တောင်ကြီး
တောင်ကြီး လူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်းသိရသည်။ “အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေကအမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့...
တောင်ကြီး စစ်ကောင်စီမှ အရပ်သားများကို ညဘက်အလှည့်ကျ ကင်းစောင့်ခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင် စစ်ကောင်စီမှ အရပ်သားများအား ပြည်သူ့လုံခြုံရေး အကြောင်းပြချက်ဖြင့် အလှည့်ကျ ကင်းစောင့်ရန် စေခိုင်းမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီမှ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ် ကွပ်ကဲမှုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ယခုအခါ တောင်ကြီးမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း အရပ်သားများကိုပါ...
တောင်ကြီး တန်ဆောင်တိုင်အတွင်း ဟိုတယ်နှင့် တည်းခိုခန်း ဘိုကင်ပြည့်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်နှင့်တည်းခိုခန်း ဘိုကင် ပြည့်နေ့ကြောင်း စုံစမ်းသိရှိရပါသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ စစ်ကောင်စီက တောင်ကြီးတန်ဆောင်တိုင်ကို လာမည် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်အတွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရပ်ကွက်အလိုက် မီးပုံးပျံ ပညာရှင်များလည်း အတူပူးပေါင်းပါဝင်သွားမည် ဖြစ်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ တန်ဆောင်တိုင်ပွဲတော်အတွင်း ဟိုတယ်အခန်းများ လူပြည့်နေသည့်အပြင် အခန်းခများလည်း ဈေးမြင့်တက် နေကြောင်းလည်း တောင်ကြီးမြို့တွင်း ဟိုတယ်ဝန်ထမ်း တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အကုန်ပြည့်နေပြီး တစ်ခန်းမှ မကျန်တော့ဘူး။ တန်ဆောင်တိုင် ၉ ရက်နေ့ကနေစပြီး ၁၅ ရက်နေ့အထိ လုံးဝ မရတော့ဘူး။ နှစ်ယောက်အိပ်ဆို၂ သောင်း ဝန်းကျင်။ ၆၈၀၀၀ကျပ် ကနေစရှိတယ်။ နိုဝင်ဘာလကစပြီး အဲဒါက မူရင်းဈေး ဖြစ်တော့မှာ ။ စုံစမ်းရသလောက်ကတော့ ဟိုတယ်အကုန်ပြည့်နေပြီ။” ဟု၎င်းက ဆိုသည်။ တောင်ကြီး ဟိုတယ်များတွင် တည်းခိုမည့်သူများသည် ဧည့်စာရင်း တိုင်ကြား ရမည်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဓာတ်ပုံနှင့်တကွ တာဝန်ရှိသူများထံ ပို့ဆောင်ရမည်ဟု ၎င်း ဝန်ထမ်း တစ်ဦးက ပြောသည်။ တောင်ကြီးမြို့သည် ကရင်နီနှင့် သျှမ်းမြောက်ဘက် စစ်ဘေးရှောင်များအပြင် သျှမ်းတောင်အတွင်း တိုက်ပွဲ ဖြစ်ပွားသည့် ဒေသများမှလည်း လာရောက် ရှောင်တိမ်းနေကြသည့် ဒေသဖြစ်သည်။ “ ဟိုတယ် ဘိုကင် လာလုပ်တဲ့သူက ပြည်မ ဖက်ကလူတွေများတယ်။ သျှမ်းပြည်ကမဟုတ်တာတော့ သေချာတယ်။ ခုချိန်က ပွဲငတ်နေတော့။သျှမ်းပြည်ကဆို စစ်ရှောင်နေကြတယ်လေ။ သူတို့တောင်အနိုင်နိုင် သူတို့တော့ ဟိုတယ် ငှားမှာ မဟုတ်ဘူး။” ဟု ဟိုတယ်တွင် အလုပ်လုပ်နေသူတစ်ဦးက ပြောသည်။ ထို့အပြင် ပွဲတော်ရက်နီးလာသည်နှင့်အမျှ လိုင်စင်မရှိသည့် ကားနှင့် ဆိုင်ကယ်များကိုပါ ဖမ်းဆီးမှု လုပ်ဆောင်လာနေပြီး လက်ရှိတောင်ကြီးမြို့အဝင်အထွက်နှင့် ဂိတ်များတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် (PNO)တို့က တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေကြသည်။ အလုပ်သင် နန်းလရောင် ရေးသားသည်။
လျှပ်စစ်မီတာခကောက်ခံမှု မြှင့်တက်၊ လျှပ်စစ်မီးအစား မီးသွေးနှင့်ထင်း အစားထိုး ပိုမိုသုံးစွဲလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် လျှပ်စစ်မီတာခ နှစ်ဆတိုး ကောက်ခံမှုကြောင့် လျှပ်စစ်မီးအစား မီးသွေးနှင့် ထင်းကို အစားထိုး ပိုမိုအသုံးပြုလာကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်မီတာခကို ယခင်ကာလတွင် တစ်ယူနစ် ကျပ် (၃၀) မှ...
