တောင်ကြီး ဆန္ဒပြလူငယ်များကို စစ်ကောင်စီမှ ဖမ်းဆီးမှုပြုလုပ်နေသဖြင့် သပိတ်စစ်ကြောင်း ထွက်ရန် ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်အာဏာရှင် အလိုမရှိ စစ်ကြောင်းချီတက်ဆန္ဒပြခွင့်မရအောင် အကြမ်းဖက် စစ်ကောင်စီ အုပ်စုမှ နည်းမျိုးစုံ ဟန့်တားပြီး၊ ဆန္ဒပြ လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

တောင်ကြီးလူထု သပိတ်စစ်ကြောင်းသည် လမ်းပေါ်ထွက် ချီတက်ခွင့်မရကြသော်လည်း လူငယ်များ နည်းမျိုးစုံ၊ ပုံစံစုံဖြင့် ဆက်လက်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်နေကြသေးကြောင်း လူငယ်များက ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ (၁) ရက်နေ့က စတင်ပြီး စစ်တပ်မှ နိုင်ငံတော် အာဏာကို လုယူပြီးနောက် တောင်ကြီးမြို့ရှိ ကျောင်းသားလူငယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ အသီးသီးမှ ဖေဖောဝါရီ (၆) ရက်မှ စတင်ပြီး အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“လမ်းပေါ်က တွေ့တဲ့ လူငယ်တွေကို လိုက်ဖမ်းတယ်။ ဆန္ဒပြတဲ့လူတွေလို့ သူတို့ထင်ကြတာ။ အိမ်တွေကို လိုက်စစ်တယ်။ လူငယ်တွေ ထွက်ပြေးတာတွေရှိတယ်။ သပိတ်စစ်ကြောင်းလည်း မရှိတော့ဘူး။ လူမဲ့သပိတ်တွေပဲ ဆက်လုပ် နေရတယ်” ဟု တောင်ကြီးဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူများကို ဖုန်းစစ်ဆေးခြင်း၊ ကားစစ်ဆေးခြင်း၊ ဖုန်းမပါရှိပါက ငွေတောင်းခြင်းများ ပြုလုပ်ကြောင်း တောင်ကြီး ဒေသခံ အမျိုးသမီး တဦးက ပြောပြသည်။

“CDM မှာ ပါထားတဲ့ ဝန်ထမ်းတွေကို သူတို့ ည (၂) နာရီလောက် လိုက်ဖမ်းနေတာရှိတယ်။ လူငယ်တွေ ညပိုင်း ဝင်ဖမ်းနေတာရှိတယ်”ဟု တောင်ကြီးဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိမှာ ဆန္ဒပြ ပါဝင်သည့် လူငယ်များ၊ CDM သမားများ သည် ထွက်ပြေးတိမ်းရှောင်နေရပြီး၊ တောင်ကြီးမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် လူဦးရေ မည်မျှရှိနေသည်ကို အတိအကျ မသိရသေးပေ။

ဆန္ဒဖော်ထုတ်သည့် လူငယ်များ ကျောင်းသားများ CDM လှုပ်ရှားမှုမှာ ပါဝင်သည့် ဝန်ထမ်းများကို မတ်လဆန်းပိုင်းတွင် စစ်တပ်မှ အကြမ်းဖက် ဖြိုခွင်းခြင်းများ ပြုလုပ်သဖြင့် သပိတ်စစ်ကြောင်းများ ပျောက်ကြားစနစ်ဖြင့် ဆန္ဒဖော်ထုတ်ရကြောင်း တောင်ကြီးဒေသခံများက ပြောဆိုကြသည်။

မတ်လ (၂၅) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီသည် တောင်ကြီးတစ်မြို့လုံးနီးပါးရှိ ဆန္ဒပြသပိတ်များကို ကျည်အစစ်သုံးကာ ဖြိုခွင်းမှုပြုလုပ်သဖြင့် လူငယ် ၄ ဦး ကျဆုံးကာ၊ ထိုထဲတွင် အမျိုးသမီး လူငယ်တစ်ဦးလည်း ပါရှိကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီမှ ပိုင်သော မြဝတီရုပ်သံလိုင်းမှ CDM လုပ်ထားသည့် ဆရာဝန်များ၊ ပြည်သူများ ပုဒ်မ (၅၀၅)(က) ဖြင့် ဖမ်းဝရမ်း ထုတ်ထားသည်ကိုနေ့စဉ်နှင့် အမျှ ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယာဉ်နံပတ်ပွား ဆီထုတ်မှုကြောင့် QR အသစ် ပြန်လျှောက်ရမည်

0
သျှမ်းပြည်အတွင်း စက်သုံးဆီများကို တန်းစီဝယ်ရာတွင် ယာဉ်နံပတ်များကို ပွားပြီး ဝယ်ယူမှုများတွေ့ရှိနေသဖြင့် ယာဉ်ပိုင်ရှင်များ QR ကုတ်အသစ် ပြန်လည်လျှောက်ထားရမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန က ယမန့်နေ့ (ဇူလိုင် ၃၀)ရက်တွင် ထုတ်ပြန်ခဲ့သည်။  ထို QR ကုတ် အသစ် ပြန်လည်လျှောက်ထားရာတွင် မော်တော်ယာဉ်မှတ်ပုံတင် သက်သေခံ လက်မှတ် အစစ်အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ (ကညန)၏ ထောက်ခံချက်...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...