ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊ စုံစမ်းစစ်ဆေးရေးချုပ် ရဲမှူးချုပ်၏ ညွှန်ကြားချက်အရ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့နှင့် Chang Phueak ရဲစခန်းတို့ ပူးပေါင်းကာ အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုအရက်ဖြူ (Lao Khao)ဂိုဏ်းအဖွဲ့ဝင်များသည် ထိုင်းလူမျိုးအခေါ် တိုင်းယိုင် (သျှမ်းလူငယ်)များဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောသည်။
အဆိုပါဖမ်းဆီးမှုအတွင်း အထောက်အထားမရှိသော လူငယ် ၂ ဦးအပါအဝင် ပေါက်ကွဲစေတတ်သော ပစ္စည်း၊ ဓား၊ လက်သီးကွင်း၊ လေးခွနှင့် တရားမဝင် ပြုပြင်မွမ်းမံထားသော ဆိုင်ကယ် ၇ စီးကို သိမ်းဆည်းခဲ့ကြောင်း Chiang Mai News က ရေးသားဖော်ပြထားသည်။
ဖမ်းဆီးရမိသော သျှမ်းလူငယ် ၁၃ ဦးကို နောင်တွင် ပြစ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ရန် ရဲစခန်းတွင် ကိုယ်ရေးရာဇာဝင်မှတ်တမ်း (Criminal Record) ပြုလုပ်ထားကြောင်း သိရသည်။












Leave a Comments