တောင်ကြီး
တောင်ကြီး ဆန္ဒပြလူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးမှုပြုလုပ်နေသဖြင့် သပိတ်စစ်ကြောင်း ထွက်ရန် ခက်ခဲနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာရှင် အလိုမရှိ စစ်ကြောင်းချီတက်ဆန္ဒပြခွင့်မရအောင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ နည်းမျိုးစုံ ဟန့်တားပြီး၊ ဆန္ဒပြ လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးလူထု သပိတ်စစ်ကြောင်းသည် လမ်းပေါ်ထွက် ချီတက်ခွင့်မရကြသော်လည်း လူငယ်များ နည်းမျိုးစုံ၊ ပုံစံစုံဖြင့် ဆက်လက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်...
တောင်ကြီး PSI စလောင်းတပ်ဆင်သည့်အိမ် စစ်ကောင်စီ လိုက်လံစစ်ဆေးနေ
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် PSI Satellite Myanmar စလောင်းတပ်ဆင်ထားသည့် နေအိမ်များကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အုပ်စုက လိုက်လံစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ PSI စလောင်းတပ်ဆင်းထားသည့် အိမ်များကို ယနေ့ (ဧပြီ ၉ )ရက် တွင် လိုက်လံစစ်ဆေးနေသဖြင့် PSI တပ်ဆင်ထားသည့်နေအိမ်များ ဖြုတ်နေရကြောင်း...
အာဏာသိမ်းစစ်ကောင်စီ ဖမ်းဆီးသွားပြီးသေဆုံးသည် ကိုအောင်ပိုင်သူကို ယာဉ်တိုက်မှုဖြင့်သေဆုံး ဟု ထုတ်ပြန်
SHAN -
အာဏာသိမ်း စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားပြီး သေဆုံးသွားသည့် တောင်ကြီးလူငယ်တဦးကို ယာဉ်တိုက်မှုဖြင့် သေဆုံးသည် ဟု အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ဧပြီ (၄)ရက်တွင် တောင်ကြီးမြို့ညောင်ဖြူစခန်း အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရာ သွားရောက်ကူငြိမ်းသက် ပေးသည့် ကိုအောင်ပိုင်သူ ကို အာဏာသိမ်းစစ်ကောင်စီ က ဖမ်းဆီးခေါ်ဆောင်သွားပြီး၊...
တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက် မီးငြိမ်းသက်ရာ တွင် ကူညီပေးသည့်သူ (၄)ဦးထက်မနည်း အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်းစုံးစမ်းသိရသည်။ ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံ နှင့်အတူ မီးလောင်မှု ဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့သည်။ ညောင်ဖြူရပ်ကွက်...
တောင်ကြီး ရပ်ကွက်နေထိုင်သူ (၂)ဦးဖမ်းခံရ
SHAN -
တောင်ကြီးမြို့ ယနေ့(မတ် ၂၆)ရက် တွင် အကြမ်းဖက်စစ်ကောင်စီ မှ ကူညီကုန်းရပ်ကွက်တွင်နေထိုင်သည့် သူ (၂)ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ အကြမ်းဖက် စစ်ကောင်စီ အုပ်စုသည် ယနေ့ တောင်ကြီးမြို့ ရှိ ရပ်ကွက်များတွင် တလမ်းဝင် တလမ်းထွက် ဖြင့် ပြည်သူများကို လိုက်လံ ခြိမ်းခြောက်မှုပြုလုပ်နေပြီး၊...
တောင်ကြီး ငြိမ်းချမ်းစွာဆန္ဒပြသည့်လူထုသပိတ် စစ်ကောင်စီဖြိုခွင်း၊ ၈ဦးဒဏ်ရာရ
SHAN -
တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ က ယနေ့ (မတ် ၂၁)ရက် နေ့လည်ပိုင်းမှာ ရာဘာကျည်ဖြင့် အကြမ်းဖက်ဖြိုခွင်းကာ ပြည်သူ ၈ဦး ခန့် ဒဏ်ရာရရှိပြီး၊ တစ်ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွ့ဲက...
တောင်ကြီး စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က ကားကြီးဖြင့်လိုက်တိုက်၊ တဦးသေဆုံး ဟု သတင်းထွက်ပေါ်နေ
SHAN -
တောင်ကြီးမြို့တွင် ယနေ့ (မတ် ၁၇)ရက် မနက်၈နာရီဝန်းကျင်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ကားကြီးဖြင့် လိုက်လံတိုက်သည့်အတွက် ယာဉ်တိုက်မှုဖြစ်ကာ လူတဦး သေဆုံးသွားကြောင်း သတင်းထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ ယနေ့ (မတ် ၁၇)ရက် မနက် ၈နာရီဝန်းကျင် တွင် တောင်ကြီးမြို့ မင်းလမ်းရှိ အင်းဝဘဏ် အနီးတဝှိက်၌...
တောင်ကြီး Heart Rock Cafe ပိုင်ရှင် ဖမ်းဆီးခံရ
SHAN -
သျှမ်းတောင် တောင်ကြီး ပြည်တော်သာရပ်ကွက် ကြံ့ခိုင်ရေးလမ်းရှိ Heart Rock Cafe ပိုင်ရှင် ဦးသန်းဦး ကို ယနေ့ (မတ် ၁၆)ရက် ညနေပိုင်း တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ယနေ့ (မတ် ၁၆)ရက် ညနေ ၅နာရီခန့်တွင် စစ်ကောင်စီ...
တောင်ကြီး စဝ်စံထွန်းဆေးရုံမှ CDM ပါဝင်သည့် ဝန်ထမ်းများ လိုင်းခန်းမှ ဖယ်ရှားခံရ
SHAN -
တောင်ကြီးမြို့ စစ်စံထွန်းဆေးရုံတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM ) ပါဝင်သည့် ဝန်ထမ်းများ ယနေ့ (၁၅)ရက် အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။ စဝ်စံထွန်းဆေးရုံ ဝန်ထမ်းများ CDM ဆက်လုပ်မည်ဆိုပါက မတ် (၁၅)ရက်အပြီး နေအိမ်လိုင်းခန်းမှ ဖယ်ရှားပေးရမည်ဆိုသည့် ဖိအားပေး အကြောင်းကြားစာကို ယမန်နေ့ (၁၄)ရက်တွင်...
တောင်ကြီးဆိုင်ကယ်သပိတ် ရာဘာကျည်ဖြင့်ဖြိုခွင်းခံရ၊ ၆ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ယနေ့ (မတ် ၁၂)ရက် ညနေ ၆နာရီ ခွဲဝန်းကျင်တွင် စစ်အာဏာရှင်ကျဆုံးရန် ဆန္ဒထုတ်ဖော်သည့် ဆိုင်ကယ်သပိတ်ကြောင်း ရဲများက ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဆန္ဒထုတ်ဖော်သူ (၄)ဦး ထိမှန်ခဲ့ကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ဆိုင်ကယ်သပိတ်စစ်ကြောင်းကို ရဲ၊စစ်တပ် က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းသဖြင့် ပြည်သူ(၄)ဦး ရာဘာကျည်ထိမှန်ခဲ့ကြောင်း...





