နေအိမ်မီးလောင်
ကွတ်ခိုင်မြို့နယ် မီးလောင်သွားသည့်နေအိမ်ပြန်ဆောက်ဖို့ အကူအညီလိုအပ်နေ
သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ-နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဧပြီ ၇ ရက်) ညနေ ၁၀ နာရီကျော်အချိန်မှ စပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း အိမ်ခြေ (၄၇) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း...
ကွတ်ခိုင်မြို့ နေအိမ်မီးလောင် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး မီးလောင်မှုကြောင့် အသက် သေဆုံးခဲ့ရကြောင်း သတင်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၇) ရက် ည ၁၀ နာရီကျော်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် ၇ တွင် နေထိုင်သည့် ဦးကျူးချောက်ခန်း၏ နေအိမ်တွင်...
သီပေါမြို့ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ မြို့လယ်ရပ်ကွက် မှ TV နှင့် စလောင်းများကို ပြုပြင်သည့် နေအိမ်မှ မီးစတင်လောင်ရာ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅) ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် TV နှင့် စလောင်းများ...
တောင်ကြီးမြို့ နေအိမ်မီးလောင် အမျိုးသားတဦးသေ
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၁နာရီကျော်တွင် နေအိမ် တလုံးမီးလောင်မှုဖြစ်ပွားကာ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လည် ၁၁နာရီ ၂၅မိနစ် အချိန်တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင့် အသက် ၃၀နှစ် အရွယ် ကိုဆူရီယာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ကံအောက်ရပ်ကွက် နေထိုင်သူများပြောပြချက်...
တကိုယ်လုံးမီးလောင် ဒဏ်ရာရသည့် ၉ နှစ်အရွယ် ကျေးသီးမြို့က မိန်းကလေး ဆေးကုရန် အကူအညီလိုအပ်
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် နားပန်ကျေးရွာ တွင် နေအိမ်မီးလောင်မှုကြောင့် တကိုယ်လုံး မီးလောင်ဒဏ်ရာရကာ ဆေးရုံတွင်ဆေးကုသနေသော အသက် ၉ နှစ် အရွယ်မိန်းခလေးမှာ ဆေးကုသ ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ဆေးရုံတွင် တလ ကျော်ကြာဆေးကုသမှုခံယူနေရပြီဖြစ်သဖြင့် လက်ရှိတွင်ဆေးကုသမှုစရိတ်နှင့် ပြုစု စောင့် ရှောက်မှုစရိတ်စကများအထူးအခက်အခဲဖြစ်နေကြောင်း သမီးဖြစ်သူအား...