ညောင်ရွှေမြို့နယ်
ညောင်ရွှေမြို့နယ်ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ရန်ပြောဆိုမှုပေါ် စိုးရိမ်နေကြ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်းရောက်ရှိနေသည့် ကရင်နီစစ်ဘေးရှောင်များကို မတ်လကုန်တွင် နေရပ်ပြန်ရန် ပြောဆိုနေကြသည့်အပေါ် စစ်ဘေးရှောင်များ စိုးရိမ်နေကြရကြောင်း သတင်းရရှိသည်။ ညောင်ရွှေမြို့သို့ရောက်ရှိနေသော ကရင်နီစစ်ဘေးရှောင်များကို လာမည့် ၂၀၂၅ မတ်လအတွင်း နေရပ် ပြန်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ သတိပေးပြောဆိုမှုရှိခဲ့ကြောင်းညောင်ရွှေမြို့ ဒေသခံအမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “မတ်လမှာ ပြောင်းဖို့နေရပ်ပြန်ဖို့ တရားဝင်စာထွက်တာမျိုးတော့ မရှိသေးပါဘူး။ အထွေထွေအုပ်ချုပ်ရေးရုံးရဲ့...
တောင်ကြီးခရိုင် စစ်ကောင်စီမှခေါ်ဆောင်ခံရသည့် စစ်မှုထမ်းလူငယ်များ ရှေ့တန်းတွင်သေဆုံး
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စစ်ကောင်စီမှ စစ်မှုထမ်းရန် အတွက် ခေါ်ဆောင်ခံရသည့် လူငယ်များ ရှေ့တန်းတွင် သေဆုံးမှုများရှိနေကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ထိုသူများသည် တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်များမှ စစ်မှုထမ်း အပတ်စဉ် (၅) နှင့် (၆) အတွက် စစ်မှုထမ်းခေါ်ဆောင်ခံသွားရသည့် လူငယ်များဖြစ်ကြသည်။ ဇန်နဝါရီလ (၅) ရက်မှ (၁၀)...
PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ...
ကုန်ဈေးနှုန်းကြောင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများရပ်နားထားရ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ နှင့် အင်းလေးဒေသအတွင်း ရေကြီးပြီးနောက် ကုန်စိမ်းပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တပိုင်တနိုင်ရောင်းချလျက်ရှိသော ဒေသရိုးရာစားသောက်ဆိုင်လုပ်ငန်းများ ရပ်နားထားရကြောင်း စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမပတ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းရာဂီ နောက်ဆက်တွဲများကြောင့် သျှမ်းပြည်တောင်ပိုင်းရှိမြို့နယ် အများအပြားရေဘေးသင့်ခဲ့ရပြီး စိုက်ပျိုးရေးလုပ်ငန်းများစွာထိခိုက်ခဲ့သည်။ ထို့နောက် ကုန်စိမ်းသီးနှံဈေးနှုန်းများ အဆမတန်မြင့်တက်လာကာ ၎င်းတို့ကို အားထားနေရသော ဒေသရိုးရာ တနိုင်တပိုင်စားသောက်ဆိုင်လုပ်ငန်းများမှာလည်း...
ညောင်ရွှေမြို့နယ် မိုးကြီးလေကြီး ပြောင်းခင်းများပျက်စီး
SHAN -
သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အောင်ချမ်းသားကျေးရွာဘက်တွင် မိုးကြီးရေလျှံမှု ကြုံရသဖြင့် ပြောင်းပင်များ ပျက်စီးခဲ့ရကြောင်း ဒေသခံတောင်သူများထံမှသိရသည်။ ယခု စက်တင်ဘာလ ပထမပတ်တွင် မိုးအဆက်မပြတ်ရွာနေသည့်အပြင် လေပြင်းများပါတိုက်ခြင်းကြောင်း ပြောင်းပင်များလဲခဲ့ရကြောင်း ပြောင်းတောင်သူ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ "ပြောင်းက မရင့်သေးဘူး ခုလိုလဲသွားတော့ အများစုက ပျက်စီးသွားတယ်။နောက်ပြီး ရင့်တဲ့အပင်ဆိုလည်း ခုလိုလဲသွားတော့ကြွတ်ကိုက်တာ၊ခြစားတာ အကောင်တွေဖျတ်ဆီးတာနဲ့ကြုံရတယ်"ဟု...
ညောင်ရွှေမြို့နယ် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ တစ်ပတ်အတွင်း စစ်ဘေးရှောင် ၁ ထောင်ကျော် ထပ်မံထွက်ပြေးရ
သျှမ်းပြည် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသေးကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့နယ် ညောင်လေးပင်ကျေးရွာ၊ တောင်ပို့ကွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် ယနေ့အချိန်ထိ နှစ်ဘက်တပ်ဖွဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ကျေးရွာထဲသို့ ရမ်းသမ်းပစ်ခတ်နေကြောင်း ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “အခုတိုက်ပွဲတွေဆက်ဖြစ်နေသေးတယ်ဗျ။ ဒီတောင်ပို့ကွဲတို့၊ နန်းတုတ်တို့၊ ညောင်လေးပင်တို့ဘက်မှာ...
ညောင်ရွှေမြို့နယ် စစ်ကောင်စီရဲ့ စစ်မှုထမ်းသူများအတွက် ထောက်ပံ့ကြေးကောက်
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်မှုထမ်းသူများအတွက် ထောက်ပံ့ကြေးဆိုကာ အုပ်ချုပ်အုပ်ချုပ်ရေးမှူးများမှ ပိုက်ဆံကောက်ယူနေကြောင်း စုံစမ်းသိရသည်။ ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက် ၈ ခုအပါအဝင် အင်းလေးဒေသ ကျေးရွာပေါင်း ၃၃၇ ရှိသည့်အနက် တစ်ရွာလျှင် ၂ ဦး စစ်မှုထမ်းရမည်ဆိုကာ သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲနှိုက်ခိုင်းစေခဲ့ပြီး သင်္ကြန်ကာလအပြီး...
ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီ လေကြောင်းဖြင့် မီးလောင်ဗုံးကြဲ
သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မီးလောင်ဗုံးကြဲချသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၇) ရက်၌ကျရောက်သာ တပ်မတော်နေ့တွင် မွန်းလွှဲ ၂ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီက နန်းတုတ်ကျေးရွာ မြောက်ဘက်ရှိ သင်္ချိုင်းကို လေကြောင်းဖြင့် မီးလောင်ဗုံး ၁ လုံးကြဲချကာ အနီးတဝိုက်မှ...
ညောင်ရွှေမြို့နယ် စစ်ကောင်စီ ငွေအဆမတန် တောင်း
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO တို့ စစ်ဆေးရေးဂိတ်များတွင် ငွေအဆမတန် ကောက်နေကြောင်း စုံးစမ်းသိရသည်။ သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် မှော်ဘီကျေးရွာ အနီး အဝိုင်းပတ်တွင် ပြီးခဲ့သည့် မတ်လ ပထမ ပတ်မှစ၍ စစ်ကောင်စီနှင့် ပြည်သူ့ စစ် PNO...
ညောင်ရွှေမြို့နယ် ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှု စစ်ကောင်စီ အချိန်ကန့်သတ်
သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ရေပယ်ကျေးရွာအနီး ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှုကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က အချိန်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် တောင်လေးလုံး အနီးရှိ ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြား စက်ရုံကြား၌ SURF ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က...





