စစ်ကောင်စီ

စစ်ကောင်စီမှ ပရဟိတကားများကို ည ဂိတ်မဖြတ်ရန် တားမြစ်

သျှမ်းပြည်တောင်ပိုင်း အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ပရဟိတကားများကို ည ဝင်ထွက် သွားလာမှုမပြုရန် တားမြစ်သဖြင့် လူနာတင်ပို့ရန် အခက်အခဲများစွာရှိနေကြောင်း သတင်းသိရသည်။ လူမှုရေးပရဟိတလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသော သျှမ်းတောင်မှ ပရဟိတအသင်း တစ်သင်းသည် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ အရေးပေါ်လူနာပို့ဆောင်ရန်အတွက် ထွက်လာစဉ် အေးသာယာ ထုံးဖိုစစ်ဆေးရေးဂိတ်၌ တားမြစ်စစ်ဆေးခံရပြီး နောက်နောင်တွင်...

ရွာငံမြို့မှ အရပ်သားနေအိမ်ကို စစ်ကောင်စီ ဒုတိယအကြိမ် ဝင်ရောက် ရှာဖွေစစ်ဆေး

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့ ရွာမရပ်ကွက်တွင်ရှိသည့် အရပ်သား နေအိမ်တစ်အိမ်ကို စစ်ကောင်စီ တပ်သားများက လက်နက်အပြည့်အစုံဖြင့် လာရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီ ၅ ) မွန်းလွဲပိုင်း ၂ နာရီခွဲမှ ၂ နာရီ ၄၅ မိနစ်အထိ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် အင်အား ၂၀...

နမ့်ခမ်းမြို့အနီး TNLAနဲ့ စစ်ကောင်စီတိုက်ပွဲဖြစ်၊ စစ်ကောင်စီ (၄)ဦး သေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်က (၄) ဦး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ ဇန်နဝါရီ (၅) ရက်နေ့က နမ့်ခမ်းမြို့အနီး ကောင်းနောင်စန် နှင့် ဟိုနားကျေးရွာ အနီး တစ်ဝိုက် တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ (၄)ဦးကျဆုံးကာ...

နမ့်ခမ်းမြို့အနီး TNLA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ် တနှစ်သားကလေး အပါအဝင် အရပ်သား(၆)ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့အနီး စစ်ကောင်စီ နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး ၁ နှစ်အရွယ်ကလေး အပါအဝင် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၅)ရက် မနက် (၁၀)နာရီခွဲမှစပြီး လက်ရှိ သတင်းရေးသားချိန်ထိ နမ့်ခမ်းမြို့အနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ...

ဖယ်ခုံ ကြံ့ခိုင်ရေးရုံး ဗုံးပေါက် NLD လွှတ်တော်အမတ်နေအိမ်ကို စစ်ကောင်စီ လက်နက်ကြီးပစ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲပြီးနောက်ပိုင်း NLD လွှတ်တော်အမတ်နေအိမ်ကို လက်နက်ကြီး ပစ်ခတ်ခံရကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဒီဇင်ဘာ ၄) ည ၁၁ နာရီဝန်းကျင်က ဖယ်ခုံ ကြံ့ခိုင်ရေးရုံး အပါအဝင် (၃)နေရာမှာ ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် NLD ပြည်နယ်လွှတ်တော်အမတ် ဒေါ်မေရီနျို့ ၏...

သျှမ်းတောင် နမ့်စန်မှ စစ်ရဟတ်ယာဥ်များ သျှမ်းမြောက်ဘက်သို့ ဦးတည် ပျံသန်း

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်မှ လေယာဥ်များစွာသည် မြောက်အရပ်သို့ ဦးတည်ပြီး ပျံသန်းသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ နေ့လည် ၁၁ နာရီခွဲဝန်းကျင်ခန့်တွင် နမ့်စန်မြို့အခြေစိုက် စစ်ကောင်စီ လေတပ်စခန်းမှ အမျိုးအစားမတူသည့် လေယာဥ်များသည် သျှမ်းမြောက်ဘက်သို့...

