Tuesday, January 27, 2026

တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက် မီးငြိမ်းသက်ရာ တွင် ကူညီပေးသည့်သူ (၄)ဦးထက်မနည်း အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်းစုံးစမ်းသိရသည်။

ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံ နှင့်အတူ မီးလောင်မှု ဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့သည်။

ညောင်ဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးငြိမ်းသွားပြီးနောက် မီးငြိမ်းကူရာတွင် ပါဝင်သည့် အရပ်သား(၄)ဦးထက်မနည်း ကို အကြမ်းဖက် စစ်ကောင်စီ အုပ်စုက ရပ်ကွက်နေအိမ်ထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ အမည်မဖော်လိုသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက နေအိမ်တစ်တအိမ်ထဲမှာ ၄ ယောက် ဖမ်းသွားတယ်လို့ပြောတယ်။ ဒီမနက်လည်း စစ်ကားတွေ (၇) စီးလောက် ညောင်ဖြု စခန်းရပ်ကွက်ထဲမှာ ရှိနေတယ်။ မီးသွားငြိမ်းသတ်ကူတဲ့ ဦးလေးလည်း ပျောက်နေတယ်လို့တော့ ကြားတယ်။” အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးသွားသည့် ဦးရေအတိအကျကို သိရှိနိုင်ရန် အတွက် ဆက်လက်စုံစမ်းနေဆဲ ဟု အထက်ပါ အမျိုးသား က ပြောသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရသည့် အကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းရုံး နှင့် စစ်တပ်ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းရုံးတချို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်သည့်အချိန်ကို ပြန်ကြည့်မည်ဆိုပါက စစ်အာဏာသိမ်းပြီးနောက် ည(၈)နာရီ အပြင်မထွက်ရ ဆိုသည့် အချိန်တွင်သာ မီးလောင်နေသဖြင့် ပြည်သူများ၏ လက်ချက်မဖြစ်နိုင်ကြောင်းလည်း ပြည်သူများက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...