Tuesday, May 7, 2024

သျှမ်း-ကရင်နီ(ကယား) အဓိကကျသည့် နောင်ဝိုးတံတား ဖျက်ဆီးခံရ

Must read

သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိကျဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်ရှိ နောင်ဝိုးတံတား ၁ စင်းသည် စစ်ကောင်စီ၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပျက်စီးသွားကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ် နောင်ဝိုးကျေးရွာရှိ နောင်ဝိုးတံတားသည် သျှမ်း-ကရင်နီ (ကယား)ပြည်အကြား အဓိက ဆက်သွယ်ထားသည့် ပြည်ထောင်စုလမ်းမပေါ်မှတံတား ၁ စင်းဖြစ်ပြီး စစ်ရေးအရ အရေးပါသော ထောက်ပို့လမ်းကြောင်းဖြစ်ကာ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မတ်လ ၃၀ ရက်က ပျက်စီးသွားကြောင်း ပင်လောင်းမြို့ဒေသခံတစ်ဦးက ပြောသည်။

“နောင်ဝိုးတံတားကို စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်လို့ပျက်သွားတာ။ ပင်လောင်းနဲ့ ဖယ်ခုံကြား အဲ့တံတားကအဓိကကျတယ်။ အဲ့တံတားကျိုးသွားရင် ဘာမှလုပ်လို့မရတော့ဘူး” ၎င်းကပြောသည်။

ယင်းကဲ့သို့ တံတားပျက်စီးသွားသောကြောင့် ပင်လောင်းမြို့ကို တိမ်းရှောင်လာမည့် ကရင်နီ (ကယား)ပြည်က စစ်ဘေးရှောင်သော်လည်း၊ ဖယ်ခုံမြို့ဘက်သို့ နေရပ်ပြန်သွားမည့် စစ်ဘေးရှောင်သော်လည်းကောင်း သွားလာ၍ မရတော့ကြောင်းဆိုသည်။

ပင်လောင်းမြို့နယ်တွင် မတ်လ ၁၀ ရက်မှစပြီး တိုက်ပွဲဖြစ်ပွားလာရာ နမ့်ဖာမှု၊ နောင်ဝိုး၊ ဆောင်းပြောင်း၊ ကားရား၊ ကုန်းပေါ၊ ဗန်းမော်၊ တောင်မဲသင်း စသည့် ကျေးရွာများမှ စစ်ဘေးရှောင် ၁ သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article