နမ့်ခမ်းမြို့ပေါ် TNLA တပ်သားအများအပြားရောက်၊ ဒေသခံများ ကြောက်လန့်နေ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့ (ဇန်နဝါရီ ၅)ရက် မနက်ပိုင်း (၉)နာရီဝန်းကျင် တွင် TNLA တပ်သား ဝတ်စုံအပြည့် ဝတ်ဆင်ထားသည့် တပ်သားများရောက်လာသဖြင့် စျေးဆိုင်များ အလန့်တကြား ပိတ်သိမ်းရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဇန်နဝါရီ (၅) ရက်သည် နမ့်ခမ်းမြို့၏ (၅)ရက် တစ်စျေးနေ့ ဖြစ်ကာ...

စစ်ကောင်စီ ရမ်းသမ်းပစ်ခတ်မှုကြောင့် မိုးဗြဲမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ် ဟိုက်ကွီကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ကာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီ ၃ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တွင် နေထိုင်နေသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်းခဲ့ပြီး...

ပင်းတယမြို့နယ် ပရဟိတသမားအပါအဝင် ပြည်သူ ၆ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ထဲတွင် ပရဟိတသမား ၂ ဦး၊ အမျိုးသမီးတစ်ဦး အပါအဝင် ပြည်သူ ၆ ဦးကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂ ရက်နေ့ ည ၁၀ နာရီကျော်ဝန်းကျင်တွင် ပင်းတယမြို့နယ် ရွှေပုထိုးရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို အင်အား...

