ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် လာမည် ၂၀၂၅ ခုနှစ် လုပ်ခလစာ တို့မြှင့်ပေးမည်

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် ၂၀၂၅ ခုနှင်တွင် ရွှေ့ပြောင်းအလုပ်သမားများကို လုပ်ခလစာ တိုးမြှင့်ပေးမည်ဟု ထိုင်းအာဏာပိုင် ထုတ်ပြန်ကြေညာလိုက်သည်။

လာမည့် ၂၀၂၅ ခုနစ်အတွက် တစ်ရက်လုပ်အားခ အနိမ့်ဆုံး ၃၃၇ ဘတ်နှင့် အမြင့်ဆုံး ၄၀၀ ဘတ်အထိ သတ်မှတ်ထားကာ လာမည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် စတင် သက်ဝင် ကျင့်သုံးသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင်အထောက်အထား မရရှိသေးချိန်တွင် နေထိုင်စားသောက်ရေးအတွက် အလုပ်ရှင်ပေးသည့် နှုန်းဖြင့်သာ လုပ်ကိုင်နေရကြောင်း မြန်မာ အလုပ်သမားထံမှ သိရသည်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင်လည်း ထိုင်းနိုင်ငံ အစိုးရသည် တစ်ရက်လုပ်အားခ တိုးမြှင့်ပေးမည်ဟု ထုတ်ပြန်ခဲသော်လည်း အချို့တော့ ပန်းရံလုပ်သားများသည် လက်ရှိအချိန်ထိ လုပ်အား ခံစားခွင့် မရရှိသေးကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“၂၀၂၀ ကတည်းက တိုးပေးမယ်ပြောတာပဲ တချို့တော့ ခံစားရတာပေါ့ ကျနော်တို့တော့ မခံစားရဘူး။ ပန်းရံလုပ်တာ နှစ်နဲ့ချီနေပြီ တခါတလေ အလိမ်တောင်ခံရတယ်။ အခုလည်း တိုးပေးမယ်လို့တော့ ကြားတယ် ခံစားရမလားတော့ မသိဘူး။ စောင့်ကြည့်ရအုန်းမှာပေါ့”ဟု ၎င်းက‌ ပြောသည်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့ တရားဝင်သူနှင့် တရားမဝင်သူများ နှစ်စဉ်နှင့်အမျှ ဝင်ရောက်ကြပြီး ၂၀၂၄ ခုနှစ်ထဲက အထောက်အထားမဲ့ မြန်မာနိုင်ငံသား မြောက်များစွာ ဝင်ရောက်သည့် နှစ်ဖြစ်ကြောင်း သိရသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...