Wednesday, January 28, 2026

တောင်ကြီး ငြိမ်းချမ်းစွာဆန္ဒပြသည့်လူထုသပိတ် စစ်ကောင်စီဖြိုခွင်း၊ ၈ဦးဒဏ်ရာရ

တောင်ကြီးမြို့ ရတနာ သီရိရပ်ကွက် အတွင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် ပြည်သူများကို စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့ က ယနေ့ (မတ် ၂၁)ရက် နေ့လည်ပိုင်းမှာ ရာဘာကျည်ဖြင့် အကြမ်းဖက်ဖြိုခွင်းကာ ပြည်သူ ၈ဦး ခန့် ဒဏ်ရာရရှိပြီး၊ တစ်ဦးဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်ထိ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွ့ဲက ရတနာသီရိ ရပ်ကွက်အတွင်း ရာဘာကျည်၊ အသံမိုင်း၊ မျက်ရည်ယိုဗုံးများဖြင့် အရပ်သားနေအိမ်အတွင်းထိ ပစ်ခတ်မှုများပြုလုပ်နေသဖြင့် ပြည်သူ(၈)ဦး၊ ဒဏ်ရာရရှိပြီး၊ တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ ထိခိုက်ဒဏ်ရာရသူ ၈ဦးခန့်တော့ရှိမယ်။ ရာဘာကျည်ထိတာက တော့ မိန်းကလေး ၂ဦး၊ ယောင်္ကျား၁ဦးပါ။ မိန်းကလေးတယောက်က သတိလစ်သွားတယ်။ တယောက်တော့ အောက်ပိုင်းထိတယ်။ အမျိုးသားက ဦးခေါင်းထိတယ်။ အိမ်ထဲထိပစ်ခတ်နေတယ်။ တယောက်ကိုလည်းဖမ်းဆီးသွားတယ်” ဟု တောင်ကြီး ဒေသခံတဦး ပြောပြချက်အရသိရသည်။

လက်ရှိ အချိန်ထိ အာဏာသိမ်းစစ်ကောင်စီ အဖွဲ့သည် အရပ်သား ရာဘာကျည်၊ မျက်ရည်ယိုဗုံး၊အသံမိုင်း ကို ရမ်းပစ်နေခြင်း၊ အရပ်သားနေအိမ်ကိုလည်း ဝင်ရောက်ဖျက်ဆီးခြင်းများပြုလုပ်နေကြောင်း၊ သိရသည်။

ထို့အပြင် ရတနာသီရိရပ်ကွက်နေပြည်သူများကိုလည်း အာဏာသိမ်းစစ်ကောင်စီ က ခြိမ်းခြောက်မှုမျိုးစုံလုပ်နေကြောင်း တောင်ကြီး ဒေသခံများပြောပြချက် အရသိရသည်။

တောင်ကြီးမြို့ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်ကို အာဏာသိမ်းစစ်ကောင်စီက နည်းမျိုးစုံ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေသည့်ကြားက ပြည်သူများကလည်း နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...

အဆောင်ထဲက အိပ်မက်ဆိုး – ပုဂ္ဂလိကကျောင်းဆရာ ပြုကျင့်သည့် သက်ငယ်မုဒိမ်းမှု

0
“ကလေးက ကြောက်နေတယ်၊ အခု သူဘယ်သူနဲ့မှ အတွေ့မခံဘူး။ မျက်နှာမှာလည်း ဒဏ်ရာတွေ ရထားတယ်” ဟု မုဒိမ်းကျင့်ခံရသည့် မိန်းကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဘာသာရပ်တွေကို လေ့လာသင်ယူချင်စိတ်၊ ကစားချင်စိတ်တို့ဖြင့် တောက်ပနေရမည့် မိန်းကလေးငယ်တစ်ဦး၏ မျက်ဝန်းများတွင် ယခုတော့ အကြောက်တရားနှင့် သံသယများသာ လွှမ်းမိုးထားတော့မည်။ ဤဖြစ်ရပ်သည် ဇန်နဝါရီလ ၁၅...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...