ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာကို စစ်ကောင်စီ လေကြောင်းဖြင့် မီးလောင်ဗုံးကြဲ

သျှမ်းပြည် ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မီးလောင်ဗုံးကြဲချသွားကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် တစ်နေရာ

ယမန်နေ့ (မတ်လ ၂၇) ရက်၌ကျရောက်သာ တပ်မတော်နေ့တွင် မွန်းလွှဲ ၂ နာရီဝန်းကျင်မှစပြီး စစ်ကောင်စီက နန်းတုတ်ကျေးရွာ မြောက်ဘက်ရှိ သင်္ချိုင်းကို လေကြောင်းဖြင့် မီးလောင်ဗုံး ၁ လုံးကြဲချကာ အနီးတဝိုက်မှ ပြောင်းတင်လေဆိပ်ကိုလည်း လေကြောင်းဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်။ မနေ့က ကျနော်တို့ရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ထပ်လာကြဲတယ်။ ဒါသူတို့က ပြည်သူတွေကို မငဲ့ညာတော့ဘူး။ လူကောင်း၊ လူဆိုး မခွဲတော့ဘူး။ အဲ့လိုပဲ လိုက်ကြဲနေတယ်။ လူတွေလည်း ထွက်ပြေးကုန်ပြီ၊ အခုလည်း တစ်ရွာလုံးဒုက္ခရောက်ကုန်ပြီ” ဟု နန်းတုတ်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် ပြောင်းတင်လှေဆိပ်တွင် ရပ်ထားသည့် ကားတစ်စီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အလားတူ ညောင်ရွှေမြို့နယ် ရေပူရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၈ ကြိမ်ခန့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံနေအိမ် ၁ လုံး ပျက်စီးခဲ့သေးကြောင်း သိရသည်။

နန်းတုတ်ကျေးရွာကို ဖေဖော်ဝါရီလ ၂၂ ရက်ကတည်းက စစ်ကောင်စီသည် ဖယ်ခုံမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၃၃၆ မှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ပြီး မတ်လ ၂၂ ရက်တွင်လည်း စစ်ကောင်စီက အဆိုပါနန်းတုတ် ကျေးရွာအား တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကြခဲ့သည်။

ယင်းကဲ့သို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လေယာဉ်ဖြင့် မကြာခဏဗုံးကြဲ၊ ပစ်ခတ်ခဲ့သောကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရပြီး ရောက်ရာအရပ်ဒေသ၌ မိသားစုစားဝတ်နေရေးအတွက်ကို ရရာအလုပ်လုပ်ကိုင်နေရကြောင်း ထွက်ပြေးနေရသည့် နန်းတုတ်ရွာခံတစ်ဦးကပြောသည်။

“အခုကျနော်တို့ တခြားရွာတွေဘက်မှာ အိမ်ငှားနေရတယ်။ တစ်လကို အနည်းဆုံးကျပ် ၅ သောင်းလောက်တော့ ပေးရတယ်။ မိသားစုလည်းများတော့ သူများနဲ့နေရတာအဆင်မပြေဘူး။ အခုကျပ် ၅ သောင်းဆိုလည်း ရှာရတာ ခက်သွားပြီ။ ဒီဘက်မှာ ငါးဖမ်းပြီးရောင်းရင်လည်း ရောင်းစရာနေမရှိ သွားလာလို့အဆင်မပြေတော့ဘူး။ ရှိတဲ့အလုပ်ကိုပဲ ရှာလုပ်နေရတယ်” ဟု ၎င်းကပြောသည်။

ဖယ်ခုံမြို့နှင် အခြားတစ်ဖက်ကမ်းရှိ နန်းတုတ်ကျေးရွာတွင် စစ်ဘေးရှောင်အပါအဝင် အင်းသား၊ ပအိုဝ်း နှင့် သျှမ်းလူမျိုးပေါင်းစုံများစု ပေါင်းနေထိုင်ကြပြီး နန်းတုတ်တောင်ရွာ၊ မြောက်ရွာ၊ အရှေ့ရွာဟူ၍ ရှိသည်။

လက်ရှိတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင် အပါအဝင် ဒေသခံဦးရေ ခန့်မှန်ခြေ ၃ထောင်ခန့်က ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...