တော်လှန်သော လူငယ်များ

“ကျနော်က မိသားစုကို ဖီဆန်ပြီး ဒီလမ်းကို ရွေးခဲ့တာ၊ ဒီတော်လှန်ရေးအတွက်ကိုပဲ ဘဝကိုပုံအပ်လိုက်တာ၊ဘဝ တင်မကဘူး နောက်ထပ်အသစ်တွေကိုလည်း ရင်းလိုက်ရတယ်” လို့ ကိုသူရက ဆိုထားပါတယ်။ စစ်အာဏာမသိမ်းခင်က ကိုသူရ ဟာ တောင်ကြီးမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီရဲ့ ဗဟိုလူငယ်အဖွဲ့ဝင်တစ်ဦးပါ။ သူဟာ အနာဂတ်မှာ လွှတ်တော်အမတ်ဖြစ်ရန် ရည်ရွယ်ချက်ရှိသူဖြစ်ပြီး စစ်တပ် အာဏာသိမ်းလိုက်ချိန် မှာတော့ လွှတ်မြောက်နယ်မြေကို ထွက်ခွာလာပြီး လက်နက်ကိုင်တော်လှန်ရေးသမားဘဝသို့ ပြောင်းလဲခဲ့ရသူဖြစ်ပါတယ်။ “အခုတော့ လက်နက်ကိုင် တော်လှန်ရေးသမားပေါ့၊ လုပ်ချင်တဲ့အရာတွေ ဆုံးရှုံးသွားပေမယ့် လက်နက်ကိုင်တော်လှန်ရေးသမားတစ်ယောက် ဖြစ်လာတော့ ဘာပဲဖြစ်ဖြစ် မနိုင်သေးခင်မှာတောင် ကိုယ့်ကိုကိုယ် လိပ်ပြာလုံတယ်” လို့ ကိုသူရက ဆိုပါတယ်။ စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေကို ဦးဆောင်ခဲ့ပြီး နောက်ပိုင်းမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိရာနေရာကို ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒထုတ်ဖော်တဲ့ လူငယ်တွေကို ဖမ်းဆီးပြီးနောက်အလောင်းကိုပဲ ပြန်ပေးတာမျိုးရှိသလို ဖမ်းဆီးပြီးနောက် လနဲ့ချီ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြတဲ့ လူငယ်တွေ၊ အကြောင်းအမျိုးမျိုးနဲ့ စစ်ကောင်စီကဖမ်းဆီးပြီး သေဒဏ်ချမှတ်ခံလိုက်ရတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။ “စစ်ကောင်စီက သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေး လူငယ်တွေ အပါအဝင် အပစ်မဲ့ ပြည်သူကိုလည်းရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်နေတဲ့အနေအထားမှာ အဓိက က ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီအရေးတွေ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပေါ့၊ တစ်နေ့ကျရင် သူတို့(စကစ)ကို လက်တုန့်ပြန်နိုင်မယ်လို့ မျှော်လင့်တယ်” လို့ ၎င်းက ပြောပါတယ်။ ဒီဇင်ဘာ ၂၁ရက်  နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း  (AAPP) ရဲ့ ထုတ်ပြန်ချက်အရ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း (၁၃၅၁) ဦး၊ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၈၁၅၃) ဦးရှိပြီး ၎င်းတို့အနက်မှ  (၄၀၁) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။ ထိုထဲမှ သျှမ်းပြည်မှ သေဆုံးသွားတဲ့ သူရဲကောင်းများမှ စက်တင်ဘာ ၁၁ရက် ထိ စာရင်းအရ ၄၄ဦးရှိပြီး၊ဖမ်းဆီးခံရသူ ၃၆၈ဦးရှိကာ အများစုမှာ လူငယ်များဖြစ်ကြောင်း သျှမ်းအမျိုးသမီး ဆက်သွယ်လှုပ်ရှားရေးအသက်း (SWAN) က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အသက် ၂၅ နှစ်အရွယ် နန်းနှင်းငယ်လည်း ပါပါတယ်။ စစ်အာဏာရှင်ကို တော်လှန်မှုကြောင့် ၅၀၅ နဲ့ ဖမ်းဝရမ် ထုတ်ခံရပြီး လက်ရှိမှာ အိမ်ကို စွန့်ခွာပြီး တိမ်းရှောင်နေရကြောင်း၊ စစ်အာဏာသိမ်း ၁၀ လကျော်ကာလအတွင်းမှာ အနာဂတ်ပျောက်နေမှုကို ခံစားနေရကြောင်းလည်းနန်းနှင်းငယ်က ဆိုပါတယ်။ သူမဟာ လူ့အခွင့်အရေး ၊ အမျိုးသမီးအရေး ကိစ္စတွေမှာ တက်တက်ကြွကြွဆောင်ရွက်နေသူတစ်ဦးဖြစ်ပြီး၊လူ့အခွင့်အရေး ပညာပေးမှုလုပ်ငန်း လုပ်ဆောင်မှုကို ကြိုက်နှစ်သက်သူ တစ်ဦးဖြစ်ပါတယ်။ “ သျှမ်းပြည်ရဲ့ ကျေးလက်ဒေသတွေမှာ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးတွေ သိပ်မသိကြဘူး။ ကျမကပညာပေးမှုတွေကို ပြုလုပ်တယ်။ ဒီစစ်အာဏာရှင်ကိုယ်တိုင်က လူ့အခွင့်အရေးတွေ ချိုးဖောက်သူ၊ လူ့အခွင့်အရေး သမားတွေဖမ်းဆီးနေတာလေ။ ကျမလည်း ဖမ်းဝရမ်းထုတ်ခံရတယ်” လို့ နန်းနှင်းငယ် က ပြောပါတယ်။ လက်ရှိမှာတော့ သူမဟာ လွှတ်မြောက်နယ်မြေကို ရောက်ရှိနေပေမယ့် သူမရဲ့စိတ်ကတော့ နေအိမ်မှာ ကျန်ရှိခဲ့တဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေ အတွက် စိုးရိမ်နေရကြောင်း၊ လက်တလောမှာတော့ စစ်အာဏာရှင်ကိုတော်လှန်ဖို့ လုပ်ဆောင်နေကြောင်းလည်း နန်းနှင်းငယ် က လက်ရှိ ကြုံနေရတာတွေကို ပြောပါတယ်။ “တကယ်လို့ အာဏာသိမ်းမှု မရှိခဲ့ရင် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဖြစ်နေလောက်ပြီ၊အခုတော့ အိမ်ရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့ ကြိုးစားရအုံးမယ်လေ” လို့ ခံပြင်းသံဖြင့် အသံနဲ့ နန်းနှင်းငယ်ကပြောပြပါတယ်။ အာဏာသိမ်းစစ်ကောင်စီတွေကြောင့် လူငယ်တွေများစွာ မတရားဖမ်းဆီးခံရခြင်း၊ ပစ်သတ်ခံရတဲ့အပြင်လူငယ်တချို့က အနာဂတ်များ ဝေဝါးနေရဆဲဖြစ်ကြောင်း သျှမ်းပြည်ပညာရေးကဏ္ဍမှာ အစဥ်အမြဲလုပ်ဆောင် နေတဲ့ စိုင်းအိုက်ခေး ကလည်း ဆိုပါတယ်။ “ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေက ဘာမှဆက်လုပ်ကိုင်လို့ အဆင်မပြေဘူး၊ တစ်ဖက်ကလည်းကိုယ်က ဒီတော်လှန်ရေးကိုပဲ စိတ်က ရောက်နေတော့ ကျန်တဲ့ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်ဘူး” လို့ စိုင်းအိုက်ခေးက သူ့ရဲ့ ဘဝဖြစ်စဥ်ကို ပြောပြပါတယ်။   ဒီကာလဟာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တရားမျှတရေးအဖွဲ့နဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာလုပ်ကိုင်တဲ့ သူတွေအနေနဲ့ အရင် နေဝင်းခေတ် သို့မဟုတ် အမှောင်ခတ် ကလို ပြန်ရောက်သွားပြီ။ပုန်းလျှိုးကွယ်လျှိုး သို့မဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုနဲ့ ဆက်လုပ်ရတဲ့ အခြေအနေကို ရောက်နေတယ်လို့ သူက ပြောပါတယ်။ “အခုကပြောရမယ်ဆိုရင် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ လမ်းတွေပျောက်နေတယ်၊ ခေတ်လည်း မကောင်းတော့ဘူး၊ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှု ကြီးစိုးတဲ့ခေတ်က အမှောင်ခတ်ပေါ့” လို့စိုင်းအိုက်ခေးက ဆိုထားပါတယ်။ ဒါ့အပြင် ကုန်စေ◌ျးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့အတွက် အသက်ရှင်ဖို့ကိုပင် ရုန်းကန်နေရတယ်လို့ဆိုပါတယ်။ “ကုန်ဈေးတွေကလည်းတက်လာတဲ့အချိန် အရာရာကိုချွေတာပြီး သုံးစွဲနေရတယ်၊ အမျိုးသားရေး အတွက်လူမှုရေးအတွက် ရည်ရွယ်ထားတဲ့ ပန်းတိုင်ထက် အသက်ရှင်ဖို့ ရုန်းကန်နေရတယ် ” လို့ စိုင်းအိုက်ခေး ကညီးထွားပြီး ပြောလာပါတယ်။ အာဏာသိမ်းခံရပြီးနောက် သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းလုံးက လူငယ်တွေဟာ ဝေဝါးတဲ့အနာဂတ်နဲ့ ရင်ဆိုင်နေရပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတွေကို တွန်းလှန်ဖို့ သူတို့ အိပ်မက်ပန်းတိုင်ကို စွန့်လွတ်ပြီး တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာခဲ့ကြပါတယ်။ လက်ရှိတိုင်းပြည်ရဲ့ အခြေအနေအရ လူငယ်လူရွယ်များစွာဟာ အရောင်မတူ ယုံကြည်ချက်ခြင်း မတူညီကြပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး မိမိလူမျိုး မိမိတိုင်းပြည်ကို နိုင်ငံတကာနည်းတူ ဖွံ့ဖြိုးတိုးတက်ချင်တဲ့ဆန္ဒတွေက တူညီနေတာကို တွေ့မြင်ရပါတယ်။

Latest news