ညောင်ရွှေမြို့နယ် စစ်ကောင်စီရဲ့ စစ်မှုထမ်းသူများအတွက် ထောက်ပံ့ကြေးကောက်

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် စစ်မှုထမ်းသူများအတွက် ထောက်ပံ့ကြေးဆိုကာ အုပ်ချုပ်အုပ်ချုပ်ရေးမှူးများမှ ပိုက်ဆံကောက်ယူနေကြောင်း စုံစမ်းသိရသည်။

ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက် ၈ ခုအပါအဝင် အင်းလေးဒေသ ကျေးရွာပေါင်း ၃၃၇ ရှိသည့်အနက် တစ်ရွာလျှင် ၂ ဦး စစ်မှုထမ်းရမည်ဆိုကာ သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မဲနှိုက်ခိုင်းစေခဲ့ပြီး သင်္ကြန်ကာလအပြီး ခေါ်ယူသွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းကဲ့သို့ စစ်မှုထမ်းရန် လူအခက်ခဲရှိသည့်ကျေးရွာများအတွက် ကျေးရွာသူကြီးက တစ်အိမ်လျှင် ကျပ် ၂ သောင်း စစ်မှုထမ်းများ၏ ထောက်ပံ့ကြေးအဖြစ် ကောက်ခံသွားမည်ဖြစ်ကြောင်း အင်းပေါ်ခုန်ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။

“အခုစစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတယ်။ တချို့ရွာတွေလည်း မဲနှိုက်ပြီးပြီ၊ သင်္ကြန်ပြီးရင် သွားရမယ်လို့ပြောတယ်။ မသွားနိုင်တဲ့ရွာတွေကိုတော့ ပိုက်ဆံကောက်မယ်။ အဲ့ပိုက်ဆံတွေက စစ်မှူထမ်းတဲ့သူတွေအတွက် ထောက်ပံ့ ကြေးပေးမယ်တော့ပြောတယ်။ တစ်အိမ်ကို ကျပ် ၂ သောင်းကောက်မှာ” ဟု ၎င်းကပြောသည်။

အင်းလေးဒေသ အင်းပေါ်ခုန်တွင် အိမ်ခြေပေါင်း ၂၀၀ ခန့်ရှိရာ တစ်အိမ်လျှင် ကျပ် ၂ သောင်းကောက်ခံပါက စုစုပေါင်း ကျပ်သိန်း ၄၀ ရှိကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ရွေးချယ်ခံရသူများအတွက် စစ်မှုထမ်းမရှိသည့် အိမ်ထောင်စုများက ထောက်ပံ့ကြေးပေးရမည်ဟု စစ်ကောင်စီက ရပ်ကျေးအာဏာပိုင်များကို ညွှန်ကြားထားကြောင်း၊ စစ်မှုထမ်းမည့်သူများသည် ခံစားခွင့်ရမည့်လစာနှင့် ရှားပါးစရိတ် ထောက်ပံ့ကြေးများအတွက်ကိုမှု နိုင်ငံမှ ထောက်ပံ့မည်ဟု စစ်ကောင်စီက မတ်လ ၂၂ ရက်မှာ VOA သတင်းဌာနထံသို့ ပြောဆိုထားသည်။

တစ်ဖက်တွင်လည်း စစ်မှုထမ်းဥပဒေအရ လူငယ်များကို ဖိအားပေးခြိမ်းခြောက်ကာ အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပါက တော်လှန်ရေးအင်အားစုများ၏ မူဝါဒအရ ထိထိရောက်ရောက် အရေးယူသွားမည်ဟု JMC-Innlay က မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

စစ်မှုထမ်းဥပဒေ ကြောင့် နမ့်စန်မြို့နယ် ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်မထမ်းလို

0
စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေနှင့် ဆပ်စပ်သည့် ဖိအားကြောင့် နမ့်စန်မြို့နယ်ဒေသခံများ အုပ်ချုပ်ရေးမှူး တာဝန်ယူမထမ်းလိုကြကြောင်း စုံစမ်းသိရသည်။ နမ့်စန်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးများသည် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ဒေသခံများကို အသိပေးခြင်း၊ စာရင်းကောက်ယူခြင်း၊ စစ်မှုထမ်းခေါ်ယူမှုတွင်လည်း လိုက်ပါကောက်ခံ ဆောင်ရွက်ရသည်။ ထို စစ်မှုထမ်းကိစ္စကြောင့် ဒေသခံများ၏ မကျေနပ်မှုကို ကြုံတွေ့ရသည့်အပြင်၊ လုံခြုံရေးအန္တရာယ်ကို ခြိမ်းခြောက်ခံလာရသည့်အတွက် စိုးရိမ်နေရကြောင်း...