Sunday, July 21, 2024

တောင်ကြီး

တောင်ကြီး တွင် SNLDလူငယ်အမျိုးသမီး ၃ဦး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီ အနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ၌ ကိုယ်စားလှယ်လောင်း လူငယ် အမျိုးသမီး (၃) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကြီးမြို့နယ် တွင် SNLD ကိုယ်စားလှယ်လောင်း ၅ ဦးထဲ၌...

မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ စံချိန်တင် ပိုးတွေ့ရှိ၊ တောင်ကြီး ဒေသခံ တဦးပါ

၂၄ နာရီ အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်သူ (၁၀၀) တွေ့ရှိခဲ့ရာ ထိုထဲတွင် တောင်ကြီးဒေသခံ တစ်ဦး ပါဝင်နေကြောင်း သိရသည်။ ထို ကိုဗစ်-၁၉ လူနာ ၁၀၀ ဦးထဲတွင် အများစုမှာ ရခိုင်ပြည် မှ ဖြစ်သည်။ အဆိုပါ ထုတ်ပြန်ချက်သည် သြဂုတ် (၂၅)...

တောင်ကြီးတွင် မိုးသည်းထန်ရွာသွန်း ရေကြီး၊ မြေပြို အမျိုးသားတဦးသေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး မြေပြိုမှုဖြစ်ပွါးကာ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ သြဂုတ်လ ၃ ရက်က မိုးသည်းထန်းစွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့ ကံသာရပ်ကွက်၌ မြေပြို၊ ကျောက်တောင်ပြိုကျမှုဖြစ်ပွါးရာ အသက် ၂၆ နှစ်အရွယ်...

 တောင်ကြီး စ၀်စံထွန်းဆေးရုံရှိ ကိုဗစ် ဓာတ်ခွဲခန်းသုံး ပစ္စည်းမပြည့်စုံသေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် ထားရှိမည့် Covid-19 ဓါတ်ခွဲခန်း သုံး ပစ္စည်း မပြည့်စုံသေးသဖြင့် သတ်မှတ်ရက်တွင် အသုံးမပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် ထားရှိမည့် COVID-19 စစ်ဆေးနိုင်မည့် ဓာတ်ခွဲခန်းကို ဇူလိုင် လလယ်တွင် စတင်အသုံးပြုနိုင်မည်ဟုပြောဆိုထားခဲ့သော်လည်း လက်ရှိတွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းနှင့်...

တောင်ကြီး ထင်းရှူးတောထဲ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံကြီး အမှိုက်ကျင်း သွားသည့် လမ်း ထင်းရှုးတောထဲမှာ စည်းကမ်းမဲ့စွာ အမှိုက်များလာရောက် စွန့်ပစ်ထားကြောင်း စုံစမ်းသိရှိရသည်။ အမှိုက်ကျင်းသွားရာ လမ်းတွင် အမှိုက်ကျင်းထဲ စနစ်တကျ မစွန့်ပစ်ပဲ ထင်ရှုးတောမှာ စည်းကမ်းမဲ့စွာ ပစ်နေကြကြောင်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ယက် ဥက္ကဌ ဒေါ်ချယ်ရီကျော် က ပြောသည်။ “အမှိုက်တွေကို...

တောင်ကြီးတွင် အဆိပ်ရှိမှိုစားသုံးမှုကြောင့် ၂ဦးသေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ သစ်တောရပ်ကွက်တွင် မှို စားသုံးမှုကြောင့် အစာအဆိပ်သင့်ကာ ၂ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။   ဇွန်လ ၁၉ ရက်က ထိုသေဆုံးသူများနှင့် မိသားစုဝင်များသည် တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့် ဘုရား တောင်ပေါ် အနီးပတ်ဝန်းကျင် တွင် မှိုများခူးကာ ၊ ဇွန် ၂၀ ရက်က ချက်ပြုတ်စားသောက်...

တောင်ကြီး တောင်ချွန်းသွားလမ်းတလျောက် သစ်ပင် ၂၀၀၀ ခန့် စိုက်ပျိုးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ တောင်ချွန်းကို ဖောက်ထားသည့် ကားလမ်း တစ်လျှောက်မှာ ရှင်သန်မြေ အစိမ်းရောင် ကွန်ရက် အဖွဲ့မှ ဦးဆောင်ပြီး သစ်ပင် (၂၀၀၀) ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။   “တောင်ချွန်းကို ဖောက်ထားတဲ့ ကားလမ်းပေါ်မှာစိုက်တာပါ။ သစ်ပင်က အားလုံးပေါင်း ၁၇ ရက်နေ့က ၅၀၀...

တောင်ကြီးရောက် ထိုင်းနေရပ်ပြန် ၂၀၀ ဓာတ်ခွဲ အဖြေ Negative ဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ တွင် Facility Quarantine ဝင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂၀၀) ကျော် ၏ ဓါတ်ခွဲနမူနာ အားလုံး Negative ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနီးတစ်ဝိုက်မှာ Facility Quarantine (၁၀) ခု ထားရှိပြီး Facility...

ကိုဗစ်-၁၉ ဖြေလျော့မှု နောက်ဆက်တွဲ စိုးရိမ် ရတဲ့အနေအထား

ကမ္ဘာ တဝှမ်း လူသန်းပေါင်းများစွာ သေကြေခဲ့ရပြီး၊ ကမ္ဘာကြီး ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်-၁၉ ဟာ မြန်မာပြည်ကို ရောက်ရှိလာတာ ၃လနီးပါး ရှိလာပါပြီ။ ထို ကိုဗစ်-၁၉ ဟာ မြန်မာပြည် လူသန်း၆၀ လုံးရဲ့ စီးပွားရေး၊ လူမှုရေး အစစအရာရာ ကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ ဒါ့အပြင့် Covid- 19...

တောင်ကြီး စျေးဆိုင်ခန်း အလှည့်ကျ စနစ် ဖွင့်သည်ကို စျေးသည်များအဆင်မပြေ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မဈေးကြီးတွင် ယခုပြုလုပ်နေသော ဆိုင်ခန်းများ အလှည့်ကျဖွင့်လှစ်ရောင်းချမှုစနစ်မှာ အဆင်မပြေကြောင်း တောင်ကြီးမြို့မဈေးမှ စျေးသည်များက ပြောသည်။ ကိုဗစ် - ၁၉ ကာကွယ် ထိန်းချုပ်ရေးအတွက်  ၂ လကြာပိတ်ထားသည့် တောင်ကြီးမြို့မဈေးသည် ဇွန်လ ၁ ရက်ကစပြီးအလှည့်ကျစနစ်ဖြင့် ဈေးပြန် ဖွင့်ရောင်းရန် သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သည်။ “ အလှည့်ကျစနစ်နဲ့...

Latest news