တောင်ကြီး PNO မှ ပြည်သူပိုင်မြေများ မတရား သိမ်းဆည်းပြီး အကွက်ရိုက်ပြန်လည်ရောင်းချ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ပေါမူကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ပြည်သူပိုင်မြေများကို အဓမ္မ သိမ်းယူပြီး အကွက်ရိုက်ကာ ပြန်လည်ရောင်းချနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ ပအိုဝ်းပြည်သူ့စစ PNO မှ ပေါမူဒေသခံများကို လျှပ်စစ်မီးနှင့် လမ်းဖောက်ပေးမည်ဟု ဆိုကာ ဒေသခံများ၏ မြေယာများကို ယမန်နှစ် (၂၀၂၃)...
တောင်ကြီး – ပင်လုံကြား ကျောက်တန်းလမ်း လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာ
သျှမ်းပြည် တောင်ကြီး - ပင်လုံကြား ရှိ ကျောက်တန်းလမ်းတွင် လက်နက်ကိုင် စစ်ဆေးရေးဂိတ်များလာကြောင်း စုံစမ်းသိရသည်။ လွိုင်လင် နှင့် မိုင်းပွန်ကြားတွင် မကြာခဏ တောင်ပြိုမှုကြောင့် ကားသမားများက ကျောက်တန်းလမ်းကို အသုံးပြုသွားလာနေရကြောင်း ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ လက်နက်ကိုင် စစ်ဆေးရေး ဂိတ်များ လာကြောင်း အသက် ၄၀...
တောင်ကြီး ကျောင်းကြီးစု ရပ်ကွက်အတွင်း မြေပြိုမှုစတင်ဖြစ်ပေါ်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ကျောင်းကြီးစု နယ်မြေ ၆ ရပ်ကွက်ထဲတွင် မြေပြိုမှုစတင်ဖြစ်ပေါ်နေပြီး နေအိမ်တစ်လုံးထိခိုက်ထားကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ကျောင်းကြီးစု နယ်မြေ ၆ အတွင်း တောင်စောင်းမှ မြေပြိုဆင်းလာမှုကြောင့် နေအိမ်ထိခိုက်မှုပါရှိကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “၆ ရက်နေ့ မနက်တည်းက...
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကြီးနှင့် မန္တလေးကို တိုက်ခိုက်မယ်ဆိုပြီး MNDAA က လားရှိုးစစ်ဒေသမှူး ကျောက်မှုံဖန် မှပြောဆိုသည့် သတင်းအမှား
စစ်ကောင်စီ၏ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် MNDAA က မန္တလေးနှင့် တောင်ကြီးကို မတိုက်ခိုက်ကြောင်း ထုတ်ပြန်မှုကို ဖျက်သိမ်းပြီး ဝင်ရောက်တိုက်ခိုက်ပါက “တရုတ်ကျုးကျော်စစ်” ဟု မပြောရန် စစ်တပ်ချစ်သူများ အား MNDAA တပ်မှူးက အသိပေးပြောကြားသည်ဟု သတင်းအမှားဖြန့်ချိနေပါသည်။ Subscriber ၇,၈၀၀ ကျော်ရှိသည့် “ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာလ...
တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း တလျှောက်ရှိ နေအိမ်များတွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အနောက်မြို့ပတ်လမ်းတလျှောက်ရှိ ရပ်ကွက်အချို့တွင် မြေအောက်ရေစိမ့်ထွက်မှုများရှိနေပြီး ရေစုပ်စက်များဖြင့်ပါ စုပ်ထုပ်နေရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၁၁ ရက်နေ့မှ စ၍ တောင်ကြီးမြို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရေကြီးရေလျှံမှုများပါဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ရေကျသွားပြီဖြစ်သော်လည်း အချို့ရပ်ကွက်များတွင် မြေအောက်ရေပြန်လည်စိမ့်ထွက်မှုများရှိလာကြောင်း တောင်ကြီး တက္ကသိုလ်အနီးတွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရေက တစိမ့်စိမ့်နဲ့ထွက်နေတာ၊ ခု...
တောင်ကြီးနှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက်
SHAN -
ရေကြီး မြေပြိုမှုများကြောင့် သျှမ်းတောင်၊ တောင်ကြီးမြို့နှင့် ရန်ကုန်၊ မန္တလေး ကားလမ်းများ ပြတ်တောက် ပိတ်ဆို့နေသဖြင့် လိုင်းကားများ ပြေးဆွဲမှု ရပ်တန့်ထားပြီး လမ်းခရီး၌ ပိတ်မိနေမှုများလည်း ရှိနေကြောင်း အဝေးပြေးယာဉ်လိုင်းများက ယနေ့ (စက်တင်ဘာလ ၁၁ ရက်) နေ့တွင် ပြောသည်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့...