Wednesday, January 28, 2026

မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် အိမ်တိုင်ရာရောက်စစ်ဆေးပေးနေ

လာမည့် ၂၀၂၀ နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ ၌ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန် အတွက် သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များမှ အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးပေးနေ ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်မှ စ၍ တောင်ကြီးမြို့တွင် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်၊ မဲစားရင်းများ မှန်ကန်မှု ရှိစေရန် ရွေးကာက်ပွဲ ကော်မရှင်းအဖွဲ့များမှ ရပ်ကွက်အလိုက် အိမ်တိုင်ရာရောက် စစ်ဆေးပေးနေကြောင်း ရေအေးကွင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ကပြောသည်။

“ကျနော် တို့လိုက်စစ်ဆေးပေးတာက မဲပေးပိုင်ခွင့်ကျန်ရစ်မှာ ဆိုလို့ပါ။ အချိန်မှီ မဲစာရင်းတွေလာမကြည်နိုင်တဲ့ သူတွေကျန်နေမှာဆိုလို့လေ” ဟု ရေအေးကွင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by U Myint Kyaw

တခြားနယ်မှ လာပြီး တောင်ကြီးမြို့ သို့ လာရောက်အလုပ်လုပ်ကိုင်သူများ လည်း တောင်ကြီးတွင် မဲထည့်နိုင်ရန် အတွက် ပုံစံ(၃) စာရွက်များလာရောက် ပေးကြောင်း ရေအေးကွင်း ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးက ပြောသည်။

“ သူတို့က တောင်ကြီးကလူဆိုရင်တော့ မဲစာရင်းမှာ နာမည် ပါ၊မပါလာစစ်ပေးတယ်။ နောက် တောင်ကြီးကမဟုတ်ရင် တောင်ကြီးမှာ မဲထည့်မလားဆိုပြီးမေးတယ်။ တောင်ကြီးမှာ မဲထည့်ရင် ပုံစံ(၃)ဖြည့်ရတယ်” ဟု ၎င်း အမျိုးသား က ဆိုသည်။

ထိုကဲ့သို့ အိမ်တိုင်ရာရောက် စစ်ဆေးပေးသည့်အတွက် မဲဆုံးရှုံးမှုနည်းနိုင်ကြောင်း လည်း တောင်ကြီးဒေသခံများက ပြောသည်။

မဲပေးပိုင်ခွင့်ရှိသူ စာရင်း ကို ပထမအကြိမ် အဖြစ် ဇူလိုင် ၂၅ရက် မှသြဂုတ် ၇ ရက် အထိ ကြေညာခဲ့သည်။

ပထမအကြိမ် စာရင်းတွင် မဲစာရင်း မှားယွင်းမှု ပြဿနာ များစွာ ရှိနေသဖြင့် ဒုတိယအကြိမ် အဖြစ် သြဂုတ် ၁၄ရက်ထိ (၇)ရက် ထပ်မံတိုးပေးခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...

တောင်ကြီးတွင် စစ်ရှောင်များက တပတ်တစ်ကြိမ် ဧည့်စာရင်းကြေးပေးနေရ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်တွင် စစ်ရှောင်များကို တပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကြေးပေးနေရကြောင်း စုံစမ်းသိရသည်။ ဇွန်လကုန်ခန့်က တောင်ကြီးမြို့သို့ စစ်ရှောင်ရန်ရောက်ရှိနေသော စစ်ဘေးရှောင်များကို တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်တွင် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက တစ်ပတ်လျှင်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေကောက်ခံမှုများရှိနေကြောင်း စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ရောက်တာက ၆ လပိုင်းလောက်တည်းကရောက်တာပါ၊ ရောက်တည်းက...