ညောင်ရွှေမြို့နယ် ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှု စစ်ကောင်စီ အချိန်ကန့်သတ်

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ ရေပယ်ကျေးရွာအနီး ပစ်ခတ်မှုအပြီး လမ်းအသုံးပြုမှုကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က အချိန်ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ပုံ- ဟောင်း (စစ်ကောင်စီမှ သံဆူးကာဖြင့် ကားလမ်းမ ပိတ်ထား)

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့ ညပိုင်းအချိန်တွင် တောင်လေးလုံး အနီးရှိ ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြား စက်ရုံကြား၌ SURF ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပစ်ခတ်ရာမှာ ကားထဲလိုက်ပါလာသူ တစ်ဦး သေဆုံးပြီး တခြား ၂ ဦးက ထွက်ပြေး လွတ်မြောက်သွားခြင်း ဖြစ်သည်။

အဆိုပါ ပစ်ခတ်မှုအပြီး ထွက်ပြေးလွတ်မြောက်သွားသူ နှစ်ဦးသည် စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့ ဝင်တို့ တောနင်းရှာဖွေ နေလျက်ရှိပြီး လက်ရှိတွင် အဆိုပါ လမ်းကြောင်း ဖြတ်သန်းသွားလာမှုကို အချိန်ကန့်သတ်လိုက်ကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညောင်ရွှေ – ခေါင်တိုင် – တောင်လေးလုံး လမ်းဆုံဂိတ်တွေ ကို စစ်ကောင်စီက စစ်ဆေးရေးဂိတ်က အချိန်နဲ့ ဖြတ်သန်းခွင့်ပေးတယ်။ ခေါင်တိုင်လမ်းပိုင်းကို မနက် ၅ နာရီကနေ ညနေ ၅ နာရီအတွင်းပဲ ဖြတ်ခွင့်ပေးတာ၊ ကျန်တဲ့အချိန်ကတော့ ရောက်တဲ့ နေရာကနေ ရပ်ရတယ်” ဟု ညောင်ရွှေမြို့နယ် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ လမ်းဖြတ်သန်းခွင့် အချိန်ကန့်သတ်ပေးလိုက်သည့် အပြင် လမ်းသွားလမ်းလာများထံမှ ငွေကြေး ပိုက်ဆံ တောင်းယူခြင်းများလည်း ရှိနေကြောင်း ကြုံတွေ့ရသည့် ကားသမားများက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျနော် အသိတစ်ယောက် အဲ့လမ်းကနေ ဖြတ်သွားလို့ ပြန်ပြောပြတာပါ။ ကားတစ်စီးကို ရစ်ပြီး ပိုက်ဆံ ၂ သောင်းကနေ ၃ သောင်း အဲ့လို တောင်းယူတယ်တဲ့၊ အခုလို လုပ်လိုက်တော့ လမ်းသွားလမ်းလာတွေ အတွက်ရော၊ ဈေးသည်တွေ အတွက်ရော ခက်ခဲသွားတာပေါ့ ၊ တချို့က ညောင်ရွှေဈေးကို အစောကြီး ရောက်လာကြတာ၊ အခုဆိုရင် ၅ နာရီ မထိုးမချင်း လမ်းမဖြတ်ရတော့ ခက်တာပေါ့” ဟု အထက်ပါ ကားသမားများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ ၂၄ ရက်တွင် စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် လူငယ်သည် ကယန်းလူမျိုးဟု သိရပြီး မည်သည့်အတွက်ကြောင့် လိုက်လံပစ်ခတ်ခြင်း ခံရသည်ကို သျှမ်းသံတော်ဆင့် အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိ အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ၊ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု စစ်ဆေးမှုများလည်း ပြုလုပ်နေသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...