ညောင်ရွှေမြို့နယ် မိုးကြီးလေကြီး ပြောင်းခင်းများပျက်စီး

သျှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အောင်ချမ်းသားကျေးရွာဘက်တွင် မိုးကြီးရေလျှံမှု ကြုံရသဖြင့် ပြောင်းပင်များ ပျက်စီးခဲ့ရကြောင်း ဒေသခံတောင်သူများထံမှသိရသည်။

ယခု စက်တင်ဘာလ ပထမပတ်တွင် မိုးအဆက်မပြတ်ရွာနေသည့်အပြင် လေပြင်းများပါတိုက်ခြင်းကြောင်း ပြောင်းပင်များလဲခဲ့ရကြောင်း ပြောင်းတောင်သူ အမျိုးသမီး တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ပြောင်းက မရင့်သေးဘူး ခုလိုလဲသွားတော့ အများစုက ပျက်စီးသွားတယ်။နောက်ပြီး ရင့်တဲ့အပင်ဆိုလည်း ခုလိုလဲသွားတော့ကြွတ်ကိုက်တာ၊ခြစားတာ အကောင်တွေဖျတ်ဆီးတာနဲ့ကြုံရတယ်”ဟု ဒေသခံတောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ယခုနှစ်တွင်သွင်းအားစု အရင်းအနှီး၊ပြောင်းမျိုးစေ့များ ယခင်နှစ်ထက် နှစ်ဆစျေးမြင့်တက်နေပြီး ယခုလို သဘာဝဘေးနှင့်ကြုံတွေ့နေရခြင်းကြောင်း အရှုံးများနှင့်ရင်ဆိုင်နေရပြီး တောင်သူများစိတ်ဓာတ်ကျနေရကြောင်း သိရသည်။

“ယခုနှစ်က အကုန်လုံးက စျေးကြီးတယ်လေ။နိုင်ငံရေးလည်းကြုံ သဘာဝဘေးလည်းကြုံ ကုန်စျေးနှုန်းလည်း အကုန်ကြုံဆိုတော့ လူလည်းစိတ်ဓာတ်ကျရတယ်”ဟု ပြောင်းစိုက်တောင်သူတစ်ဦးကပြောသည်။

အလားတူပင် ညောင်ရွှေမြို့နှင့်ထိစပ်နေသည့် ပင်လောင်းမြို့နယ်တွင်လည်း မိုးအဆက်မပြတ်ရွာခြင်းကြောင့်ဒေသခံစိုက်ပျိုးထားသောပြောင်း၊ ခရမ်းချဉ်သီး၊အာလူးများရေမြှုပ်ကြပြီး လက်ဖက်ခြံများသွာလည်း တောင်ပြိုသည့်အထဲပါသွားခဲ့ရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စံကားဒေသ နေရပ်ပြန် စစ်ရှောင်များ PNO ကို တစ်လျှင် ငွေကျပ် ၅သိန်းပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် စံကားဒေသသို့ နေရပ်ပြန် စစ်ဘေးရှောင်များသည် ပအိုဝ်းပြည်သူ့စစ် (PNO)ကို တစ်အိမ်လျှင် တစ်လလျှင် ငွေကျပ်ငါးသိန်းကို ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလပထမ ပတ်တွင် ညောင်‌ရွှေမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က လက်နက်ကြိးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။ ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့်...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

စစ်တပ်လက်အောက်ခံ ရဲနှင့် PNO မူးယစ်ဆေးရောင်းသူကို မဖမ်းဘဲ သုံးစွဲသူကို ပစ်မှတ်ထားဖမ်းနေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ ပုံးအင်းဒေသနှင့် ရွာငံမြို့နယ်တို့တွင် စစ်ကော်မရှင်လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ပအိုဝ်းပြည်သူ့စစ် PNO များက မူးယစ်ဆေးဝါး ရောင်းသူများကို မဖမ်းဘဲ သုံးစွဲသူများကို လိုက်လံဖမ်းဆီးကာ စစ်မှုထမ်းခိုင်းကြောင်း သတင်းရရှိသည်။ အောက်တိုဘာလ ၁၃ ရက်တွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာအုပ်စု အတွင်းရှိ မူးယစ်ဆေးဝါး...

သျှမ်းတောင် လေပြင်းတိုက်မှုကြောင့် နေအိမ်၊စာသင်ကျောင်း အပျက်အစီးများ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တွင် ယမန်နေ့ (သြဂုတ် ၂၆)ရက် မွန်းလွှဲပိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စာသင်ကျောင်းအများအပြားပျက်စီးခဲ့ပြီး အရေးပေါ်ပြင်ဆင်ရန်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။​ ပင်လောင်းမြို့နယ် နမ်းတုတ်-လုံးပဲဉ် ကျေးရွာအုပ်စု၊ ဗန်းမောက်ကျေးရွာအတွင်းရှိ အလယ်တန်းကျောင်းသည် ယမန်နေ့ ( ဩဂုတ်လ ၂၆) ရက် မွန်းလွှဲ ၁...

အင်းလေး စက်လှေမောင်းသူတစ်ဦး လေးခွ ပစ်ခံရ ၊မျက်လုံးတစ်ဖက် ဆုံးရှုံးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း စက်လှေမောင်းသူတစ်ဦးသည် လေးခွဖြင့် အပစ်ခံရသဖြင့် မျက်လုံးတစ်ဖက် ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၁) ရက် နေ့လည် ၁၁ နာရီတွင် အင်းလေးဒေသ ဟဲခမ်းဦးကျေးရွာတွင် နေအိမ်များ ရေမြုပ်နေသည့်အချိန် စက်လှေ အရှိန်မြင့်မောင်းနှင်သောကြောင့် နေအိမ်အတွင်း ရေများဝင်ရောက်မှုထပ်မံဖြစ်ပေါ်ခဲ့သည်။ ထို့နောက်...