မဲဆောက်တွင် ပြောင်းတင်သည့်ကားပေါ်သို့ လိုက်ပါလာသည့် မြန်မာ (၈) ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပြောင်းစေ့များတင်ဆောင်လာသည့် ကားပေါ်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား (၈) ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ယနေ့ (ဖေဖော်ဝါရီလ ၆) ရက် နံနက်အစောပိုင်း ၁ နာရီဝန်းကျင်တွင် မဲဆောက်မြို့အထွက်ရှိ ဟွေ့ဟင်ဖွန် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကုန်တင်ကားတစ်စီးအား ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေရာ ကားအတွင်းရှိ ပြောင်းစေ့များအောက်သို့ ပုန်းအောင်းလိုက်ပါလာသော မြန်မာနိုင်ငံသား (၈) ဦးကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၈) ဦးမှာ အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ဖြစ်ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း စမွတ်ပရာကန်ပြည်နယ်သို့ သွားရောက်ကာ အလုပ်လုပ်ကိုင်မည့်သူများဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးပြီး မဲဆောက်မြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၃၀ ရက်တွင် ပြောင်းဖူးတင်ဆောင်လာသည့် ကားပေါ်သို့ လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၂၆ ဦးလည်း မဲဆောင်ခရိုင် ဂိတ်တစ်ခု၌ ဖမ်းဆီးခံခဲ့ရသည်။

ထိုင်း-မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် အထူးသဖြင့် မဲဆောင်ခရိုင်းအတွင်း ကျားဖြန့်လုပ်ငန်းကို ဦးတည်ပြီး လူမှောင်ခိုတားဆီးသည့် စီမံချက်ကို ထိုင်းအစိုးရ အရှိန်အဟုန်မြင့် လုပ်ဆောင်နေလျက်ရှိသည်။

ထိုကြောင့် နိုင်ငံအတွင်း တရားမဝင် နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် မြန်မာနိုင်ငံသားများ၊ တရားမဝင် အလုပ်လုပ်နေသော ရွှေ့ပြောင်းအလုပ်သမား အများအပြား ဖမ်းဆီးခံရနေသဖြင့် သတိထားသွားလာကြရန် ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်သူများက အသိပေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် တစ်ရက်လျှင် ဘတ် ၇,၀၀၀ ဝင်ငွေရှိသည့် မြန်မာနိုင်ငံသား ဈေးသည် တိုင်ကြားခံရပြီး ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ Chang Phueak နယ်မြေတွင် စျေး လှည့်လည်ရောင်းချနေသော ဆိုင်များအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် (ပါမစ်) မရှိဘဲ ဈေးရောင်းချနေသည့် မြန်မာနိုင်ငံသားတစ်ဦးအား အာဏာပိုင်များမှ ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ ( စက်တင်ဘာလ ၉ ရက်) ညနေပိုင်းက ချင်းမိုင်ခရိုင် လဝက၊...

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

ရယောင်းရှိ တရုတ်ဒေတာစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ထိုင်းရဲတပ်ဖွဲ့ဝင်စီးနင်း၊ မြန်မာ ၂၀ ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်အတွင်း တရုတ်ရင်းနှီးမြှုပ်နှံသူများ ဦးစီးလုပ်ကိုင်နေသည့် ဒေတာစင်တာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုကို ထိုင်း အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် မြန်မာနိုင်ငံရွှေ့ပြောင်းအလုပ်သမား ၂၀ ဦးနှင့် တရုတ်နိုင်ငံသား ၄ ဦး၊ စုစုပေါင်း ၂၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ဖော်ပြသည်။ ပြီးခဲ့သည့် သြဂုတ် ၁၁...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...