တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆိုင်ခန်းများ စက်ယန္တရားဖြင့် ဖြိုဖျက်နေ

သျှမ်းပြည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ယခင် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင် မြေကွက်ပေါ် တည်ဆောက်ငှားရမ်းထားသည့် ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုဖျက်နေကြောင်း စုံစမ်း သိရသည်။

.

ယနေ့ (သြဂုတ်လ ၂၁) ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းဘုန်းကြီးကျောင်းအနီး ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် လူတစ်စုက လာရောက် ဖြိုဖျက်ခဲ့ကြောင်း တောင်ကြီး ဒေသခံ အမျိုးသား တစ်ဦးထံမှ သတင်းသိရသည်။

“အဲ့ဒီ နေရာမှာ စည်ပင်က ဝန်ထမ်း ၃/၄ ယောက်လည်း ရောက်နေတယ်၊ အဲ့နားက လူတွေကို မေးကြည့်တော့ အရင်က အစိုးရပိုင်မြေ ဖြစ်ပေမဲ့ အခုက ကန်ထရိုက်တာ တစ်ဦးဆီကို ရောင်းလိုက်လို့ ဆိုင်ခန်းတွေကို အကုန်ပြောင်းရွှေ့ခိုင်းတာ၊ ဒီနေ့ စက်တွေနဲ့ လာဖြိုတာပေါ့၊ ၄/၅ ခန်းလောက်တော့ ဖြိုပြီးသွားပြီ” ဟု တောင်ကြီး ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေရာသည် ယခင်အချိန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် နယ်မြေဖြစ်ပြီး ဆိုင်ခန်းများကို ငှားရမ်းသူ အဆက်ဆက် ပြောင်းရွှေ့နေထိုင်ကြပြီး လက်ရှိ စစ်အာဏာသိမ်းချိန်တွင် ကန်ထရိုက်တာ တစ်ဦးထံသို့ ရောင်းချခြင်း ခံလိုက်ရကြောင်း သိရသည်။

ယင်းကဲ့သို့ အစိုးရပိုင်မြေကို ပုဂ္ဂလိကပိုင်ဖြစ်အောင် ကန်ထရိုက်ဆီသို့ ရောင်းချခြင်း နှင့် ပတ်သက်ပြီး နှစ်ဖက်အချင်းချင်း ညှိနှိုင်းမှု ရှိနိုင်မည် ဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အခု ဖျက်တာက အစိုးရဖျက်တာ မဟုတ်ဘူး။ ကန်ထရိုက်တာက အဆင့်မြင့် အဆောက်အဦး ဆောက်ဖို့ ထွက်ခိုင်းတာ မထွက်လို့ ဘူဒိုဇာတွေနဲ့ ထိုးဖျက်လိုက်တာလို့ သိရတယ်၊ အစိုးရပိုင်မြေကနေ အခု ကြတော့ ဘယ်ကနေ ဘယ်လိုငြိလိုက်တယ် မသိဘူး ၊ ကန်ထရိုက် တစ်ယောက်က ပိုင်သွားတယ်လို့ သိရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ဆိုင်ခန်းများသည် စုစုပေါင်း ၂၀ ကျော် ရှိနေပြီး ကွမ်းယာဆိုင်၊ ကုန်စုံဆိုင် အသေး၊ ဆေးဆိုင် ၊ ဆေးခန်း နှင့် ဝပ်ရှော့များလည်း ဖွင့်လှစ်ထားသည့် နေရာ ဖြစ်နေကြောင်းလည်း သိရသည်။

လက်ရှိတွင် ဆိုင်ခန်းဖျက်သိမ်းခံရသူများသည် အိမ်တွင်းပစ္စည်းများလည်း အနည်းငယ်ကိုသာ ယူဆောင်နိုင်ပြီး ဆိုင်ခန်းအဖျက်မခံရသေးသည့် သူများကလည်း ပြောင်းရွှေ့ရန်အတွက် ပြင်ဆင် နေလျက်ရှိကြောင်းလည်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီနေ့မှာ ဖျက်ခံလိုက်ရတဲ့ ဆိုင်ခန်းက သူတွေကတော့ ဘာပစ္စည်းမှတော့ မသိမ်းလိုက်ရဘူးပေါ့၊ အခုကျန်နေတဲ့ သူတွေကလည်း ပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းနေကြပြီ၊ အမှန်တော့ ဒီလို မလုပ်သင့်ပါဘူး။ အားလုံး အခက်အခဲကိုယ်စီ ရှိနေချိန် နေစရာမဲ့သွားအောင် ထပ်လုပ်တာက လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းမှာလည်း တောင်ကြီးမြို့ရှိ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြိုဖျက်ခံ ရပြီးနောက် အလုပ်လက်မဲ့ဖြင့် အိမ်ခန်းငှားခ စရိတ်များ အခက်ကြုံတွေ့နေ ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

တောင်ကြီး လမ်းဘေးစျေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ မြို့မဈေးအနီးရှိ လမ်းဘေးဈေးသည်များကို စည်ပင်က ရိုက်နှက်ပြီး ပစ္စည်းများ သိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်တွင် တောင်ကြီးမြို့ နံနက်ခင်းဈေးတခုတွင် လမ်းဘေးဈေးသည်များကို “ဈေးမသိမ်း”ဟူသော အကြောင်းပြချက်ဖြင့် စည်ပင်များကို ဝင်ရောက်ရိုက်နှက်ကာ ပစ္စည်းများကို သိမ်းဆည်းကာ ကားပေါ်တင်သွားကြောင်း သိရသည်။ အဆိုပါ...