Wednesday, January 28, 2026

တောင်ကြီးမြို့တွင် ပါဆယ်စနစ်ဖြင့် မရောင်းချသူများကို ပြစ်ဒဏ်ပေးသွားမည်

သျှမ်းပြည်တဝှမ်း စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ထုတ်ပြန်ထားသော်လည်း မလိုက်နာသည့် ဆိုင်များ ရှိနေသေးကြောင်း စုံစမ်းသိရသည်။


လက်ရှိမှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်လာသည့်အတွက် သျှမ်းပြည်နယ် တစ်ဝှမ်းရှိ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များကို ပါဆယ်စနစ်ဖြင့် ရောင်းချရမည့်ဟု စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ကြောညာခဲ့သည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ထိုထုတ်ပြန်ချက်ကို မလိုက်နာသည့် ဆိုင်များရှိနေသေးကြောင်း၊ ထို့ကြောင့် ပါဆယ် စနစ် မရောင်းချသည့် ဆိုင်များကို အပြစ်ပေး ဆောင်ရွက်သွားမည် ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်ပြောသည်။


“ ကျနော် တို့ ပထမကြိမ်တော့ မှတ်တမ်းတင်သတိပေးမယ်။ ဒုတိယအကြိမ်ကတော့ စည်ပင်သာယာရေးကထုတ်ပြန်ထားတဲ့ စည်ကမ်းချက်နဲ့ အညီဆိုင်ပိတ်ခိုင်းတာလုပ်ခိုင်းမယ်။ တတိယအကြိမ်တော့ လိုင်းစင်သိမ်းလိုက်မယ်။ စတုတ္ထ အကြိမ်တော့ တည်ဆဲဥပဒေနဲ့ အညီ သဘာ၀ ဘေးအန္တရာယ် နဲ အမှုဖွင့်သွားဖို့ရှိတယ်” ဟု ဦးဖြိုးမင်းထိုက်က ပြောသည်။

လက်ရှိ အချိန်ထိ မလိုက်နာသေးတဲ့ ဆိုင်များရှိနေသေးကြောင်း၊ စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များကို စည်ပင်သာယာရေးနှင့် ပူပေါင်းပြီး လိုက်လံစစ်ဆေး ဆောင်ရွက်နေကြောင်း ဦးဖြိုးမင်းထိုက်က ပြောသည်။

ထို့ပြင် ပါဆယ်စနစ်ဖြင့် ရောင်းချမှုသည့် အဆင်မပြေမှုကြောင်း စားသောက်ဆိုင် ပိတ်လိုက်ရသည့် ဆိုင်များရှိကြောင်း သိရသည်။

“ ကျနော် တို့ ဆိုင်က ထိုင်စားတာများတယ်။ အခုလိုပါဆယ်စနစ်နဲ့ မရောင်းရဘူး၊ ကျနော်တို့ကတော့ ပိတ်လိုက်ပြီး” ဟု တောင်ကြီးမြို့စားသောက်ဆိုင် ပိုင်ရှင် မအိ က ပြောသည်။

မြန်မာနိုင်ငံသည် ကိုဗစ် ၁၉ ကူးစက်မှုနှုန်းသည် တစ်နေ့ ထက် တစ်နေ့ မြင့်တက်လာသောကြောင့် ကျန်မားရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းများကို လိုက်နာစေချင်ကြောင်း ဆရာဝန်များကပြောသည်။


မြန်မာနိုင်ငံသည် ကိုဗစ် ၁၉ အတည်ပြုလူနာ (၁၀၇၃၄) ဦး သေဆုံးသူ စုစုပေါင်း (၂၂၆) ဉီးရှိပြီဖြစ်ကြောင်း ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန ကထုတ်ပြန်ချက် အရသိရသည်။

အလုပ်သင် သတင်းထောက် စိုင်းဆိုင်လှိုင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...