Wednesday, January 28, 2026

တာချီလိတ်တွင် ကက်တမင်းနှင့် လက်နက်များထပ်မံသိမ်းဆည်းရမိ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်မြို့ တွင် ကက်တမင်းနှင့် လက်နက်များ ထပ်မံ သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။

Photo by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ) ရပ်ကွက် ပုံလို့လမ်း နှင့် အုန်းခြံလမ်းတောင့် တွင် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာသည့် အသက် ၂၀ အရွယ် စိုင်းရှဲန်ဝန်း ထံတွင် ကက်တမင်း အလေးချိန် ၉၀၀ ဂရမ်(ဒေသ ပေါက်ဈေး ၉၀သိန်း) နှင့် သိမ်းဆည်းရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

ဆက်လက်ပြီး စိုင်းရှဲန်ဝန်း နေအိမ်ကို ဆက်လက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းတွင် အမေရိကန် နိုင်ငံလုပ် M-16 သေနတ် ၁လက်၊ ကျည်အိမ် ၈ခု၊ 5.56 MM ကျည် ၂၉၄ တောင့်၊ 99 Luger ကျည် ၁၀၀ တောင့်တို့အားထပ်မံ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

Photo by မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

အဆိုပါ ကက်တလင်းနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရမိမှုနှင့် ပတ်သက်ပြီး စိုင်းရှဲန်ဝန်း ကို တာချီလိတ်မြို့ မရဲစခန်းမှ မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်တွင် ရေထပ်ကြီး

0
ထိုင်း-မြန်မာနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေသည် ယနေ့ (အောက်တိုဘာ ၁)ရက် နံနက် ၈ နာရီအချိန်မှစ၍ စိုးရိမ်ရေမှတ် အထက်သို့ ကျော်လွန်လာသဖြင့် မြို့ပေါ် ရပ်ကွက်နှင့် လမ်းမပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။ မယ်ဆိုင်ချောင်းရေ မြင့်တက်မှုကြောင့် တာချီလိတ်မြို့ပေါ် တာလော့ ရပ်ကွက်၊ ပုန်းထွန် ရပ်ကွက်၊...

တာချီလိတ်မြို့ ဝင်၊ထွက် စစ်ကော်မရှင် စစ်ဆေးရေးဂိတ် ငွေညှစ်တောင်းခံနေ

0
သျှမ်ပြည် အ‌ရှေ့ပိုင်း တာချီလိတ်မြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တွင် ငွေညှစ် တောင်ခံ နေကြောင်း သိရသည်။ ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်မှ စပြီး တာချီလိတ်မြို့ အဝင်၊ အထွက်ရှိ မယ်ယန်း စစ်ကော်မရှင် စစ်ဆေးရေး ဂိတ်တွင် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များကို ငွေညှစ်တောင်းခံနေကြောင်း အသက်...

ထိုင်း-သျှမ်းနယ်စပ် တာချီလိတ်မြို့က တာလော့စျေး ဆိုင်ခန်းစျေးနှုန်း ချသော်လည်း ငှားရမ်းသူမရှိ

0
သျှမ်းပြည်အရှေ့ပိုင်း က တာချီလိတ်မြို့ ရေကြီးရေလျှံမှု မကြာခဏ ကြုံနေရသည့် တာလော့စျေးတွင် ဆိုင်ခန်းပိုင်ရှင်များက ငှားရမ်းခ ချပေးသော်လည်း ငှားရမ်းသူမရှိကြောင်း ဒေသခံ စျေးသည်များ ပြောပြချက်အရသိရသည်။ ထိုင်း- မြန်မာနယ်စပ်ရှိ တာလော့စျေးတွင် ရေကြီးရေလျှံမှု မကြာခဏကြုံရသဖြင့် စျေးဆိုင်ခန်းငှားခ ၃ ဆနီးပါးကျဆင်းပြီး ငှားရမ်းသူမရှိသည့်အပြင် နဂိုရှိရင်း စျေးသည်များ...

တာချီလိတ်မြို့ရှိ ရေကြောင်းရဲတပ်ဖွဲ့ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်

0
သျှမ်းပြည် တာချီလိတ်မြို့ရှိ စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ခွဲ ဝမ်ပုံစခန်းသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့ကြောင်း သတင်းသိရသည်။ မေလ ၂၅ ရက်တွင် မြန်မာ-ထိုင်း-လာအိုနယ်စပ် ရွှေတြိဂံဒေသရှိ တာချီလိတ်မြို့သို့ စစ်ကောင်စီ၏ ဌာနဆိုင်ရာများနှင့်အတူ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင် အဖွဲ့တို့ သွားရောက်ပြီး လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

0
မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...