တောင်ကြီးမြို့NLD ပါတီ အောင်နိုင်ရေး ခရီးစဉ် ကက္ကူသို့ ချီတက်ခဲ့

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး မြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ယနေ့(စက်တင်ဘာ ၃၀)ရက်တွင် အောင်နိုင်ရေးခရီးစဉ် ကို ကက္ကူ ဘုရားသို့ ချီတက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်နိုင်ရေး ခရီးစဉ်တွင် ကားအစီး(၂၀)၊ ဆိုင်ကယ် အစီး(၅၀) ဖြင့် သွားရန် အတွက် သျှမ်းပြည် ရွေးကောက်ပွဲ ကော်မရှင် ကို တင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ကနှိုးဆော်ရေး လုပ်တာပါ။ ကိုယ်စားလှယ်လောင်းတွေမပါဘူး။ ကျနော်တို့ပါတီ ရဲ့ နှိုးဆော်ရေး အစီစဉ်နဲ့ ထွက်ခဲ့တာပါ” ဟု တောင်ကြီးမြို့ အောင်နိုင်ရေးခေါင်းဆောင် ဦးအောင်ကျော်နိုင် က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို အောင်နိုင်ရေး ခရီးစဉ်အတွက် ကြေညာထားခြင်းမရှိဘဲ ပြည်သူများက လမ်းတွင် စောင့်ဆိုင်းကာ လိုက်လံ ဝန်းရံကြခြင်းဖြစ်ကြောင်း၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်ကိုလည်း လိုက်နာဆောင်ရွက်ကြောင်း လည်း ဦးအောင်နိုင်ကျော် က ပြောသည်။

“ကျနော်တို့ လည်းစည်းမဲ့ကမ်းမဲ့ မဖြစ်အောင် Social Distancing ဖြစ်အောင်ဆိုပြီး ကျနော်တို့ ကြပ်မတ်ပီး ဆောင်ရွက်ထားတာရှိတယ်” ဟု ဦးအောင်ကျော်နိုင် ကပြောသည်။

ယနေ့ အောင်နိုင်ရေး ခရီးစဉ် အတွက် ကြိုတင် အသိပေးထားခြင်းမရှိကြောင်းလည်း သိရသည်။

NLD ပါတီ သည် ၂၀၁၅ ခုနစ်တွင် အနိုင်ရရှိသည့် ပါတီဖြစ်ပြီး အစိုးရဖွဲ့ခဲ့သည့် ပါတီတခုလည်းဖြစ်သည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...

တောင်ကြီးမြို့ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်မှုထမ်းအတွက် ဖမ်းဆီးမှုရှိနေ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ပေါ်တာဆွဲ ဖမ်းဆီးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်များရှိ အမျိုးသားအဆောင်များကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ ရှောင်တခင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးမှုများ...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...