Wednesday, January 28, 2026

တောင်ကြီး PSI စလောင်းတပ်ဆင်သည့်အိမ် စစ်ကောင်စီ လိုက်လံစစ်ဆေးနေ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် PSI Satellite Myanmar စလောင်းတပ်ဆင်ထားသည့် နေအိမ်များကို အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ အုပ်စုက လိုက်လံစစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။

PSI စလောင်းတပ်ဆင်းထားသည့် အိမ်များကို ယနေ့ (ဧပြီ ၉ )ရက် တွင် လိုက်လံစစ်ဆေးနေသဖြင့် PSI တပ်ဆင်ထားသည့်နေအိမ်များ ဖြုတ်နေရကြောင်း တောင်ကြီးဒေသခံများက ပြောသည်။

“ အိမ်တွေ PSI တပ်၊ထားလို့ဆိုပြီး စစ်သားတွေ လိုက်စစ်နေတယ်။ အခု တပ်ထားအိမ်တွေ ကတော့ ဖြုတ်နေတယ်။ ဖြုတ်ပြီးတော့ စလောင်းတောင်းယူသွားတယ်။ ကျနော်တို့ အိမ်မှာတပ်ထားရင် ဖြုတ်ပြီးတော့ ဖွက်ထားရပါတယ်” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။

PSI စလောင်း တပ်ထားသည့် နေအိမ်များတွေ့ရှိပါက ဖမ်းဆီးမှုပြုလုပ်မည်ဟုလည်း စစ်တပ်က ခြိမ်းခြောက်မှု ပြုလုပ်နေကြောင်း၊ ထို့ကြောင့် PSI တပ်ဆင်ထားသည့် တောင်ကြီးနေအိမ်များမှ ဖြုတ်နေရကြောင်း သိရသည်။

“ PSIက ကြည့်လို့လည်းမရတော့ဘူး။ ဒါပေမယ့် တပ်ထားရင် ဖမ်းမယ်ပြောလို့ ကျနော်တို့ ဖြုတ်လိုက်ရတယ်” ဟု တောင်ကြီး ဘုရားဖြူ ရပ်ကွက် ဒေသခံတဦး ကပြောသည်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ ပြည်သူများ သတင်းမှန်ကန်မှု မရရှိရန် အတွက် PSI Satellite Myanmar မှ ထုတ်လွှင့်သည့် Mizzima နှင့် DVB channel များကို ပိတ်ထားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်အာဏာသိမ်းစစ်ကောင်စီမှ အင်တာနက်ပိတ်ခြင်း၊ ဖုန်းများစစ်ဆေးခြင်း၊ စလောင်းများကို ဖြုတ်ပစ်ချင်ဖြင့် သတင်းမှန်များကို အမှောင်ချရန်အတွက် ကြိုးပမ်းလျက်ရှိနေသည်။

အလားတူ လုပ်ငန်းသုံး FITT Wifi ကိုလည်း မနက်ဖြန် ဧပြီလ ၁၀ ရက်နေ့တွင် ပိတ်သွားမည်ဖြစ်ကြောင်း လူမူကွန်ယက်ပေါ်တွင် ထွက်ပေါ်လျက်ရှိနေသည်။

မြန်မာနိုင်ငံတွင်းရှိ လွတ်လပ်သည့် သတင်းဌာနကြီး (၅) ခုဖြစ်သည့် DVB သတင်းဌာန၊ Myanmar Now သတင်းဌာန၊မဇ္ဈိမသတင်းဌာန၊ 7 Days သတင်းဌာန နှင့် ခေတ်သစ်မီဒီယာ သတင်းဌာန တို့သည် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ သတင်းပိတ်ပင်တားဆီးခဲ့ကြောင်း ထုတ်ပြန်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...