Wednesday, January 28, 2026

တောင်ကြီးမြို့ နေအိမ်မီးလောင် အမျိုးသားတဦးသေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ကံအောက်ရပ်ကွက်တွင် ယနေ့ နေ့လည် ၁၁နာရီကျော်တွင် နေအိမ် တလုံးမီးလောင်မှုဖြစ်ပွားကာ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Photo by SHAN

ယနေ့ နေ့လည် ၁၁နာရီ ၂၅မိနစ် အချိန်တွင် နေအိမ်မီးလောင်ကျွမ်းမှုကြောင့် အသက် ၃၀နှစ် အရွယ် ကိုဆူရီယာ မီးလောင်ကျွမ်းဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ကံအောက်ရပ်ကွက် နေထိုင်သူများပြောပြချက် အရသိရသည်။

“ မီးလောင်ထဲမှာ အမျိုးသားတဦး သေဆုံးသွားတယ်။ ဘာကြောင့်လောင်လဲဆိုတာမသိရသေးဘူး” ဟု ကံအောက်ရပ်ကွက် နေထိုင်သည့် အမျိုးသားတဦး က ပြောသည်။

Photo by SHAN

မီးလောင်သည့်ထဲတွင် သေဆုံးသည့် အမျိုးသားသည် စကားမပြောနိုင်ကြောင်း၊ ခန္ဓာကိုယ်မသန်စွမ်းသည့် သူဖြစ်နေကြောင်းလည်း ရပ်ကွက်နေ ပြည်သူများပြောပြချက် အရ သိရသည်။

အဆိုပါ မီးလောင်မှု နှင့် ပတ်သက်ပြီး တောင်ကြီးမြို့မီးသတ်ဌာန မှ စုံစမ်းနေကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ဆုံးရှုံးမှုကိုလည်း အသေးစိတ်မသိရှိသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...

ကျောက်မဲမြို့နယ် နောင်ပိန်ရွာထဲ စစ်ကော်မရှင် ဆက်တိုက်ဗုံးကြဲ၊ နေအိမ်အများစု မီးလောင်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာထဲ စစ်ကော်မရှင်တပ်မှ Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကြဲခံရခြင်းကြောင့် နေအိမ်အများစု မီးလောင်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်) နံနက်ပိုင်းမှ စတင်ပြီး TNLA ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့ မြေပြင်ထိတွေ့တိုက်ပွဲ ပြင်းထန်နေသည့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း Y-12...

နောင်ချို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်၊ နေအိမ်အများအပြား မီးလောင်ပျက်စီး

0
သျှမ်းပြည် နောင်ချိုမြို့နယ် အုမ္မတီးလမ်းခွဲကျေးရွာတဝိုက်ကို အပစ်ရပ် သက်တမ်းတိုးထားသည့် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂၄ ရက်) ညနေ (၆) နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲ...

ကျောက်ဂူတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်မီးလောင်၊ဒေသခံတစ်ဦး ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် မီးလောင်ပျက်စီးသွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၄ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီနှင့်ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) တို့ နှစ်နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂)လုံးမီးလောင်ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု...

မိုင်းရှူးမြို့ မူးယစ်ဆေး‌ဝါး သုံးစွဲသည့် အမျိုးသားကြောင့် နေအိမ်မီးလောင်

0
သျှမ်းပြည် မိုင်းရှူးမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသားတစ်ဦး နေအိမ်ကို မီးရှို့ပြီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၂ ရက်) ည ၉ နာရီခွဲဝန်းကျင်တွင် မိုင်းရှူးမြို့ ရပ်ကွက် (၂) အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသားတစ်ဦးမှ နေအိမ်ကို မီးရှို့ခြင်းကြောင့်...