လယ်ယာမြေများအားဟုန်ပန်းကုမ္ပဏီခြံခတ်သိမ်းယူမှု တာချီလိတ်လယ်သမားများလက်မခံ

တာချီလိတ်မြို့မှ မိုင်းဖုန်းအသွားလမ်းရှိ စက်မှုဇုံနယ်မြေအနီး လယ်ယာမြေများအား ဟုန်ပန်းကုမ္ပဏီမှ ခြံခတ်သိမ်းယူမှုပြုလုပ်ရာ ဒေသခံများလက်မခံဘဲ ခြံစည်းရိုးများအား ယနေ့သွားရောက်ဖျက်ဆီး လိုက်ကြောင်းသိရှိရသည်။

Photo SHAN TCL:၄င်းတို့လယ်ယာမြေများအား ကုမ္မဏီမှ ခြံခတ်လိုက်သည့်အပေါ် ဒေသခံလယ်သမားများလက်မခံ ။ ကုမ္မဏီခတ်ထားသောခြံစည်းရိုးများ ဟုပေါင်းဖျက်ချ။

၂၀၁၉ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဟုန်ပန်းကုမ္ပဏီက တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် – ဆေခမ်း နှင့် ၀မ်ဟောင်အပိုင်း လယ်ယာမြေဧက ရာဂဏန်းအား သွားရောက်ခြံခတ်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စ လယ်ယာမြေပိုင်ရှင်များကလက်မခံဘဲ ဟုန်ပန်းကုမ္ပဏီခတ်သည့်ခြံစည်းရိုးများအားဖျက်ဆီးပစ်ခဲ့ကြောင်း၊ အမှုကိစ္စများမပြီးဘဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ မြို့နယ်ရုံးသို့ သွားရောက်ဖြေရှင်းနေ ရကြောင်းကြားသိရ သည်။

“ဒီကိစ္စကျနော့်အနေနဲ့လဲ ဒေသခံလယ်သမားတွေကို သနားတယ်။ ဒီအပိုင်းဘဲမဟုတ်ဘူး အရင်ကတည်းက လည်းသိမ်းယူမှုတွေကြောင့်အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်။ စစ်အစိုးရလက်ထက်ကသိမ်းယူတဲ့နယ်မြေ တွေ အသုံးမပြုရင်ပြန်ပေးမယ်လို့ သမ္မတ ကလဲ ပြောထားတယ်လေ။ ကျနော်တို့အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးပါ့မယ် ” – ဟု ဟောင်လိတ် အုပ်ချုပ်ရေးမှူး စိုင်းချုံ ကပြောသည်။

ထို့အတူ သျှမ်းပြည်နယ်အစိုးရ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကလည်း သိမ်းဆည်းထားသည့်လယ်ယာ မြေ များအား အသုံးပြုခြင်းမပြုပါက ပြန်လည်ပေးအပ်မည်ဟု ၂၀၁၈ ခုနှစ်က ပြောဆိုထားခဲ့ဖူးသည်။

အဆိုပါမြေများသည် အစိုးရ ချမှတ်ပေးသည့် မြေနေရာဖြစ်သည့်အတွက် ရာဘာချက်စက်ရုံတည် ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောဆိုသည်။

Photo SHAN TCL:၄င်းတို့လယ်ယာမြေများအား ကုမ္မဏီမှ ခြံခတ်လိုက်သည့်အပေါ် ဒေသခံလယ်သမားများလက်မခံ ။ ကုမ္မဏီခတ်ထားသောခြံစည်းရိုးများ ဟုပေါင်းဖျက်ချ။

“ဒီမြေ ၊ ဒီလယ်က ကျမတို့ဟာ၊ အခု က အရင်စစ်အစိုးရခေတ်က နာမည်သိမ်းထားတယ်။ ဘာမှ အသုံးမပြုခဲ့ဘူး။ ကျမတို့လဲ ဒီမြေပေါ်မှာ မိသားစု ၀မ်းရေးအတွက်ဘဲ၊ ဘိုးဘွားခေတ်ကတည်းက ထွန်ယက်စိုက်ပျိုးလာတာ ”- ဟု လယ်မြေပိုင်ရှင် နန်းရင် ကပြောသည်။

အဆိုပါ မြေဧက ၆၀၀ ကျော်အား ၁၉၉၈-၉၉ ခုနှစ်က စစ်အစိုးရ သိမ်းပိုက်ထားကြောင်း၊ စက်မှုဇုံမြေနေရာ လည်း အဆိုပါလယ်မြေထဲမှ ပါ၀င်ကြောင်း၊ ထို့်အတွက်အဆိုပါ လယ်မြေများပြန်ရသည်အထိ တိုက်ပွဲ ၀င် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်သမားများက သံဓိဌာန်ပြုထားသည်။

လက်ရှိလယ်မြေများသိမ်းယူသည့် ဟုန်ပန်း ကုမ္ပဏီသည် ၀ တပ်ဖွဲ့ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိ ၄င်းတို့ရုံးစိုက်ထားသည့် မြေနေရာသည်လည်း ၁၉၈၉ ၀တပ်ဖွဲ့ ငြိမ်းချမ်းရေး ယူပြီး နောက်ပိုင်း တောင်ကော့နိုင်း၊ တောင်ကော့နောက် နှင့် ပါဆက် ကျေးလက်ရွာသားများပိုင် လယ်ယာမြေများအား စစ်အစိုးရမှ သိမ်းယူပြီး ၄င်းတို့အား ပေးအပ်ထားလိုက်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...