ကွတ်ခိုင်မြို့နယ် မီးလောင်သွားသည့်နေအိမ်ပြန်ဆောက်ဖို့ အကူအညီလိုအပ်နေ

သျှမ်းပြည် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ-နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်ပျက်စီးဆုံးရှုံးသွားခဲ့သည့် နေအိမ်များပြန်လည်ထူထောင်ရေးအတွက် အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

မီးလောင်သွားသည့်နေအိမ်များ

ပြီးခဲ့သည့် (ဧပြီ ၇ ရက်) ညနေ ၁၀ နာရီကျော်အချိန်မှ စပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ စုစုပေါင်း အိမ်ခြေ (၄၇) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိ မီးလောင်ပျက်စီးဆုံးရှုံးသွားသည့် စုစုပေါင်း အိမ်ခြေ (၄၇) လုံးထဲမှ လက်ရှိ နေထိုင်သည့် အိမ်ခြေ (၂၁) စုအတွက် နေအိမ်အသစ်ပြန်လည်ထူထောင်ရေး တည်ဆောက်ဖို့ရန် အကူညီလိုအပ်နေကြောင်း ၎င်းကိုသွားရောက်ကူညီနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ အခုက စာသင်ကျောင်းမှာ စုပြီးနေရတာပေါ့ဗျာ။ နေစရာအိမ်တွေလည်း မရှိတော့ဘူး။ စားဖို့သောက်ဖို့ကတော့ ခက်ခဲမှုတွေ သိပ်မရှိပါဘူး။ စားစရာအတွက် ကူညီပေးတဲ့သူက များပါတယ်။ အခုက ပြန်လည် ထူထောင်ရေး ဆိုပေမယ့်လည်း ဘယ်သူဘဲဖြစ်ဖြစ် အလှူရှင်တွေပေါ်ပေါက်လာနိုင်အောင် သွပ်တစ်ချပ်တနိုင်နိုင်၊ စေတနာရှိ သလောက်ကူညီပေးပါ “ ဟု ၎င်းက အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်သွားသည့်နေအိမ်များ

အဆိုပါ ဒေသခံနေအိမ်မီးလောင်မှု ဖြစ်ပွားရခြင်းမှာ တောတောင်အတွင်းရှိ သစ်ခြောက်၊ သစ်ကိုင်း၊ ထင်း မီးလောင်မှုမှ တစ်ဆင့်မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မီးစွဲလောင်မှုကြီးကြောင့် စုစုပေါင်း အိမ်ခြေ (၄၇) လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် မီးလောင်နေစဉ်အတွင်း နမ့်ဖက်ကာ-နမ့်ခမ်းမှ မီးသတ်ကားကို ဖုန်းဆက်အကူညီတောင်းခံခဲ့ပေမယ့် မီးစွဲလောင်မှုကြီး ဖြစ်ပွားခဲ့သောကြောင့် အချိန်မှီ မီးကို မငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ အနီးနားရှိစွဲလောင်နေသည့် မီးကိုသာ ထပ်မပွားအောင် ရေဖြန်းပေးနိုင်ခဲ့ကြောင်း PSLF/ TNLA မှ ယမန်နေ့ (ဧပြီ ၉ ရက်)နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက်မှလာသော ငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးတွင် ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်းမှ တင်သွင်းလာသော ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅ ဘီလီယံခန့် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မန္တလေးမြို့တွင် ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ယမန်နေ့ (ဧပြီလ ၈ ရက်) တွင် သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ စိတ်ကြွဆေးပြား...

စက်သုံးဆီပြဿနာကြောင့် ကွတ်ခိုင်-မန္တလေး အရေးပေါ်လူနာပို့ခ ကျပ်သိန်း ၂၀ ထိရှိလား

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့မှ အရေးပေါ်လူနာများကို မန္တလေးမြို့အထိ သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀ အထိ ရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့ကို “၁၀၂၇ စစ်ဆင်ရေး” အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...

သီပေါမြို့နယ် မိုင်းခေးဈေး လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်၊ ကျပ်သိန်းထောင်ချီဆုံးရှုံးမှုရှိ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးတွင် လျှပ်စစ်ဝါယာရှော့ခ်ကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းထောင်ချီ ရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) ည ၁၁ နာရီခွဲဝန်းကျင်တွင် သီပေါမြို့နယ် မိုင်းခေးကျေးရွာရှိ မိုင်းခေးဈေးထဲတွင် လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၀...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...

ကွတ်ခိုင်ကို MNDAA အလုံးစုံထိန်းချုပ်၊ မူဆယ်-လားရှိုးပြည်ထောင်စုလမ်းမကြီး ပြန်ဖွင့်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်ဖွဲ့ MNDAA မှ အလုံးစုံ ထိန်းချုပ်လိုက်ပြီးနောက် မူဆယ်-လားရှိုး တိုက်ရိုက်သွားလာနိုင်ရန် ပြည်ထောင်စုလမ်းမကြီးကို ပြန်ဖွင့်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကွတ်ခိုင်မြို့နယ် တစ်ခုလုံးကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ အလုံးစုံ တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက်...