ကျိုင်းတုံမြို့နယ် လွိုင်မွေ ချယ်ရီပွဲတော်ကြောင့် ကိုဗစ်လူနာ ထပ်တိုးလာမည်ကို ဒေသခံများစိုးရိမ်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ပြုလုပ်မည့် လွိုင်မွေ ချယ်ရီပွဲတော်ကြောင့် ကိုဗစ် – ၁၉ ပိုးတွေ့လူနာ ထပ်တိုးလာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း စုံစမ်းသိရှိရသည်။

ကျိုင်းတုံမြို့ လွိုင်မွေ ချယ်ရီပွဲတော်ကို ယနေ့ ဇန်နဝါရီ (၆) ရက်နေ့မှ (၁၀) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပွဲတော်လာမည့်သူများပြားပါက ကိုဗစ် ၁၉ ထပ်တိုးလာနိုင်ကြောင်း၊ လက်ရှိမှာလည်း ကျိုင်းတုံမြို့တွင် ကိုဗစ် ၁၉ ပိုးတွေ့လူနာများရှိနေသေးကြောင်း ကျိုင်းတုံမှ သံဃာတော်တစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

“ကျိုင်းတုံမှာကတော့ ပိုးတွေ့လူနာတွေ ရှိနေသေးတယ်။ ပွဲလုပ်တာက အဓိကတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြို့ထဲမှာလည်း ပိုးတွေ့လူနာတွေက ရှိနေသေးတော့ ပွဲလုပ်လိုက်ရင် ပိုးတွေ့လူနာတွေ အရင်ကထပ် များလာမှာကိုတော့ စိုးရိမ်တာပေါ့” ဟု ကျိုင်းတုံမြို့မှ သံဃာတော်တစ်ပါးက မိန့်သည်။

ထိုလွိုင်မွေတောင်ကို ဒီဇင်ဘာလကုန်ကစပြီး တခြားမြို့နယ် ဒေသခံအများအပြားက သွားရောက်လည်ပတ် လျက်ရှိကြောင်း သိရသည်။

ထိုသို့ လွိုင်မွေတောင်ကို လာလည်သူများအနေဖြင့် Mask (နှာခေါင်းစည်)ကို အမြဲတပ်ဆင်ထားရန်၊ လက်ကို မကြာခဏဆေးရန်၊ ကျန်းမာရေးအရ ဆောက်ရွက်ပေးကြရန်လည်း ကျိုင်းတုံ ဒေသခံများက တောင်းဆိုလိုက်သည်။

“ပွဲမလုပ်လည်း သူများကတော့ ဒီဇင်ဘာ လကုန် ကတည်းက လာလည်ကြတယ်။ သူက ချယ်ရီတွေပွင့်ပြီးလှတော့ လာလည်တဲ့သူတွေ များတယ်။ လာလည်တယ်ဆိုပေမဲ့ တချို့က (Mask) မတပ်ကြဘူးလေ။ ဒါကြောင့် ကျနော်တို့ကတော့ လာတဲ့သူတိုင်းကို mask တပ်စေချင်တယ်။ ရောဂါ မပြန့်ပွားအောင် ထိန်းချုပ်စေချင်တယ်” ဟု ကျိုင်းတုံမြို့‌ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လွိုင်မွေတောင် ချယ်ရီပွဲတော်ကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်းကြီးဌာနက ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

လွိုင်မွေတောင်သည် ဆောင်းရာသီကာလ၌ ချယ်ရီပန်းများပွင့်ဖူးကာ လှပနေပြီး ပြည်သူအများစု သွားရောက်လည်ပတ်လေ့ရှိသည့် နေရာဒေသတစ်ခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...