Friday, May 3, 2024

တောင်ကြီး ဒေသခံ (၅)ဦးကို စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဒေသခံ (၅) ဦး အကြမ်းဖက် စစ်ကောင်စီမှ အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဧပြီ (၂၁) ရက်တွင် တောင်ကြီးမြို့ရှိ စိန်ပန်းရပ်ကွက်တွင် စစ်အာဏာရှင်ကို ဆန္ဒပြသည့် သူမဟုတ်ဘဲ ဒေသခံ (၅) ဦးစုဝေးထိုင်နေချိန် စစ်ကောင်စီများက ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

“ကျနော်ရှေ့ပဲ ဖမ်းသွားတာပါ။ သူတို့က အရက်တွေ ဝိုင်းသောက်ကြတာ အမြဲတမ်းပဲ။ ဆန္ဒပြတဲ့ ထည့်လဲ မပါဘူး။”ဟု တောင်ကြီးဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့များက ၎င်းတို့ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိမှာ ရဲစခန်းတွင် တည်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

“ ရဲစခန်းမှာ ရှိတယ်လို့ ကြားတယ်။ တကယ်လို့ထွက်ချင်ရင် တယောက်ကို ကျပ်တသိန်းနဲ့ လာထုတ်လို့ပြောနေတယ်။ ရဲစခန်း က တော်တော်လေး ကို စိတ်ညစ်စရာဖြစ်နေတယ်” ဟု တောင်ကြီး ဒေသခံတဦး က ထပ်လောင်းပြောပြသည်။

အကြမ်းဖက် စစ်ကောင်စီသည် အကြောင်းမဲ့ ဖမ်းပြီး၊ ရက် အနည်းငယ်ကြာပါက မိသားစုဝင်များကို ဖုန်းဆက်ကာ အလောင်းပြန်လာထုတ်ရန် အကြောင်းကြားခဲ့သည့် ဖြစ်ရပ်လည်း ရှိခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article