တန့်ယန်း
တန့်ယန်းတွင် မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ခြိမ်းခြောက်ပြောဆို
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ (၁၁) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် (၂) မြို့နယ် ပါဝင်သည်။ ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင်...
တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...
အွန်လိုင်းပေါ်အလုပ်ရှာသည့် မိန်းကလေးကို ကျားဖြန့်သမားများ ပြန်ပေးဆွဲ ငွေညှစ်တောင်း
သျှမ်းပြည် မိုင်းရှူးမြို့နယ်မှ မိန်းကလေးတစ်ဦးကို ကျားဖြန့်လက်ပါးစေများမှ တန့်ယန်းမြို့တွင် အလုပ်ရှိသည်ဟုဆိုကာ လိမ်လည်ဖြားယောင်း၍ ပြန်ပေးဆွဲ ဖမ်းဆီးပြီး မိသားစုထံ ငွေညှစ်တောင်းခံခဲ့ကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ မိုင်းလားမြို့ဘက် အလုပ်လုပ်ရန် ရောက်ရှိနေသည့် အသက် (၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တစ်တော့ Tik Tok ပေါ် အလုပ်ရှာသည့်...
တန့်ယန်းမြို့အတွင်း KTV နှင့် အနှိပ်ခန်း ပေါများလာ
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့တွင် နှစ်နှစ်ကျော်ကာလအတွင်း ကေတီဗွီ (KTV)နှင့် အနှိပ်ခန်းများ ပေါများလာကြောင်း ဒေသခံပြောဆိုချက်အရ သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ နှစ်ဆန်းပိုင်းမှ စတင်ပြီး ယခုလက်ရှိအချိန်ထိ စစ်ကော်မရှင်တပ်နှင့် ‘ဝ’တပ်ဖွဲ့ UWSA တို့ ပူးတွဲထိန်းချုပ်ထားသည့် တန့်ယန်းမြို့တွင် ကေတီဗွီ KTV နှင့် အနှိပ်ခန်းများ ပေါများလာပြီး...
တန့်ယန်းမြို့ထဲ ဆိုလာပြားဘတ်ထရီမှတဆင့် နေအိမ်မီးလောင်မှုဖြစ်ပွား
သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့ပေါ်တွင် ဆိုလာပြားဘက်ထရီ လျှပ်စစ်ဝါယာရှော့ခ်မှတဆင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၁၀ ရက်) နံနက် ၈ နာရီခွဲဝန်းကျင်တွင် တန့်ယန်းမြို့ ရပ်ကွက် (၂) ရှိ နေအိမ်တစ်လုံးတွင် ဆိုလာပြားဘတ်ထရီမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တန့်ယန်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့...
တန့်ယန်း UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မခေါ်ယူခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်
သျှမ်းပြည် တန့်ယန်းမြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA မှ ပြည်သူ့စစ်သင်တန်း အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စုံစမ်းသိရသည်။ မေလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများကို ‘ဝ’တပ်ဖွဲ့ UWSA ၏ (၁၇၁) စစ်ဒေသအောက် တပ်ရင်းများတွင် ရပ်ရွာလုံခြုံရေး အကြောင်းပြကာ ပြည်သူ့စစ်အဖြစ်...
တန့်ယန်းမြို့နယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅)ဦးကို စစ်ကောင်စီဖမ်းဆီး
သျှမ်းပြည် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၁၆၅) ဦးကို စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၁၂ ရက်တွင် တန့်ယန်းမြို့နယ် နားဟုတ်ကျေးရွာအုပ်စု ပိန်းမုံ(ပဵင်းမူင်ႈ) ကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူများကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် မိုင်းဟပြည်သူ့စစ်တို့...
ရမခတိုင်းမှူး၊ တန့်ယန်းနှင့် မိုင်းရယ် စစ်ဗျူဟာမှူးတို့ကို ကျားဖြန့်ကိစ္စဖြင့် စစ်ကောင်စီ ဖမ်းဆီးစစ်ဆေးနေ
သျှမ်းပြည် တန့်ယန်းမြို့နယ်အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး၊ မိုင်းရယ်နှင့် တန့်ယန်းမြို့ရှိ စစ်ဗျူဟာမှူးများကို စစ်ကောင်စီက ကျားဖြန့်ကိစ္စ ဆက်နွှယ်မှုဖြင့် အချင်းချင်း ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တန့်ယန်းမြို့နယ်အတွင်း ပြောင်းရွှေ့အခြေစိုက်ထားသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ် ကျော်မြင့်ထွန်း...
တန့်ယန်းကျားဖြန့်လုပ်ကိုင်သူ အယောက် (၅၀) ဝန်းကျင်ထပ်မံ ဖမ်းဆီးရမိ
SHAN -
သျှမ်းပြည် တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ(၅၀)ဝန်းကျင်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂ ရက်) တန့်ယန်းမြို့နယ် နောင်ဟီးကျေးရွာတွင် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူ အယောက် (၅၀)ဝန်းကျင်ထဲတွင် တရုတ်နိုင်ငံသားအပါအဝင် မြန်မာနိုင်ငံသား အယောက်(၃၀)ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး၊...
တန့်ယန်းမြို့နယ် UWSA ဖမ်းဆီးရမိသည့် ကျားဖြန့်လုပ်ကိုင်သူ ၈၀၀ နီးပါး တရုတ်ရဲလက်အပ်
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၀၀၀) ကျော်ကို ‘ဝ’တပ်ဖွဲ့ UWSA က ဖမ်းဆီးခဲ့ပြီး ၎င်းတို့ထဲမှ တရုတ်နိုင်ငံသား (၇၆၂) ဦးကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA...





