည့်အတွက် နမ်းဖာမူ၊...
ပင်လောင်းမြို့နယ် စစ်ရှောင်များ စားနပ်ရိက္ခာလိုအပ်
သျှမ်းပြည် ပင်လောင်းမြို့နယ်ရှိ ကရင်နီဘက်မှရောက်ရှိလာသည့် စစ်ရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေပြီး အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လောင်းမြို့နယ် ဗန်မောက်ကျေးရွာရှိ ကရင်နီဘက်မှ ရောက်ရှိလာသည့်စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာမှစ၍ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေရပြီး၊လက်ရှိတွင် အနီးအနားရွာတွင် တိုက်ပွဲများကြောင့် စားနပ်ရိက္ခာ များ ဝယ်ယူရန် လမ်းကြောင်းများ သွားလာခက်ခဲနေကြောင်း...
ပင်လောင်မြို့နယ် စစ်ရှောင် လင်မယားနှစ်ဦး ရိက္ခာပြန်ယူစဉ် မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရ
SHAN -
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ်၊လုံးပျဉ်ရွာ စစ်ရှောင် လင်မယားနှစ်ဦးသည် မေလ၅ရက်တွင် ရွာသို့ ဆိုင်ကယ်ဖြင့် ရိက္ခာပြန်ယူစဉ် ရွာမရောက်ခင် ဆိုင်းဘုတ်အနီးတွင် ဆိုင်ကယ်က မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မိုင်းနင်းမိသည့် စစ်ရှောင်လင်မယားသည် အသက်၄၆နှစ်အရွယ်ရှိ ဦးဘုန်းနှင့် အသက်၄၁အရွယ်ရှိ ဒေါ်နန်းခင်ထွေးတို့ ဖြစ်ပြီး ဆောင်းပြောင်းဆေးရုံတွင် ဆေးကုသနေသော်လည်း ဒဏ်ရာ ပြင်းထန်ခြင်းကြောင့် တောင်ကြီးမြို့ရှိဆေးရုံသို့...
ပင်လောင်း၊ ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲ ကလေးငယ်အပါအဝင် ၄ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ
သျှမ်းပြည် ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်ခြင်း၊ ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် ကလေးငယ်အပါအဝင် ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၉ ဦးရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁၁) ရက်တွင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းရှိ ပီကင်းရွာနှင့် လွယ်ယင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက...
သျှမ်း-ကရင်နီ(ကယား) အဓိကကျသည့် နောင်ဝိုးတံတား ဖျက်ဆီးခံရ
သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိကျဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ဝိုးတံတား ၁ စင်းသည် စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာရှိ နောင်ဝိုးတံတားသည် သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိက ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်မှတံတား ၁ စင်းဖြစ်ပြီး စစ်ရေးအရ အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်ကာ စစ်ကောင်စီ၏...
ပင်လောင်းမြို့နယ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများအား Danu PDF မှခိုးယူနေဟု ဓာတ်ပုံသတင်းမှားဖြန့်
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေစဉ် ဒေသခံနေအိမ်အတွင်းရှိ ပစ္စည်းများကို ဓနုအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် Danu PDF တပ်ဖွဲ့မှကားများဖြင့် လာရောက်ခိုးယူနေကြောင်း သတင်းမှားဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Mawshan Myay Media အကောင့်မှ “တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ပင်လောင်းဒေ ပအိုဝ်းကျေးရွာတွေမှာ KNDF ပူးပေါင်းအဖွဲ့က တိုက်ပွဲတွေ...
ပင်လောင်းမြို့နယ် နန်းတုတ်ရွာကို စစ်ကောင်စီကလေယာဉ်ဖြင့်ဗုံးကြဲ၊ နေအိမ် ၆ လုံးပျက်စီး
သျှမ်းပြည် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သားနေအိမ် ၆ လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ မတ်လ ၂၂ ရက် ညပိုင်း ၁၂ နာရီဝန်းကျင်တွင် ပင်လောင်း-ဖယ်ခုံ နယ်စပ်ဒေသရှိ နန်းတုတ်တောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က...
ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်နေဆဲ
သျှမ်းပြည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်မတော် KNDF ၊မဟာမိတ်ပူးပေါင်း တော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီတပ်နှင့်လက်အောက်ခံ ပြည်သူ့စစ် PNA က ပင်လောင်း-ဖယ်ခုံနယ်စပ်ကို ထိုးစစ်ဆင်မှုကြောင့် မတ်လ ၁၀ ရက်ကတည်း ပင်လောင်းမြို့နယ်အတွင်းမှာ တိုက်ပွဲတစ်ကျော့ပြန်ဖြစ်ပွားလာပြီး လက်ရှိ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲပြင်းထန်လာနေကြောင်း ပင်လောင်းမြို့ဒေသခံများထံမှ သိရသည်။ ပင်လောင်းမြို့ တောင်ဘက်ရှိ ဆောင်းပြောင်းကျေးရွာသည် ပင်လောင်-ဖယ်ခုံ လမ်းမပေါ်တွင်တည်ရှိပြီး ပင်လောင်းမြို့နှင့်...






