Tuesday, January 27, 2026

ကလောမြို့နယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ အလောင်းပြန်မပေး

သျှမ်းပြည်တောင်ပိုင်း ကလောမြို့နယ် ရေယားစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်း အမျိုးသားတစ်ဦးကို စစ်ကောင်စီ က ပစ်သတ်ပြီး အလောင်းပြန်မပေးကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့ ညသန်းခေါင် ၁ နာရီကျော်အချိန် ကလောမြို့ ရေယားစစ်ဆေးရေးဂိတ်အနီးတွင် ကားတစ်စီးကို စစ်ဆေးမှုမပြီးခင် မောင်းထွက်သွားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ပစ်လိုက်ရာ ကားမောင်းသူ သေဆုံးသွားပြီး ယာဥ်နောက်လိုက်တစ်ဦးက ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

“ကားမောင်းသူကလည်း ဝက်ဖြူကျေးရွာကပါပဲ၊ ယာဥ်နောက်လိုက်ကတော့ ကားပေါ်ကနေ ခုန်ဆင်းပြီး အမှောင်ထဲပြေးသွားလို့ လွတ်လာတယ်၊ ကျည်ရှပ်ထိရာ နှစ်ချက်ရှိတယ် ပုခုံးနားမှာ၊ ကားမောင်းသူကတော့ သေဆုံးသွားတယ်” ဟု ဖြစ်စဥ်များကို သိရှိရသည့် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီတို့ ပစ်သတ်ပြီး သေဆုံးသွားသည့် ကားသမားသည် ကလောမြို့နယ် ဝက်ဖြူကျေးရွာနေ ကိုရွှေထူး အသက် ၄၈ နှစ်ဖြစ်ပြီး ရုပ်အလောင်းကိုလည်း မိသားစုထံ ပြန်မပေးဘဲ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းအချိန် ကလောမြို့ မြို့မသုဿန်တွင် မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

“အလောင်းကို ပြန်မပေးဘူး၊ မိသားစုဝင်တွေသွားတောင်းတဲ့အချိန်မှာ အထက်အမိန့်ကို စောင့်ရအုံးမယ်ဆိုပြီး ပြောလွှတ်လိုက်တယ်၊ ညနေရောက်တော့ ရုပ်အလောင်းကို ကလောသုဿန်မှာ သူတို့ (စကစ)က မီးသင်္ဂြိုဟ်လိုက်ပြီ ဆိုပြီး ဖုန်းဆက်အကြောင်းကြားလာတာ” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် စစ်ကောင်စီတပ်သားတို့၏ မတရားသတ်ဖြတ်မှုများ တစ်နေ့တစ်ခြားများပြားလာပြီး သျှမ်းပြည်တောင်ပိုင်းအတွင်းတွင် စစ်ကောင်စီမှ ပစ်သတ်ပြီး အလောင်းပြန်မရသည့် ကားသမား နှစ်ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ကလောမြို့နယ် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ဟု ဓနုပါတီ ဥက္ကဌဆို

0
သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် စစ်တပ် ကြိုတင်မဲကြောင့် ရှုံးနိမ့်ခဲ့ရသည်ဟု ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (DNDP) ဥက္ကဌ ဦးမင်းလွင်ဦး က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ယနေ့ (ဇန်နဝါရီလ ၁၂) ရက်တွင် ရေးသားထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၁ ရက်)...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...