နည်းပညာတက္ကသိုလ်(တောင်ကြီး) စစ်ကောင်စီလုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သား တစ်ဦးသေ

တောင်ကြီးမြို့ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄)ရက် မနက် (၁၀)နာရီခွဲကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

“ တစ်ယောက်သေတယ်။ သေသွားတဲ့ တယောက်က စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ဆေးရုံးမှာ။ ခြေနေဘယ်လိုရှိလဲတော့မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ မှ ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် (တောင်ကြီး)တွင် ကျောင်းတက်စားသင်နေသည့် ကျောင်းသားများရှိနေကြောင်း ၊ ထိုစာသင်နေသည့် ကျောင်းသားများကို စစ်ကောင်စီ အုပ်စုမှ စစ်အင်အားအလုံး အရင်းစောင့်ကြည့်နေချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း တောင်ကြီး ဒေသခံများ ပြောပြချက် အရသိရသည်။

“ စစ်တပ်တွေ လုံခြုံရေး တင်းကြပ်နေတာပဲ။ ကျောင်းဝန်းထဲမှာ ကျောင်းရှေ့မှာ တပ်အင်အားတွေ နည်းတာမဟုတ်ဘူး။ စားသင်နေတဲ့သူတွေ ကိုလုံခြုံရေးပေးနေတဲ့ကြား က ပေါက်ကွဲတာ” ဟု ဒေသခံ တဦး က ဆိုသည်။

ထိုပေါက်ကွဲမှု အပြီးတွင် တောင်ကြီးမြို့ နေရာအနှံ့ စစ်ကောင်စီမှ တပ်ဖြန့် နေရာယူထားပြီး စစ်အင်အားများလည်း ထပ်မံ ဖြည့်နေကြောင်း သိရသည်။

“ နေ့ရာတိုင်းမှာတော့သူတို့ရှိနေတယ်။ မီးပွိုင်းတိုင်းမှာရှိတယ်။ ညဆိုလည်း နေရာတိုင်းမှာပဲ။ သူတို့တွေ တပ်ဖြန့်ထားတယ်။ သူများအိမ်ရှေ့မှာလာအိပ်တာရှိတယ်။ တိုက်အမြင့်ပေါ်မှာဆိုလဲ အရပ်ဝတ်တွေနဲ့ရှိတယ်။ ” ဟူ တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။

တောင်ကြီးမြို့ပေါ်တွင် စစ်အာဏာသိမ်းပြီး ရက် ၁၀၀ နေ့မှစပြီး ညတိုင်း ပေါက်ကွဲသံများ ကြားနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်၊ စိုက်ခင်းများပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ၊ဟိုပုံးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် တောင်လေးလုံးကျေးရွာဘက်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး နေအိမ်များနှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ (၄)ရက် မှစပြီး ဇွန်လ (၈)ရက်အထိ  သျှမ်းပြည် တောင်ပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး တောင်ကြီးမြို့ပေါ်မှ စီးဆင်းလာသည့် ရေများကြောင့် အေးသာယာနှင့် ညောင်ရွှေဘက်တွင်...

တောင်ကြီး စစ်ကော်မရှင်တပ်အတွက် စစ်သုံးစရိတ် တအိမ်လျှင် တစ်လ ၃ သောင်းကောက်

0
သျှမ်းပြည် တောင်ကြီးမြို့အတွင်းရှိ ရပ်ကွက်အချို့တွင် စစ်ကော်မရှင်တပ်အတွက် စစ်မှုထမ်းကြေး အပြင် “ စစ်အသုံးစရိတ်‌”ဟုဆိုကာ ဒေသခံများထံ ငွေကြေးများ ထပ်မံ ကောက်နေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက် နှင့် ဘုရားဖြူရပ်ကွက် အချို့တို့တွင် စစ်ကော်မရှင်တပ်က  စစ်မှုထမ်းကြေးအပြင် စစ်အသုံးစရိတ် အမည်ဖြင့် ငွေကြေးများကောက်ခံနေကြောင်း  ငး တောင်ကြီးမြို့...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

တောင်ကြီး ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့ ရွှေဘုန်းပွင့်သွားလမ်းတွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ပစ္စည်းများ လုယက်ခံရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ (၂) ရက် နေ့လည် ၁၁နာရီတွင် ရွှေဘုန်းပွင့်ဘုရား လမ်းအတက်တွင် နေ့လည်ခင်း အချိန်တွင် အမျိုးသားနှစ်ဦးမှ ဓာတ်ပုံလာရိုက်သည့် အမျိုးသမီးနှစ်ဦးထံသို့ ကပ်လာပြီး ဓားဖြင့်ထောက်ကာ ပါလာသည့် ပစ္စည်းများကို...

တောင်ကြီး အားကစားကွင်းဘေး ဖြိုလက်စ တိုက်ခန်းများထဲ စည်းကမ်းမဲ့ အညစ်အကြေးစွန့်ပစ်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ဘေးပတ်ပတ်လည်တွင် ဖြိုလက်စ တိုက်ခန်း၊ ဆိုင်ခန်းများထဲတွင် စည်းကမ်းမဲ့ အမှိုက်နှင့် မစင်စွန့်ပစ်မှုများကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံများ အနှောင့်အယှက် ဖြစ်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ(၂၁)ရက်နေ့မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်‌နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း ပတ်လည်ရှိ...