ဆီဆိုင်
စစ်ကောင်စီ၏ ဘက်တော်သား PNO က ဆီဆိုင်ကို ပြန်လည်ထိန်းချုပ်
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) လက်လွတ်ထားရသည့် နယ်မြေကို ပြန်လည် ထိန်းချုပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဇန်နဝါရီလ ၁၂ ရက်) ညနေပိုင်းတွင် PNOမှ လက်လွှတ်ထားရသည့် ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်စွဲရာနေရာကို ၎င်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း PNO အရာရှိတစ်ဦးက...
သျှမ်းတောင်တွင် တိုက်ပွဲကြောင့် တစ်နှစ်အတွင်း အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရာရ
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ လွိုင်လင်၊ ပင်လောင်းနှင့် ညောင်ရွှေ မြို့နယ်အတွင်း တိုက်ပွဲကြောင့် ၂၀၂၄ ခုနှစ်ထဲတွင် အရပ်သား ၁၃၀ ခန့်သေဆုံး၊ ၁၈၀ ကျော်ဒဏ်ရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး PYO ၏ အစီရင်ခံစာအရသိရသည်။ ၂၀၂၄ ဇန်နဝါရီလ ၂၁ ရက်က ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသရှိ...
လွိုင်ကော်မြို့ အဝင်၊အထွက် စစ်ကောင်စီထံ ထောက်ခံစာယူရ
SHAN -
ကရင်နီပြည် (ကယားပြည်) လွိုင်ကော်မြို့ အဝင်၊အထွက် သွားလာမည့်သူတိုင်း စစ်ကောင်စီထံ ထောက်ခံစာယူနေရကြောင်း သတင်းရင်းမြစ်များထံ စုံစမ်းသိရသည်။ ထိုကဲ့သို့ ထောက်ခံစာယူဆောင်ရန် စစ်ကောင်စီက စစ်အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုရက်ပိုင်းအတွင်း ထောက်ခံစာပါမှသာ ဝင်၊ထွက်ခွင့်ပြုတော့ကြောင်း ၊ အချို့စစ်ဘေးရှောင်များသည် လွိုင်ကော်မြို့အတွင်း တိုက်ပွဲငြိမ်သက်နေသဖြင့် နေရပ်ပြန်သူများရှိကာ စစ်ကောင်စီက စစ်ဆေးမှုပိုတင်းကြပ်လာကြောင်း မြို့ခံအမျိုးသမီး...
ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့ PNO
သျှမ်းပြည် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံးနဲ့ ပင်လောင်းမြို့နယ် အတွင်းမှာ သွားလာလှုပ်ရှားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA တို့အကြား ဇန်နဝါရီ တတိယပတ်မှ စတင်ပြီး ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီးတဲ့နောက် PNO က ပြည်သူများထံ...
PNO မှ စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် ပြည်သူများထံ အခွန်ကောက်ခံမှုများလာ
သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းပြည်သူ့စစ် PNO သည် စစ်အင်အားထောင်ချီ ရုပ်ထွက်ပြပြီးနောက် အခွန်ကောက်ခံမှုသည် ယခင်ကထက် ပိုများလာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ လက်ရှိ သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် နမ့်ခုတ်ကျေးရွာ၊စံကားဒေသတို့တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOက ပြီးခဲ့သည့် ဒီဇင်ဘာလ ဒုတိယပတ်မှစ၍ ကားရှိ...
PNO ဖမ်းဆီးသွားသည့် ဆီဆိုင်မြို့နယ် ကျေးရွာသူကြီး တစ် ဦး သတင်းအစအနမရသေး
သျှမ်းပြည် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာမှ ရွာသူကြီး တစ် ဦးကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ကဖမ်းဆီးသွားခဲ့ရာ ယနေ့အချိန်ထိ ပြန်လွှတ်လာပေးခြင်းမရှိဘဲ သတင်းအစအနမရသေးကြောင်း စုံစမ်းသိရသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီခန့်တွင် စစ်ကောင်စီလက်အောက်ခံ PNO သည် တွေပူးကျေးရွာ ရွာသူကြီး ဖြားဒုံးကျော်ကို ၎င်း၏နေအိမ်ပေါ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းပအိုဝ်းပြည်သူ့...
မူဆယ်တွင် တရုတ်ဘက်က စက်သုံးဆီကန့်သတ်ခြင်းကြောင့် ဆီပြတ်၊ ဆီဆိုင်အချို့ တန်းစီဝယ်ယူနေရ
SHAN -
မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် တရုတ်ဘက်မှ စက်သုံးဆီတင်သွင်းခွင့် ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်ကာ ဓာတ်ဆီဆိုင်အချို့တွင် ဆီဝယ်ရန် တန်းစီးနေရသည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၂ )ရက်နေ့မှ စတင်ပြီး တရုတ်အာဏာပိုင်များဘက်မှ စားနပ်ရိက္ခာနှင့် စက်သုံးဆီ တင်သွင်းခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် စက်သုံးဆီပြတ်လပ်နေကြောင်း ဒေသခံများကပြောသည်။ ယနေ့ (နိုဝင်ဘာလ ၈...
ဆီဆိုင် အသက်ကြီးသူများကို သန်းခေါင်စာရင်းကောက်ယူနေရာ လုံခြုံရေးယူခိုင်း
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ အသက်ကြီးပိုင်းများကို စစ်ကောင်စီက စစ်သင်တန်းပေးခဲ့ပြီး အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်း ကောက်ခံသည့်နေရာတွင် လုံခြုံရေးလိုက်ယူခိုင်းကြောင်း သတင်းရရှိသည်။ အဆိုပါ အသက်ကြီးသူများသည် အသက် ၄၅နှစ်မှ အသက် ၆၅နှစ်အထိဖြစ်ပြီး စစ်ကောင်စီသည် ထိုသူများကို တစ်ပတ်သာ သင်တန်းပေးခဲ့သည်။ သင်တန်းဆင်းပြီးသူများကို အုပ်ချုပ်ရေးမှူး သန်းခေါင်စာရင်ကောက်ရာတွင် လုံခြုံရေးယူပေးရသည့်အပြင် အုပ်ချုပ်ရေးမှူးရုံး နှင့်...
ဆီဆိုင်မြို့တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်
SHAN -
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ကုန်ပစ္စည်းများ သယ်ယူခွင့်ကို စစ်ကောင်စီပိတ်ပင်နေသည်ဟု စုံစမ်းသိရသည်။ ဆီဆိုင်မြို့တွင် စက်တင်ဘာလ ဒုတိယပတ်လောက်မှ စစ်ဆေးမှုတွေ တင်းကြပ်လာပြီး ကုန်ပစ္စည်းအများအပြား သယ်လာသည့် ကုန်ကားကြီးများကို ဖြတ်သန်းခွင့်မပြုကြောင်း မြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “ ဒုတိယပတ်လောက်မှ စစ်ဆေးတာပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တော့ ပေးဖြတ်တယ်။ ကုန်ကားကြီးတွေဆို မပေးဖြတ်ဘူး။ ပစ္စည်းအများကြီးတင်တဲ့ကားတွေဆိုလည်း...
PNO တွင် စစ်မှုထမ်းရန်အတွက် ဆယ်ရက်တစ်ကြိမ် တပ်သားသစ် စုဆောင်းနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မြောက်ဘက်ဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ဆယ်ရက် တစ်ကြိမ် တပ်သားသစ် (၅) ယောက်စီ စုဆောင်းနေကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် ( PNO)နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA) တို့ တိုက်ပွဲ...






