Tuesday, January 27, 2026

ဖုန်းဆက်ပြီး ငွေလိမ်လည်သူများအား သတိထားကြရန် ထိုင်းထောက်လှမ်းရေးအသိပေး

ထိုင်းနိုင်ငံတွင် အခုရက်ပိုင်းအတွင်း ဖုန်းမှတစ်ဆင့် ဆက်သွယ်လာပြီး ငွေလိမ်လည်မှုများရှိနေသဖြင့် သတိထားကြရန် ထိုင်းထောက်လှမ်းရေးအဖွဲ့မှ အသိပေးကြေညာထားသည်။

ငွေလိမ်လည်သူများက 0600031913 ဆိုသည့် ဖုန်းနံပါတ်ကိုအသုံးပြုပြီး ဆက်သွယ်လာကာ ငွေလွှဲပေးရန် လှည့်ဖြားခြင်း၊ အချက်အလက်များအား တောင်းယူခြင်း၊ မိုဘိုင်းလ်ဖုန်း ဒရိုက်ဗာ ထည့်သွင်းရန် လှည့်စားခြင်း၊ အက်ပလီကေးရှင်း ဒေါင်းလုတ်ရန် စည်းရုံးခြင်းနှင့် လုံခြုံရေးကုဒ် (သို့) အရေးကြီး အချက်အလက်များကို တောင်းယူခြင်း စသည့်ဖြင့် လိမ်လည်နေကြောင်း ဆိုသည်။

ထို့အပြင် ဖုန်းမက်ဆေ့အတွင်း Link (လင့်ခ်) များ ပို့ပေးတတ်လာသောကြောင့် စူးစူးစမ်းစမ်းဝင်ရောက် ကြည့်ရှုခြင်း မပြုလုပ်ကြရန်၊ ငွေလိမ်လည်သူများက အက်ပလီကေးရှင်း ဒေါင်းလုတ်ခိုင်းပြီး အလိုအလျှောက် ငွေများနုတ်ယူသွားသောကြောင့် အထူးသတိပြုရန် ထိုင်းထောက်လှမ်းရေးအဖွဲ့မှ အသိပေးထားသည်။

ထို့ကြောင့် ယင်းဖုန်းနံပါတ်အား ဆက်သွယ်လာပါက မကိုင်ရန်၊ မဆက်သွယ်ရန် ထိုင်းထောင်လှမ်းအရေးအဖွဲ့မှ အသိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...

အလုပ်လုပ်ကိုင်ခွင့် လက်မှတ် လျှောက်ကြရန် ထိုင်းအာဏာပိုင် ထပ်မံအသိပေး

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို ဒီဇင်ဘာလ ၂၆ ရက်မတိုင်ခင် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် ဝေါ့ခ်ပါမစ် (Work Permit) လျှောက်ထားကြရန် ထိုင်းအလုပ်အကိုင် စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ်က အသိပေးလိုက်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် စုံချိုင်မော်လကွတ်စီဝမ်က မြန်မာ၊...

ကမ္ဘာ့အလုပ်သမားနေ့တွင် AAC အလုပ်သမားရုံး ဖြိုဖျက်ခံရ

0
ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားကို ကူညီဆောင်ရွက်ပေးနေလျက်ရှိသော လက်တွဲကူညီ (AAC) မဟာမိတ်အဖွဲ့ရုံးကို မြေပိုင်ရှင်နှင့် ထိုင်းအာဏာပိုင်များက ယနေ့ မေလ (၁) ရက်တွင် ဝင်ရောက်ဖြိုဖျက်ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင် ထစန်ရပ်ကွက်ရှိ အဆိုပါရုံးကို မြေပိုင်ရှင်နှင့် ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။ AAC မဟာမိတ်ရုံးသည် ထိုင်းအစိုးရထံတွင်...

တရားမဝင်အလုပ်လုပ်ကိုင်မှုကြောင့် ကျောင်းသားဗီဇာများကို ထိုင်းအစိုးရ ပြန်လည်စိစစ်မည်

0
ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေမှုကိုတားဆီးရန် ခွင့်ပြုသည့်သက်တမ်းကို ထိုင်းနိုင်ငံ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဝန်ကြီးဌာနနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန တို့ပူးပေါင်း ကာ ပြန်လည်စိစစ်သွားမည်ဟု သတင်းရရှိသည်။ ထိုင်းနိုင်ငံ၏ ဥပ‌ဒအရ နိုင်ငံတကာကျောင်းသားများ၏ ဗီဇာများကို တစ်ကြိမ်လျှင်ရက် (၉၀)နှင့်...

ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များမှ ရှောင်တခင် စစ်ဆေးမှု ပြုလုပ်နေ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင်များကို ထိုင်းအာဏာပိုင်များက ယခုရက်ပိုင်း ရှောင်တခင် စစ်ဆေးမှု ပြန်လည်ပြုလုပ်နေပြီး၊ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ သတိထားရန် လိုအပ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ပြောဆိုလိုက်သည်။ ယနေ့ (မတ် ၂၆ ရက်) နေ့လယ်ပိုင်းတွင် ချင်းမိုင်မြို့ရှိ မြန်မာစားသောက်ဆိုင် တစ်ခုကို ထိုင်းအာဏာပိုင်များက ရှောင်တခင်...