မြန်မာ-ထိုင်းနယ်စပ် ချစ်ကြည်ရေး အမှတ်(၁) တံတား ဖွင့်လှစ်ရန် အစီစဉ် မရှိသေး

တာချီလိတ်မြို့ရှိ မြန်မာ- ထိုင်း ချစ်ကြည်ရေး အမှတ် (၁ )တံတား ဖွင့်ရန် အစီစဉ် မရှိသေးကြောင်း တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ စုံစမ်း သိရှိရသည်။

Photo Credit to Chiang Rai News- ဧပြီ ၅ ရက် ည က မယ်ဆိုင်ရောက် ထိုင်းမှရွှေပြာင်းအလုပ်သမားတချို့

ဇွန် (၂၃) ရက်နေ့က နေ့လည်ပိုင်းတွင် တာချီလိတ် နှင့် မယ်ဆိုင် နှစ်နိုင်ငံ တာဝန်ရှိသူများက တာချီလိတ်မြို့၌ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

“လောလောဆယ်တော့ နှစ်ဖက်စလုံး မဖွင့်နိုင်သေးပါဘူး။ အခုအနေအထားတော့ ကျန်းမာရေး အခြေနေ လာပြီး မေးတဲ့ သဘောပါပဲ။ ဟိုဘက်မေး ဒီဘက်မေး အဲ့အဆင့်ပဲ ရှိပါသေးတယ်။ တံတားဖွင့်ဖို့ အဆင့်ထိတော့ မရောက်သေးပါဘူး” ဟု တာချီလိတ် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး တံတားအမှတ် (၁) သည် မတ်(၂၃) ရက်နေ့ ကစတင် ပိတ်ထားပြီး (၃) လ ကြာ ပိတ်ထားပြီ ဖြစ်ကြောင်း သိရသည်။

“အခု ဖွင့်ဖို့ အစီစဉ်လဲ မရှိသေးပါဘူးဗျ။ ရောဂါတွေ ပြီးမှပဲ ဖွင့်ပါမယ်။ ရောဂါ က ဘယ်တော့ ပြီးမယ်မှန်းမသိဘူး” ဟု ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာ-ထိုင်း နယ်စပ် အမှတ်(၁) တံတား သည် ၃လကြာပိတ်ထားနောက် နယ်စပ် တွင် တပိုင်တနိုင် ကုန်ကူးသန်းရောင်းဝယ်နေသည့်သူများအတွက် စားဝတ်နေရေး ခက်ခဲလာကြောင်းလည်း တာချီလိတ်ဒေသခံများပြောပြချက် အရသိရသည်။

“ တာချီလိတ်က ထိုင်းပစ္စည်းကို အဓိက အားထားရ၊ ကုန်ကူးနေရတဲ့အတွက် ကုန်စုံရောင်းတဲ့သူအတွက်တော့ အခက်အခဲတော့ရှိပါတယ်။ ကျန်းမာရေး အရ ပိတ်ထားတော့လည်း မသက်နိုင်ဘူးလေ” ဟု တာချီလိတ် ဆန်ဆိုင်း ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နယ်စပ် တံတားဖွင့်ရန်အတွက် ၂ နိုင်ငံကြားဆွေးနွေး သဘောတူရုံမျှ မရဘဲ အာဆီယံ နိုင်ငံများနှင့်လည်း ပတ်သက်ဆက်နွယ်နေပြီး အားလုံး သဘောထားပါဝင်မှ ဆုံးဖြတ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းထဲ အမျိုးသားအလောင်းတွေ့

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်နေစဉ် ချောင်းထဲတွင် အမျိုးသားတစ်ဦး၏ သေဆုံးနေလျက် အလောင်းမျောပါလာခဲ့ကြောင်း ဒေသအတွင်း လူမှုကူညီရေးအသင်းထံမှ သိရသည်။ ယမန်နေ့ မေလ ၂၅ ရက် နံနက်ပိုင်းတွင် မယ်ဆိုင်ချောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးနေလျက် အလောင်းမျောပါလာခဲ့သဖြင့် ဒေသအတွင်း လူမှုကူညီရေးအသင်းမှ ဆယ်ယူခဲပြီး ထိုအလောင်းကို ပြည်သူ့ဆေးရုံကြီးသို့...