ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ

တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။

တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး ဆိုင်ကယ်တစီး နှင့် ပစ္စည်းများကို ယူဆောင်းသွားကြောင်း တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အဲ့နေ့ (မေ ၁၂)ရက် ညနေ ၄ နာရီလောက်က စစ်သားတွေ၊ ရဲတွေက ပြည်သူရဲ့ နေအိမ်ထဲကို သော့ဖျတ်ပြီးတော့ ဝင်တယ်။ ပြီးတော့ အဲအိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ ဆိုင်ကယ်ကိုလည်းယူသွားသေးတယ်” ဟု တောင်ကြီးမြို့ မျက်မြင်တွေ့ရှိသူတဦး က ပြောသည်။

တောင်ကြီးမြို့တွင် ဒလန်များ၏ သတင်းပေးမှုကြောင့် ပြည်သူများ လုံခြုံရေး စိုးရိမ်နေရကြောင်း၊ ဒလန်များကြောင့် မကြာခဏ ဖမ်းဆီးခံရပြီး၊ နေအိမ်ဝင်ရောက် စစ်ဆေးမှု ခံနေရကြောင်း လည်း တောင်ကြီး ဒေသခံများကပြောသည်။

“ သူတို့ အိမ်ထဲထိလိုက်ဖမ်းတယ်။ ဝင်ခိုးတယ်။ အိမ်တွေပါသော့ဖျတ်ပြီး ဝင်ခိုးတယ်ဆိုတော့ လွန်တာပေါ့။ သွားလာဖို့တောင်း တော်တော်စိုးရိမ်းရတယ်။ ခုတောင်းအိမ်မှာနေရင်တောင် ကြောက်နေရတယ်လေ။ အဓိကတော့ ဒလန်တွေကြောင့် ဒလန်တွေကို အရင်ရှင်းပစ်ရမယ်” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦး ကပြောသည်။

အလားတူ ယမန့်နေ့ မေလ ၁၃ ရက်နေ့က အိမ်အကူ(ဒလန်) သတင်းပေးမှုကြောင့် အိမ်ရှင် အမျိုးသမီး တစ်ဦးဖမ်းဆီးခံသွားရသည်။

ထိုနည်းတူ မတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တောင်ကြီးမြို့ မင်္ဂလာဦးရပ်ကွက်၊ ရတနာသီရိရပ်ကွက် နှင့် ရေအေးကွင်းရပ်ကွက် ရှိ နေအိမ်များ၊ ဆိုင်ကယ်များ ဝင်ရောက်ရိုက်နှက်ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

ရွာငံတွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရ၊ မေလအတွင်း (၉)ဉီးသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာနှင့် ကျောက်ငှက်ကျေးရွာတို့တွင် အမျိုးသား(၃)ဦးထပ်မံ အသတ်ခံရပြီး၊ မေလအတွင်း (၉)အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် မေလ (၂၀)ရက် ညသန်းခေါင်ယံ အချိန် ကျောက်ငှက်ကျေးရွာတွင် အသက် (၃၀)ကျော် ပျူစောထီးအမျိုးသား တစ်ဦးနှင့် အသက် (၃၀)ကျော် ဒေသခံ အမျိုးသားတစ်ဦးကို ဒလန်ဟု...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...