Friday, April 26, 2024

တောင်ကြီးမြို့

တောင်ကြီးမြို့တွင် ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ ပစ္စည်းဖောက်ထွင်းခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ကံသာရပ်ကွက် အတွင်းရှိ နေအိမ်တခုတွင် ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခိုးယူခံရကြောင်း စုံစမ်းသိရသည်။ သြဂုတ် ၃ ရက် ဝါဆိုလပြည့်နေ့တွင် အိမ်ရှင်မိသားစုသည် ဘုန်းကြီးကျောင်းသို့ ဝါဆိုသင်္ကန်း ကပ်လှူရန် သွားစဉ် နေအိမ်ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း တောင်ကြီး မြို့မ ရဲတပ်ဖွဲ့...

တောင်ကြီးတွင် ဆိုင်ကယ်မီးဖွင့်မောင်းရန် ပညာပေး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ပေါ်ရှိ မီးပွိုင့်တိုင်းတွင် မော်တော်ဆိုင်ကယ်များ ရှေ့မီး အနိမ့် ကို နေ့ / ည အချိန်တိုင်း ဖွင့်ပြီး မောင်းနှင်စေရေးအတွက် ယာဉ်ထိန်းရဲများ ပညာပေး ဆောင်ရွက်နေကြောင်းသိရသည်။ ယနေ့ ဇွန်  ၄ ရက်  တောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် တွင် ဆိုင်ကယ်များ ရှေ့မီးဖွင့်ရန်...

ရောင်းမထွက်သည့် ဂေါ်ဖီထုပ်များ ပြည်သူထံ အခမဲ့လှူဒါန်းပေးမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ အတွင်း ရောင်းမထွက်သည့် ဂေါ်ဖီထုပ်များကို ပြည်သူထံ အခမဲလှူဒါန်းပေးသွားမည် ဟု စုံစမ်းသိရသည်။ ယနေ့ (ဇွန် ၁ ရက်) နေ့မှာ တောင်ကြီးမြို့ စေတနာ့ဝန်ထမ်းများ အဖွဲ့မှ အေးသာာယာမြို့ သစ်ပင်ထောင်ရွာရှိ ဂေါ်ဖီထုပ်များ ကိုယ်တိုင် ကွင်းဆင်း ခုတ်ယူပြီး တောင်ကြီးမြို့ရှိ...

တောင်ကြီး Quarantine ဝင်သူ အမျိုးသားတဦး နေမကောင်းဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ မိုးကုတ်ရိပ်သာမှာ Quarantine ဝင်နေသော အမျိုးသားတစ်ဦး ဖျားနေသဖြင့် စဝ်စံထွန်း ဆေးရုံ သို့ ပို့ဆောင်ကာ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ပြန်လာသူဖြစ်ပြီး လက်ရှိမှာ တောင်ကြီး စဝ်စံထွန်း ဆေးရုံမှာ Hospital Quarantine...

တောင်ကြီး Covid-19 လူနာ ဆေးရုံက ဆင်းခွင့်ရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ ဆေးကုသ ခံယူနေသည့် Covid-19 လူနာ အမှတ် (၂၉) ဆေးရုံ ဆင့်ခွင့်ရကြောင်း  စုံစမ်းသိရသည်။ အဆိုပါ လူနာ အမှတ်(၂၉)၏ ဓါတ်ခွဲနမူနာ ၃ ကြိမ် စစ်ဆေးရာ Negative ဖြစ်ကြောင်း ယနေ့ ဧပြီ ၂၇...

လူနာအမှတ် ၁၂၁ နှင့် ထိတွေ့သူ အားလုံးနီးပါး Negative ဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံမှာ တက်ရောက်ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ ဆက်စပ်သူ အားလုံးနီးပါး ၏ ဆေးစစ်ချက်သည် Negative ဖြစ်ကြောင်း သိရသည်။ လူနာ အမှတ် ၁၂၁ သည် နှင့် ဆက်စပ်သူ မိသားစု...

တောင်ကြီး ကိုဗစ် လူနာ ၁၂၁ နှင့်ထိတွေ့သူ ၁၂ဦးရှိ

တောင်ကြီးမြို့ COVID-19 လူနာအမှတ် ၁၂၁ နှင့် အနီးကပ် ထိတွေ့သူ ၁၂ ဦးရှိကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။   ဧပြီ ၂၁ ရက်နေ့ည က အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်သည့် အတည်ပြုလူနာ...

တောင်ချွန်းတွင် ကျိုက်ထီးရိုးပုံတူတည်ဆောက်ရေး တောင်ကြီးမြို့ခံများလက်မခံ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အထင်ကရ နေရာဖြစ်သည့် တောင်ချွန်းတောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီတော် ပုံတူ တည်ဆောက်မည်ကို တောင်ကြီးဒေသခံများ ကန့်ကွက်ကြောင်း သိရသည်။ တောင်ချွန်း သည် တောင်ကြီးမြို့၏ မြို့ဂုဏ်ဆောင် နေရာဖြစ်ပြီး၊ တောင်ပေါ်တွင် ကျိုက်ထီးရိုး စေတီပုံတူ နှင့် မှန်တံတားတည်ဆောက်ပါက သဘာဝ အရင်းအမြစ်ကို...

PNO ဖိတ်ကြားချက် အရ ဒေါ်အောင်ဆန်းစုကြည် တောင်ကြီး ကျောက်တလုံးဘုရားထီးတင်ပွဲတက်ရောက်

“ အဓိက က ကျမ ဘုရားထီးတင်တဲ့ ကိစ္စနဲ့ လာတာပါ” ဟု ယမန်နေ့က ပြုလုပ်သော တောင်ကြီးမြို့ လူထု တွေ့ဆုံပွဲ တွင်နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် က ပြောကြားခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်း စုကြည် သည် ပအိုဝ်း...

အာဆီယံက အသန့်ရှင်းဆုံးဆုချီးမြှင့်ထားသည့် တောင်ကြီးမြို့ မကြာခဏ ရေကြီးနေ

အာဆီယံက ယခုနှစ်  အသန့်ရှင်းဆုံးဆု ချီးမြှင့်ထားသည့် သျှမ်းပြည်တောင်ပိုင်း မြို့တော် တောင်ကြီးတွင် မကြာခဏ ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီးမြို့မ ဈေး၊ Ocean ကုန်တိုက် အတွင်းရေကြီး ရေလျှံဝင်ကာ အထည်ဆိုင်များ၊ ကုန်ပစ္စည်းဆိုင်များ ပျက်စီးဆုံးရှုံးမှုများရှိခဲ့...

Latest news