ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ သေဆုံးသွားပြီး ယာဥ်နောက်လိုက်တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“ကားမောင်းသူကလည်း ဝက်ဖြူကျေးရွာကပါပဲ၊ ယာဥ်နောက်လိုက်ကတော့ ကားပေါ်ကနေ ခုန်ဆင်းပြီး အမှောင်ထဲပြေးသွားလို့ လွတ်လာတယ်၊ ကျည်ရှပ်ထိရာ နှစ်ချက်ရှိတယ် ပုခုံးနားမှာ၊ ကားမောင်းသူကတော့ သေဆုံးသွားတယ်” ဟု ဖြစ်စဥ်များကို သိရှိရသည့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ပစ်သတ်ပြီး သေဆုံးသွားသည့် ကားသမားသည် ကလောမြို့နယ် ဝက်ဖြူကျေးရွာနေ ကိုရွှေထူး အသက် ၄၈ နှစ်ဖြစ်ပြီး ရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်မပေးဘဲ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းအချိန် ကလောမြို့ မြို့မသုဿန်တွင် မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

“အလောင်းကို ပြန်မပေးဘူး၊ မိသားစုဝင်တွေသွားတောင်းတဲ့အချိန်မှာ အထက်အမိန့်ကို စောင့်ရအုံးမယ်ဆိုပြီး ပြောလွှတ်လိုက်တယ်၊ ညနေရောက်တော့ ရုပ်အလောင်းကို ကလောသုဿန်မှာ သူတို့ (စကစ)က မီးသင်္ဂြိုဟ်လိုက်ပြီ ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတို့၏ မတရားသတ်ဖြတ်မှုများ တစ်နေ့တစ်ခြားများပြားလာပြီး သျှမ်းပြည်တောင်ပိုင်းအတွင်းတွင် စစ်ကောင်စီမှ ပစ်သတ်ပြီး အလောင်းပြန်မရသည့် ကားသမား နှစ်ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း မူလတန်းကျောင်းတခုတွင် ရဲအရာရှိမှ သေနတ်ဖြင့်ဝင်ပစ်၊ အမျိုးသမီးတဉီးသေဆုံး

0
ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် စည်ပင်သာရေးဌာန၏ ကလေးထိန်းကျောင်းတခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးတဉီးသေဆုံးကြောင်း သတင်းရရှိသည်။ ယနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်အတွင်းရှိ၊ နောင်ပလာလိုင် (Nong Pla Lai) ကလေးထိန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဉီး သေဆုံးခဲ့ပြီး...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...