တာချီလိတ်မြို့

တာချီလိတ်တွင် မူးယစ်ဆေး ပေါ်တင်သုံးစွဲသူများလာ

ယခုရက်ပိုင်း တာချီလိတ်မြို့အတွင်းမှာ မူးယစ်ဆေးဝါးပေါ်တင်သုံးစွဲသူတွေများပြားလာတာကြောင့် မူးယစ်ဆေးဝါး ဆေးထိုးအပ်တွေ နေရာအနှံ့ တွေ့ရှိနေရတယ်လို့ မြို့ခံတွေကပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲပြီး တာချီလိတ်မြို့လယ်ခေါင် လမ်းမပေါ်မှာ မူးလဲနေကြသလို တချို့မှာ တော့ မူးရူးပြီး ရပ်ရွာလမ်းကြိုလမ်းကြားထဲ လျှောက်သွားနေ တာတွေရှိလာတဲ့အတွက် တာချီလိတ်မြို့ခံတွေက လုံခြုံမှုအတွက် စိုးရိမ်မှုတွေကြား နေထိုင်နေရပါတယ်။ သြဂုတ် ၁၈ ရက်က...

မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး အမှတ်(၁) တံတား ဖွင့်လှစ်ရန် အစီစဉ် မရှိသေး

တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ် (၁ )တံတား ဖွင့်ရန် အစီစဉ် မရှိသေးကြောင်း တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ စုံစမ်း သိရှိရသည်။ ဇွန် (၂၃) ရက်နေ့က နေ့လည်ပိုင်းတွင် တာချီလိတ် နှင့် မယ်ဆိုင် နှစ်နိုင်ငံ တာဝန်ရှိသူများက...

တာချီလိတ်အတွင်း စားသောက်ကုန်များ ဈေးတင်မရောင်းရန် အစိုးရထုတ်ပြန်

သျှမ်းပြည် အရှေ့ပိုင်း မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ အတွင်း စားသောက်ကုန် ပစ္စည်းများ အဆမတန် တိုးမြှင့်ရောင်းချပါက ထိရောက်စွာ အရေးယူ သွားမည် ကြေညာချက်ထုတ်ထားသည်။ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီက ယနေ့ မတ်လ ၂၃ ရက် က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ပြည်သူများကို ကုန်ဈေးနှုန်းများ မတန်တဆ...

ထိုင်းမှ လွှဲပြောင်းပေးသည့် မြန်မာနိုင်ငံသား ၁၁ ဦး ခိုရိုနာ သံသယ စောင့်ကြည့်

ထိုင်းနိုင်ငံ မှလွှဲပြောင်းသည့် မြန်မာနိုင်ငံသား ၉၂ ဦး တွင် COVID-19 သံသယရှိလူနာ ၁၁ ဦး ပါရှိနေကြောင်း သတင်းရရှိသည်။ အဆိုပါ သူများကို ထိုင်းနိုင်ငံ မယ်ဆိုင်မှ မြန်မာနိုင်ငံ တာချီလိတ်မြို့ ရှိ သက်ဆိုင်ရာ သို့ ယနေ့ မတ်လ ၂၃ ရက်က...

တာချီလိတ်တွင် ဗုံးသီး ဟောင်း ထုရာမှ အမျိုးသမီး တဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက် (၃)လမ်း ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် မိန်း (ကီလို) ရောင်းဝယ်ရေးဆိုင် တွင် ယနေ့ မနက် ၁၁နာရီ ခွဲခန့်တွင် ဗုံးသီးဟောင်း ကို ထုရာမှ အမျိုးသမီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပစ္စည်းအဟောင်းများ ရောင်းဝယ်သည့် (ကီလိုဆိုင်) တွင်...

တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များထပ်မံသိမ်းဆည်းရမိ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ပုံလို့လမ်း နှင့် အုန်းခြံလမ်းတောင့် တွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၂၀...

လယ်ယာမြေများအားဟုန်ပန်းကုမ္ပဏီခြံခတ်သိမ်းယူမှု တာချီလိတ်လယ်သမားများလက်မခံ

တာချီလိတ်မြို့မှ မိုင်းဖုန်းအသွားလမ်းရှိ စက်မှုဇုံနယ်မြေအနီး လယ်ယာမြေများအား ဟုန်ပန်းကုမ္ပဏီမှ ခြံခတ်သိမ်းယူမှုပြုလုပ်ရာ ဒေသခံများလက်မခံဘဲ ခြံစည်းရိုးများအား ယနေ့သွားရောက်ဖျက်ဆီး လိုက်ကြောင်းသိရှိရသည်။ ၂၀၁၉ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဟုန်ပန်းကုမ္ပဏီက တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် - ဆေခမ်း နှင့် ၀မ်ဟောင်အပိုင်း လယ်ယာမြေဧက ရာဂဏန်းအား သွားရောက်ခြံခတ်မှုပြုလုပ်ခဲ့ကြောင်း၊...

တာချီလိတ်တွင် ရွှေဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည်နယ် အရှေ့ပိုင်း ထိုင်း- မြန်မာ နယ်စပ် တာချီလိတ်မြို့ အာခါစျေး မီးပွိုင့် အနီးတွင် ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်က ရွှေဆိုင်တဆိုင် ဓားပြတိုက်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ ၈ ရက် ယနေ့ မွန်းလွှဲပိုင်းက တာချီလိတ်မြို့ အာခါစျေးမီးပွိုင့်အနီးရှိ “ထားထားလွင်” ရွှေဆိုင်...

တာချီလိတ်မြို့တွင် ထိန်းချုပ်ဓါတုပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း ၆၀၀ ကျော် ဖမ်းဆီးရမိ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျပ်ငွေ သိန်းပေါင်း ၆၀၀ ကျော်တန်ဖိုး ရှိ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ မှ ထုတ်ပြန်ကြေညာထားသည်။ စက်တင်ဘာ ၉ ရက်နေ့ ည ၅ နာရီ တွင် သျှမ်းပြည်နယ် တာချီလိတ်မြို့ တာလော့ ရပ်ကွက်...

စစ်တိုင်းမှူးအဆက်ဆက်နှင့် ပြည်တွင်းပြည်ပ ဒကာများကိုးကွယ်သည့် သျှမ်း-အရှေ့သံဃာ့ ဒု-ဥက္ကဌ၏ စျာပန အောက်တိုဘာ လကုန်ပြုလုပ်မည်

သျှမ်းပြည်အရှေ့ပိုင်း သျှမ်းနှင့်ထိုင်း လူထုများအပြင် တိုင်းမှူးအဆက်ဆက် ယုံကြည် ကိုးကွယ်သည့် တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိဘုရားကြီး မှဆရာတော် ဘဒ္ဒန္တ ပညာသာမိ ဘဝနတ်ထံပျံလွန်တော်မူလေရာ အန္တိမ အဂ္ဂိစျာပနအခမ်းအနားကို အောက်တိုဘာလကုန်တွင် ပြုလုပ်မည်ဟု သတင်းရရှိသည်။ တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီး စာသင်တိုက် ပဓာန နယက ဆရာတော်...

Latest news