ထိုင်းအာဏာပိုင်

ချင်းမိုင်မြို့ ရဲများ နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေး၊ ရဲကင်းများလည်း အရင်ကထက်ပိုများလာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အတွင်း ထိုင်းရဲတပ်ဖွဲ့များက ယခုရက်ပိုင်း နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးမှုရှိသကဲ့သို့ ရဲကင်းစောင့်များတွင်လည်း စစ်ဆေးမှု ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ချင်းမိုင်မြို့အတွင်း ယခုရက်တစ်ပတ် ညအချိန်များတွင် ထိုင်းရဲ့တပ်ဖွဲ့များက ယခင်ထပ်ပို၍ စစ်ဆေးတင်း ကြပ်မှုများ ပြုလုပ်လာပြီး ရွှေ့ပြောင်းအလုပ်သမားများ သတိထားသွားလာရန် လိုအပ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့်...

ရွှေ့ပြောင်းလုပ်သားများအရေး ဆောင်ရွက်နေသည့် AAC ရုံးပိတ်သိမ်းရန် ထိုင်းအာဏာပိုင်များအမိန့်ပေး

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်ခဲများကို ကူညီဆောက်ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့၏ရုံးကို ယမန်နေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) မနက်ပိုင်းတွင် ထိုင်းအာဏာပိုင်းများက လာရောက်စစ်ဆေးပြီး ရုံးပိတ်သိမ်းရန် ပြောဆိုသွားကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ “လက်တွဲကူညီ AAC မဟာမိတ်” အဖွဲ့သည် ထိုင်းအစိုးရထံမှ တရားဝင်မှတ်ပုံတင်ထားခြင်း မရှိသဖြင့်...

မဲဆောက်တွင် ပြောင်းတင်သည့်ကားပေါ်သို့ လိုက်ပါလာသည့် မြန်မာ (၈) ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြောင်းစေ့များတင်ဆောင်လာသည့် ကားပေါ်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား (၈) ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ယနေ့ (ဖေဖော်ဝါရီလ ၆) ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်တွင် မဲဆောက်မြို့အထွက်ရှိ ဟွေ့ဟင်ဖွန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးအား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာ ကားအတွင်းရှိ...

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် လာမည် ၂၀၂၅ ခုနှစ် လုပ်ခလစာ တို့မြှင့်ပေးမည်

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် ၂၀၂၅ ခုနှင်တွင် ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်ကြေညာလိုက်သည်။ လာမည့် ၂၀၂၅ ခုနစ်အတွက် တစ်ရက်လုပ်အားခ အနိမ့်ဆုံး ၃၃၇ ဘတ်နှင့် အမြင့်ဆုံး ၄၀၀ ဘတ်အထိ သတ်မှတ်ထားကာ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင်...

ထိုင်းနှင့် UWSA အကြား နယ်နိမိတ်ပြဿနာဖြေရှင်းမှု ဘယ်အခြေအနေ ရောက်ပြီလဲ

မြန်မာ-ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA အကြား နယ်နိမိတ်အငြင်းပွားမှု ပြဿနာ ပြန်လည်စတင်လာသည်မှာ ဒီဇင်ဘာလ (၁၈) ရက်တွင် တစ်လပြည့်မြောက်ပြီ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ (၁၈၊ ၁၉) ရက်တို့တွင် ထိုင်းစစ်တပ်၏ ဖိတ်ခေါ်မှုကြောင့် UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသမှ “တာ့ထန်”...

ဖုန်းဆက်ပြီး ငွေလိမ်လည်သူများအား သတိထားကြရန် ထိုင်းထောက်လှမ်းရေးအသိပေး

ထိုင်းနိုင်ငံတွင် အခုရက်ပိုင်းအတွင်း ဖုန်းမှတစ်ဆင့် ဆက်သွယ်လာပြီး ငွေလိမ်လည်မှုများရှိနေသဖြင့် သတိထားကြရန် ထိုင်းထောက်လှမ်းရေးအဖွဲ့မှ အသိပေးကြေညာထားသည်။ ငွေလိမ်လည်သူများက 0600031913 ဆိုသည့် ဖုန်းနံပါတ်ကိုအသုံးပြုပြီး ဆက်သွယ်လာကာ ငွေလွှဲပေးရန် လှည့်ဖြားခြင်း၊ အချက်အလက်များအား တောင်းယူခြင်း၊ မိုဘိုင်းလ်ဖုန်း ဒရိုက်ဗာ ထည့်သွင်းရန် လှည့်စားခြင်း၊ အက်ပလီကေးရှင်း ဒေါင်းလုတ်ရန် စည်းရုံးခြင်းနှင့် လုံခြုံရေးကုဒ်...

မူးယစ်ရာဇာ ထွန်းမင်းလတ် ထံ စစ်အာဏာသိမ်းခေါင်းဆောင် သားသမီး ပိုင်ဆိုင်မှုများ ပါဝင်နေကြောင်း Justice for Myanmar ကထုတ်ပြန်

မူးယစ်ရာဇာ လက်နက်ပွဲစား ထွန်းမင်းလတ် ကို ထိုင်းအာဏာပိုင်များ ဖမ်းဆီးချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုများ ပါဝင်ထားကြောင်း Justice for Myanmar က ယနေ့ (ဇန်နဝါရီ ၁၁) တွင် ထုတ်ပြန်ခဲ့သည်။ မြန်မာခရိုနီလက်နက်ပွဲစား ထွန်းမင်းလတ်ကို ဖမ်းဆီးရမိချိန်တွင် စစ်ခေါင်ဆောင်...

ယာဥ်စည်းကမ်း လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်

ထိုင်းနိုင်ငံ အတွင်း ကား / ဆိုင်ကယ် ယာဥ်စည်းကမ်းများ လိုက်နာမှု မရှိပါက ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၉) ရက် မှစတင်ပြီး ထိုင်းအာဏာပိုင်ဘက်မှ ယာဥ်စည်းကမ်းများကို ထုတ်ပြန်ထားကြောင်း Chiangmai News သတင်းဌာနမှ ထုတ်ပြန်ထားသည်။ “ထိုင်းအာဏာပိုင်တွေ ခုရက်ပိုင်း စည်းကမ်းတွေ...

Latest news